သင်တို့အား ငါအမှန်ဆို၏။ တရားစီရင်သောနေ့တွင် ထိုမြို့သည် ဆိုးသွမ်းသည့်သောဒုံမြို့နှင့် ဂေါမောရမြို့ထက် ပို၍အပြစ်ဒဏ်ခံရလိမ့်မည်။
မဿဲ 7:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တရားစီရင်သောနေ့တွင် ‘သခင်… သခင်… အကျွန်ုပ်တို့သည် သခင်၏အမည်နာမတော်အားဖြင့် ဟောပြောသွန်သင်ခဲ့ကြသည်မဟုတ်လော။ သခင်၏အမည်နာမတော်အားဖြင့် နတ်ဆိုးတို့ကို နှင်ထုတ်ခဲ့ကြသည်မဟုတ်လော။ သခင်၏အမည်နာမတော်အားဖြင့် အံ့ဖွယ်တန်ခိုးများစွာကို ပြခဲ့ကြသည်မဟုတ်လော’ ဟူ၍ လူတို့သည် ငါ့အား လျှောက်ကြလိမ့်မည်။ Common Language Bible တရားစီရင်ရာနေ့ရက်ရောက်သောအခါ `သခင်၊ သခင်၊ အကျွန်ုပ်တို့သည်ကိုယ်တော်၏နာမတော်ကိုအမှီပြု ၍ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဟောကြားခဲ့ ကြသည်မဟုတ်ပါလော။ ကိုယ်တော်၏နာမတော်ကို အမှီပြု၍ နတ်မိစ္ဆာများကိုနှင်ထုတ်ခဲ့ကြသည် မဟုတ်ပါလော။ ကိုယ်တော်၏နာမတော်ကိုအမှီ ပြု၍ အံ့သြဖွယ်အမှုအရာများကိုပြုခဲ့ကြ သည်မဟုတ်ပါလော' ဟုလူအများပင်ငါ့အား ပြောကြားကြလိမ့်မည်။- Garrad Bible နေ့ တော် ကြီး၌ အ များ တို့ က အ ရှင် ဘု ရား၊ အ ရှင် ဘု ရား၊ တ ပည့် တော် တို့ သည် ကိုယ် တော်၏ နာ မ တော် နှင့် ဟော ပြော ကြ ပါ ပြီ။ နာ မ တော် နှင့် နတ် များ ကို နှင် ထုတ် ကြ ပါ ပြီ။ နာ မ တော် နှင့် အ မှု ကြီး များ စွာ ကို ဆောင် ရွက် ကြ ပါ ပြီ မ ဟုတ် လော ဟူ၍ လျှောက် ဆို ကြ သော်၊ Judson Bible ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်တွင် များစွာသောသူတို့သည် ‘သခင်ဘုရား၊ သခင်ဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်အားဖြင့် ပရောဖက်ပြုဟောပြောလျက် ကိုယ်တော်၏နာမတော်အားဖြင့် နတ်ဆိုးများကိုနှင်ထုတ်ကာ ကိုယ်တော်၏နာမတော်အားဖြင့် တန်ခိုးလက္ခဏာများစွာတို့ကို ပြုခဲ့ကြသည်မဟုတ်လော’ဟု ငါ့အား လျှောက်ကြလိမ့်မည်။ မြန်မာ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။- |
သင်တို့အား ငါအမှန်ဆို၏။ တရားစီရင်သောနေ့တွင် ထိုမြို့သည် ဆိုးသွမ်းသည့်သောဒုံမြို့နှင့် ဂေါမောရမြို့ထက် ပို၍အပြစ်ဒဏ်ခံရလိမ့်မည်။
