ယာကုပ် 4:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ကောင်းမှုကို လုပ်ဆောင်သင့်ကြောင်း သိလျက်နှင့် မလုပ်ဆောင်ဘဲ နေလျှင် အပြစ်ရှိ၏။ Common Language Bible သို့ဖြစ်၍ကောင်းသောအကျင့်ကိုသိလျက်နှင့် မပြုမကျင့်ဘဲနေသောသူသည်အပြစ်ရှိ၏။ Garrad Bible အ ကောင်း ကို သိ လျက် မ ပြု ဘဲ နေ သူ၌ အ ပြစ် သင့်၏။ Judson Bible ထိုကြောင့်၊ ကောင်းသောအကျင့်ကို သိလျက် မကျင့်ဘဲနေသောသူသည် အပြစ်ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ မည်သူမဆို ကောင်းသောအမှုကိုလုပ်ဆောင်ရန် သိလျက်နှင့်မလုပ်ဘဲနေလျှင် သူ့အတွက်အပြစ်ဖြစ်၏။ |
ငါသည် လာ၍ ထိုသူတို့ကို မဟောပြောခဲ့လျှင် သူတို့၌ အပြစ်ရှိမည်မဟုတ်။ ယခုမှာမူ သူတို့သည် သူတို့၏အပြစ်များအတွက် ဆင်ခြေမပေးနိုင်တော့ပေ။
ယေရှုက သူတို့အား “သင်တို့သည် မျက်မမြင်ဖြစ်ပါက အပြစ်မရှိ။ သို့သော် သင်တို့က ‘ငါတို့သည် မျက်စိမြင်သည်’ ဟု ဆိုသောကြောင့် သင်တို့တွင် အပြစ်ရှိနေသေးသည်” ဟု မိန့်တော်မူ၏။
ထိုသို့ပြုကျင့်သောသူတို့သည် သေဒဏ်ခံထိုက်သည်ဟု ဘုရားသခင်သတ်မှတ်ပြဋ္ဌာန်းထားကြောင်းကို သိလျက်နှင့်ပင် မိမိတို့ကိုယ်တိုင်ပြုကျင့်သည်သာမက ထိုသို့ပြုကျင့်သောအခြားသူတို့ကိုလည်း အားပေးအားမြှောက်ပြုကြသေး၏။
သို့ဖြစ်လျှင် ထိုကောင်းမြတ်သောအရာသည် ကျွန်ုပ်ကို သေစေသလော။ မသေစေပါ။ ကျွန်ုပ်ကို သေစေသောအရာမှာ အပြစ်တရားပင် ဖြစ်၏။ အပြစ်တရားသည် ၎င်း၏ သဘောသဘာဝကို ဖော်ပြရန် ကောင်းမြတ်သောအရာကို အသုံးပြုခဲ့၏။ ထို့ကြောင့် အပြစ်တရားသည် မည်မျှဆိုးရွားသည်ကို ပညတ်တော်အားဖြင့် ကျွန်ုပ်တို့ သိနိုင်၏။
ဖြောင့်မတ်ခြင်းတရား လမ်းကို သိပြီးနောက် မိမိတို့အား ပေးအပ်ထားသည့် သန့်ရှင်းသောပညတ်တော်ကို စွန့်ပစ်သည်ထက် ထိုတရားလမ်းကို မသိခဲ့ခြင်းက သူတို့အတွက် ပို၍ကောင်း၏။