ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ မြေရှင်တစ်ဦးသည် မိမိ၏စပျစ်ခြံအတွက် လုပ်သားများငှားရန် နံနက်စောစော ထွက်သွား၏။
မဿဲ 9:37 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ တပည့်တော်တို့အား “ရိတ်သိမ်းရန် စပါးများစွာ ရှိသော်လည်း ရိတ်သိမ်းသူတို့သည် နည်းလှ၏။ Common Language Bible ထို့ကြောင့်ကိုယ်တော်က ``ရိတ်သိမ်းရန်စပါးများ သော်လည်း ရိတ်သိမ်းသောလုပ်သားတို့ကားနည်း လှ၏။- Garrad Bible ကိုယ် တော် က ရိတ် သိမ်း ရန် စ ပါး သည် များ လှ၏။ Judson Bible ထိုအခါ ကိုယ်တော်က၊ စပါးရိတ်စရာ များစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ကိုယ်တော်က“ရိတ်သိမ်းစရာများစွာရှိသော်လည်း လုပ်သားတို့သည်နည်းလှ၏။ မြန်မာ ထိုအခါ ကိုယ်တော်က၊ စပါးရိတ်စရာ များစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။- |
ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ မြေရှင်တစ်ဦးသည် မိမိ၏စပျစ်ခြံအတွက် လုပ်သားများငှားရန် နံနက်စောစော ထွက်သွား၏။
ထို့ကြောင့် သင်တို့သွား၍ လူမျိုးအပေါင်းတို့ကို ငါ့တပည့် ဖြစ်စေကြလော့။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့၏အမည်နာမ၌ သူတို့ကို နှစ်ခြင်းမင်္ဂလာပေးကြလော့။
ထို့ကြောင့် ရိတ်သိမ်းသူများကို လယ်သို့ စေလွှတ်ပေးရန် လယ်ရှင်ထံ တောင်းလျှောက်ကြလော့” ဟု မိန့်တော်မူ၏။
ထို့နောက် ယေရှုက “ကမ္ဘာအရပ်ရပ်သို့ သင်တို့သွား၍ လူအပေါင်းတို့ကို သတင်းကောင်း ဟောပြောကြလော့။
ထိုသူတို့အား ညွှန်ကြားတော်မူသည်မှာ “ရိတ်သိမ်းရန် စပါးများစွာ ရှိသော်လည်း ရိတ်သိမ်းသူတို့သည် နည်းလှ၏။ ထို့ကြောင့် ရိတ်သိမ်းသူများကို လယ်သို့ စေလွှတ်ပေးရန် လယ်ရှင်ထံ တောင်းလျှောက်ကြလော့။
ခရစ်တော်၏အမည်နာမအားဖြင့် အပြစ်လွတ်ခြင်းတရားနှင့် နောင်တတရားအကြောင်းတို့ကို ဂျေရုဆလင်မြို့မှစ၍ လူမျိုးတကာတို့အား ဟောပြောရမည်။
ပေါလုသည် ညအခါ ရူပါရုံတစ်ခုကိုမြင်ရ၏။ ထိုရူပါရုံ၌ မာကေဒေါနိပြည်သားတစ်ဦးသည် ရပ်လျက် “မာကေဒေါနိပြည်သို့လာ၍ ကျွန်ုပ်တို့ကို ကူညီပါ” ဟု တောင်းပန်ပြောဆိုနေ၏။
ငါသည် သင်နှင့်အတူ ရှိ၏။ မည်သူမျှ သင့်ကို ထိခိုက်နာကျင်အောင် မတိုက်ခိုက်နိုင်ပါ။ ဤမြို့တွင် ငါ၏လူများစွာရှိသည်” ဟု မိန့်တော်မူ၏။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ အမှုတော်လုပ်ငန်းတွင် လုပ်ဖော်ကိုင်ဖက်များဖြစ်ကြ၏။ သင်တို့သည် ဘုရားသခင်၏ ဥယျာဉ်ဖြစ်ကြ၏။ ဘုရားသခင်၏ အဆောက်အအုံလည်း ဖြစ်ကြ၏။
ဘုရားသခင်၏ လုပ်ဖော်ကိုင်ဖက်များအနေဖြင့် သင်တို့အား ကျွန်ုပ်တို့တိုက်တွန်းနှိုးဆော်လိုသည်မှာ “သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရရှိသူများဖြစ်ကြသည်နှင့်အညီ ထိုကျေးဇူးတော်ကို အချည်းနှီးမဖြစ်စေကြနှင့်” ဟူ၍ဖြစ်၏။
ယုတ္တုခေါ် ယေရှုသည်လည်း သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ ဘုရားသခင်၏ နိုင်ငံတော်အတွက် ဆောင်ရွက်ကြသော ကျွန်ုပ်၏ လုပ်ဖော်ကိုင်ဖက်များအနက် ဤသူတို့သာလျှင် ဂျူးလူမျိုးများ ဖြစ်ပြီး ကျွန်ုပ်ကို အမှန်တကယ် အကူအညီပေးသောသူများ ဖြစ်ကြ၏။
အသင်းတော်ကို ကောင်းမွန်စွာ ဦးဆောင်စီမံသောသင်းအုပ်များ၊ အထူးသဖြင့် တရားဟောခြင်းနှင့် သွန်သင်ပေးခြင်းတို့ကို ကြိုးစား၍ ဆောင်ရွက်သော သင်းအုပ်များသည် နှစ်ဆသောထောက်ပံ့ခြင်းကို ရထိုက်၏။
နားထောင်ကြလော့။ သင်တို့လယ်၌ ကောက်ရိတ်သော လုပ်သားတို့ကို သင်တို့သည် လုပ်အားခ မပေးဘဲနေသောကြောင့် ထိုလုပ်အားခများသည် အော်ဟစ်ကြ၏။ ကောက်ရိတ်သောသူတို့၏ အော်ဟစ်သံကိုလည်း ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကြားတော်မူပြီ။