သို့သော် ထိုအရာများသည် မည်သည့်နေ့ရက်၊ မည်သည့်အချိန်နာရီ၌ ဖြစ်ပျက်လာမည်ကို မည်သူမျှ မသိ။ ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များလည်း မသိ။ သားတော်လည်း မသိ။ ခမည်းတော်တစ်ပါးတည်းသာလျှင် သိတော်မူ၏။
ထို့နောက် ပညာသတိမဲ့သောအပျိုရံတို့သည် ရောက်လာ၍ ‘သခင်… သခင်… ကျွန်မတို့အား တံခါးဖွင့်ပေးပါ’ ဟု တောင်းဆိုကြ၏။
ငါ့ကို ‘သခင်… သခင်…’ ဟု ခေါ်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ကြရမည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုတော်ကို လိုက်နာသောသူသာ ဝင်ရလိမ့်မည်။
သင်တို့အား ငါပြောဆိုသည်မှာ တရားစီရင်သောနေ့တွင် သောဒုံမြို့ထက် ထိုမြို့သည် ပို၍အပြစ်ဒဏ်ခံရလိမ့်မည်။
ထိုသို့ဆိုရာ၌ ကယာဖသည် မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ဆိုသည်မဟုတ်။ သူသည် ထိုနှစ်အတွက် ယဇ်ပုရောဟိတ်မင်းဖြစ်သည်နှင့်အညီ ဂျူးတစ်မျိုးသားလုံးအတွက် ယေရှုအသေခံတော်မူမည့်အကြောင်းနှင့်
သို့သော်လည်း ညီအစ်ကိုမောင်နှမတို့… သင်တို့သည် အမှောင်၌ မရှိသောကြောင့် ထိုနေ့ရက်သည် သင်တို့ထံ သူခိုးကဲ့သို့ ရောက်လာစရာအကြောင်း မရှိ။
ကြွလာတော်မူသောနေ့၌ ကိုယ်တော်သည် ယုံကြည်သူတို့အတွက် ပြုသောအမှုကြောင့် ယုံကြည်သောသူအားလုံးအလယ်၌ ဘုန်းထင်ရှား၍ အံ့အားသင့်ခံရလိမ့်မည်။ သင်တို့သည် ထိုအရှင်အကြောင်း ကျွန်ုပ်တို့၏ သက်သေခံချက်ကို ယုံကြည်သဖြင့် ထိုသူတို့အထဲတွင် ပါဝင်ကြ၏။
ထိုအကြောင်းကြောင့် ဤဆင်းရဲဒုက္ခကို ခံစားနေရ၏။ သို့သော်လည်း ကျွန်ုပ်မရှက်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် မိမိယုံကြည်သောအရှင်ကို သိပြီး ကိုယ်တော်ထံ၌ မိမိအပ်ထားသောအရာကိုလည်း ထိုနေ့ရက်တိုင်အောင် ကိုယ်တော်စောင့်ထိန်းတော်မူမည်ဟု စိတ်ချသောကြောင့်ဖြစ်၏။
ဧဖက်မြို့၌ ကျွန်ုပ်ရှိစဉ် သူသည် မည်မျှအကူအညီပေးခဲ့သည်ကို သင်ကောင်းစွာသိ၏။ သခင်ဘုရား ပြန်ကြွလာတော်မူမည့် ထိုနေ့၌ သခင်ဘုရားသည် သူ့အား ကရုဏာတော်ခံစားရသောအခွင့်ကို ပေးသနားတော်မူပါစေသော။
ယခုမှစ၍ ဖြောင့်မတ်ခြင်းဆုသရဖူသည် ကျွန်ုပ်အတွက် အသင့်ရှိနေ၏။ ဖြောင့်မတ်စွာ တရားစီရင်သူဖြစ်တော်မူသည့် သခင်ဘုရား ပြန်လည်ကြွလာမည့်နေ့တွင် ထိုဆုသရဖူကို ကျွန်ုပ်အား ပေးတော်မူလိမ့်မည်။ ကျွန်ုပ်တစ်ဦးတည်းသာမက ကိုယ်တော်၏ပြန်လည်ကြွလာခြင်းကို တောင့်တသူအားလုံးတို့အားလည်း ပေးတော်မူလိမ့်မည်။