သူတို့သည် လူ့စည်းမျဉ်းတို့ကို ဘုရားသခင်ထံမှလာသော သွန်သင်ချက်များအဖြစ် သွန်သင်ကြ၏။ သို့ဖြစ်၍ ငါ့ကို သူတို့ကိုးကွယ်ကြသည်မှာ အချည်းနှီးဖြစ်၏’ ဟူ၍ ကြိုတင်ဟောသည်မှာ မှန်လှ၏” ဟု မိန့်တော်မူ၏။
ယာကုပ် 1:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်စုံတစ်ယောက်သည် မိမိကိုယ်ကိုယ် ဘာသာတရားကိုင်းရှိုင်းသူဟု ထင်မြင်သော်လည်း မိမိလျှာကို မချုပ်တည်းလျှင် မိမိကိုယ်မိမိ လှည့်ဖြားသူဖြစ်၏။ သူ၏ ဘာသာတရားကိုင်းရှိုင်းခြင်းသည် အချည်းနှီးဖြစ်၏။ Common Language Bible လူတစ်စုံတစ်ယောက်သည်မိမိကိုယ်ကို ဘုရားတရားကြည်ညိုသူဟူ၍ယူဆ သော်လည်း မိမိ၏လျှာကိုမထိန်းနိုင်လျှင် ကိုယ့်ကိုယ်ကိုလှည့်စားသူဖြစ်၏။ သူ၏ဘုရား တရားကြည်ညိုမှုသည်လည်းအချည်းနှီး ပင်ဖြစ်၏။- Garrad Bible မည် သူ မ ဆို ကိုယ့် လျှာ ကို မ ချုပ် တည်း ဘဲ စိတ် နှ လုံး ကို လှည့် စား ရာ ဘု ရား တ ရား ဝတ် ပြု သူ ဟု ထင် မှတ် လျှင် ထို သူ ၏ ဝတ် သည် အ ချည်း အ နှီး ဖြစ် ၏။ Judson Bible သင်တို့တွင် အကြင်သူသည် သီလဆောက်တည် ဟန်ပြုသော်လည်း၊ မိမိနှုတ်ကို မချုပ်တည်း၊ မိမိနှလုံးကို လှည့်ဖြား၏။ ထိုသူ၏ သီလသည် အချည်းနှီးသက်သက် ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ယောက်သည် မိမိကိုယ်ကို ဘာသာတရားကိုင်းရှိုင်းသူဖြစ်သည်ဟု ထင်မှတ်သော်လည်း မိမိလျှာကိုမချုပ်တည်းဘဲ မိမိစိတ်နှလုံးကိုလှည့်ဖြားလျှင် ထိုသူ၏ဘာသာတရားကိုင်းရှိုင်းမှုသည် အချည်းနှီးဖြစ်၏။ |
သူတို့သည် လူ့စည်းမျဉ်းတို့ကို ဘုရားသခင်ထံမှလာသော သွန်သင်ချက်များအဖြစ် သွန်သင်ကြ၏။ သို့ဖြစ်၍ ငါ့ကို သူတို့ကိုးကွယ်ကြသည်မှာ အချည်းနှီးဖြစ်၏’ ဟူ၍ ကြိုတင်ဟောသည်မှာ မှန်လှ၏” ဟု မိန့်တော်မူ၏။
သူတို့သည် လူ့စည်းမျဉ်းတို့ကို ဘုရားသခင်ထံမှလာသော သွန်သင်ချက်များအဖြစ် သွန်သင်ကြ၏။ သို့ဖြစ်၍ ငါ့ကို သူတို့ကိုးကွယ်ကြသည်မှာ အချည်းနှီးဖြစ်၏’ ဟူ၍ ကျမ်းစာ၌ ရေးသားထားသည့်အတိုင်း
ထို့နောက် သင်တို့သည် မည်သို့ကြားနာသည်ကို သတိပြုကြလော့။ ရှိသောသူတို့အား များစွာထပ်၍ ပေးတော်မူလိမ့်မည်။ မရှိသောသူတို့ထံမှမူ သူတို့၌ ရှိသည်ဟု ထင်ရသောအရာကိုပင် သိမ်းယူတော်မူလိမ့်မည်” ဟု မိန့်တော်မူ၏။
အကယ်၍ သေလွန်သောသူတို့ မထမြောက်ဟူသော အရာသည် မှန်ခဲ့လျှင် ဘုရားသခင်သည် ခရစ်တော်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူခဲ့မည်မဟုတ်ပေ။ သို့ဖြစ်လျှင် ကျွန်ုပ်တို့က “ဘုရားသခင်သည် ခရစ်တော်ကို ရှင်ပြန်ထမြောက်စေတော်မူပြီ” ဟု ပြောဆိုသောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်အကြောင်းကို လိမ်လည်ပြောဆိုသူများဖြစ်သွားလိမ့်မည်။
