ငါ့ခမည်းတော်သည် အရာအားလုံးကို ငါ့အား ပေးအပ်တော်မူပြီ။ သားတော်ကို ခမည်းတော်မှလွဲ၍ မည်သူမျှမသိ။ ခမည်းတော်ကိုလည်း သားတော်နှင့် သားတော်ဖော်ပြရန် ရွေးချယ်တော်မူသောသူတို့မှလွဲ၍ မည်သူမျှမသိ။
ယာကုပ် 3:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်္ဘောများကိုလည်း ကြည့်လော့။ ၎င်းတို့သည် ကြီးမား၍ ပြင်းထန်သောလေဟုန်နှင့် လွင့်ပါတတ်သော်လည်း သေးငယ်သောတက်မအားဖြင့် တက်မကိုင် အလိုရှိရာသို့ လှည့်နိုင်၏။ Common Language Bible အလွန်ကြီးသောသင်္ဘောများကိုလေပြင်း တိုက်ခတ်နေချိန်၌ပင်လျှင် တက်မငယ်အား ဖြင့်ထိန်းချုပ်ကာတက်မကိုင်အလိုရှိရာ ဘက်သို့လှည့်စေနိုင်၏။- Garrad Bible သင်္ဘော များ လည်း အ လွန် ကြီး မား၍ လေ ပြင်း တိုက် ရာ ခံ ရ သော် လည်း အ လွန် ငယ် သော တက် မ ဖြင့် တက် မ ကိုင် အ လို ရှိ ရာ လှည့် စေ နိုင် သည် တ ကား။ Judson Bible ထိုမှတစ်ပါး၊ အလွန်ကြီးသောသင်္ဘောသည် ပြင်းစွာသောလေဟုန်နှင့် လွင့်သွားသော်လည်း၊ တက်မကိုင် အလိုရှိသည်အတိုင်း၊ ငယ်သောတက်မဖြင့် လှည့်တတ်၏။- မြန်မာ့စံမီသမ္မာကျမ်း သင်္ဘောကိုလည်းကြည့်လော့။ ထိုမျှလောက်ကြီးမား၍ လေပြင်းတိုက်ရာသို့လွင့်ပါတတ်သော်လည်း သေးငယ်သောတက်မအားဖြင့် တက်မကိုင်အလိုရှိရာဘက်သို့ လှည့်စေနိုင်၏။ |
ငါ့ခမည်းတော်သည် အရာအားလုံးကို ငါ့အား ပေးအပ်တော်မူပြီ။ သားတော်ကို ခမည်းတော်မှလွဲ၍ မည်သူမျှမသိ။ ခမည်းတော်ကိုလည်း သားတော်နှင့် သားတော်ဖော်ပြရန် ရွေးချယ်တော်မူသောသူတို့မှလွဲ၍ မည်သူမျှမသိ။
ရုတ်တရက် အိုင်ထဲတွင် လေပြင်းမုန်တိုင်းကျလာသဖြင့် လှေသည် လှိုင်းတံပိုးများအောက်တွင် နစ်လုမတတ်ရှိ၏။ သို့သော် ထိုအချိန်တွင် ယေရှုသည် အိပ်စက်နေတော်မူ၏။
သို့သော်လည်း တပ်မှူးသည် ပေါလုစကားထက် ရေယာဉ်မှူးနှင့် သင်္ဘောပိုင်ရှင်တို့၏စကားကိုသာ ယုံကြည်၏။
ဥပမာအားဖြင့် မြင်းကို ဇက်ခွံ့သောအခါ ထိုမြင်းတစ်ကိုယ်လုံးကို ထိန်းချုပ်နိုင်၍ ကျွန်ုပ်တို့အား နာခံစေနိုင်၏။
ထိုနည်းတူ လျှာသည် သေးငယ်သည့်အင်္ဂါအစိတ်အပိုင်းဖြစ်သော်လည်း ကြီးကျယ်သောအကြောင်းအရာများကို ကြွားဝါတတ်၏။ အလွန်ကြီးမားသောတောအုပ်ကို အလွန်သေးငယ်သော မီးပွားလေးက လောင်စေနိုင်သည်ကို ဆင်ခြင်လော့။