ကျွန်ုပ်ဟောပြောခဲ့သော ထိုသတင်းကောင်းတရားကို သင်တို့ဆက်လက်၍ စွဲမြဲစွာ ယုံကြည်လျှင် ထိုသတင်းကောင်းအားဖြင့် သင်တို့သည် ကယ်တင်ခံကြရ၏။ ထိုသို့ မယုံကြည်လျှင် သင်တို့ ယုံကြည်ခဲ့သည်မှာ အချည်းနှီးဖြစ်၏။
မိမိကိုယ်မိမိ မလှည့်ဖြားကြနှင့်။ သင်တို့ထဲမှ တစ်စုံတစ်ယောက်က လောကီစံနှုန်းများအရ မိမိကိုယ်ကိုယ် ပညာရှိသည်ဟု ထင်မှတ်လျှင် ထိုသူသည် ပညာရှင် ဖြစ်လာရန်အတွက် မိုက်မဲသောသူဖြစ်သင့်၏။
ထိုခေါင်းဆောင်များသည် ယခင်က မည်ကဲ့သို့သောသူပင် ဖြစ်ခဲ့ပါစေ ကျွန်ုပ်အတွက် အရေးမကြီးပေ။ ဘုရားသခင်သည် မျက်နှာလိုက်တော်မမူတတ်။ ထိုသူတို့သည် ကျွန်ုပ်၏ ဟောပြောခြင်းအပေါ် မည်သည့်အရာမျှ မဖြည့်စွက်ခဲ့ကြပေ။
အသင်းတော်၏ မဏ္ဍိုင်များကဲ့သို့ ဖြစ်ကြသော ယာကုပ်၊ ပေတရုနှင့် ယောဟန်တို့က ကျွန်ုပ်အား ပေးထားသောကျေးဇူးတော်ကို သဘောပေါက်လျက် ကျွန်ုပ်တို့အားလုံးသည် လုပ်ဖော်ကိုင်ဖက်များဖြစ်ကြောင်းကို ပြသောအားဖြင့် ဗာနဗနှင့် ကျွန်ုပ်ကို လက်ဆွဲနှုတ်ဆက်ကြ၏။ ကျွန်ုပ်တို့သည် လူမျိုးခြားထံသို့ သွားရောက်ဟောပြောရန်နှင့် သူတို့သည် ဂျူးလူမျိုးထံသို့ သွားရောက်ဟောပြောရန် သဘောတူကြ၏။
သင်တို့သည် ဤမျှလောက်များသော ဒုက္ခဆင်းရဲတို့ကို အချည်းနှီးခံစားခဲ့ရပြီလော။ ထိုအရာတို့သည် အချည်းနှီးဖြစ်ရမည်လော။
တစ်စုံတစ်ယောက်သည် အရေးပါသူမဟုတ်ပါလျက်နှင့် မိမိကိုယ်ကိုယ်အရေးပါသူဟု ထင်မှတ်လျှင် သူသည် မိမိကိုယ်ကိုယ် လှည့်စားသောသူ ဖြစ်၏။
သင်တို့၏ နှုတ်မှ ဆိုးညစ်သောစကား တစ်ခွန်းကိုမျှ မထွက်စေနှင့်။ နားထောင်သူတို့အတွက် အကျိုးရှိစေရန် အချိန်အခါကို ကြည့်၍ ကောင်းသောစကားကို အပြုသဘောနှင့် ပြောကြလော့။
မဖွယ်မရာစကား၊ အနှစ်သာရမရှိသောစကား၊ ညစ်ညမ်းသောပြက်လုံးတို့သည်လည်း မသင့်လျော်သဖြင့် မပြောဆိုကြနှင့်။ ဘုရားသခင်အား ကျေးဇူးတင်သောစကားများကိုသာ ပြောဆိုကြလော့။
လူတိုင်းကို မှန်ကန်သင့်လျော်စွာ တုံ့ပြန်ပြောဆိုနိုင်ရန် သင်တို့ပြောသောစကားသည် နားဝင်ချိုပြီး နှစ်လိုဖွယ်ဖြစ်ပါစေ။
ချစ်သော ညီအစ်ကိုမောင်နှမတို့… ဤအချက်ကို မှတ်သားကြလော့။ လူတိုင်းသည် ကြားနာရာတွင် လျင်မြန်၍ ပြောဆိုရာနှင့် ဒေါသထွက်ရာတွင် နှေးကွေးသင့်၏။
ထိုတရားတော်ကို လိုက်နာကျင့်သုံးသောသူဖြစ်ကြလော့။ မိမိကိုယ်ကိုယ် လှည့်စား၍ ကြားနာရုံမျှသာ ကြားနားသောသူ မဖြစ်စေကြနှင့်။
အို လူမိုက်… လုပ်ဆောင်ခြင်းမရှိသော ယုံကြည်ခြင်းသည် အသုံးမဝင်ကြောင်း အထောက်အထား လိုအပ်သလော။
ကျမ်းစာ၌ “အသက်ရှင်ရသည်ကို နှစ်သက်၍ နေ့ရက်တို့ကို ပျော်ရွှင်စွာ ဖြတ်သန်းလိုသောသူသည် မိမိလျှာကို မကောင်းသောစကားနှင့် ကင်းစေရမည်။ မိမိနှုတ်ကိုလည်း မုသားစကား ပြောမထွက်စေရ။