ထို့ကြောင့် ယခု အကြီးမြတ်ဆုံးသောသူတို့သည် အသေးနုပ်ဆုံးဖြစ်လိမ့်မည်။ ယခုအသေးနုပ်ဆုံးသောသူတို့သည် အကြီးမြတ်ဆုံးဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။
မဿဲ 7:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် အသက်ရှင်ခြင်းသို့ သွားသော တံခါးနှင့်လမ်းသည် ကျဉ်းမြောင်းခက်ခဲသဖြင့် တွေ့ရှိသောသူနည်းလှ၏။ Common Language Bible ထာဝရအသက်သို့ပို့ဆောင်ရာလမ်းနှင့်တံခါး ပေါက်သည်ကျဉ်းမြောင်းသောကြောင့် ထိုလမ်းကို တွေ့ရှိသူတို့သည်နည်းကြ၏။ Garrad Bible အ သက် ရှင် ရာ သို့ ရောက် သော တံ ခါး နှင့် လမ်း မူ ကား ကျဉ်း မြောင်း သော ကြောင့် တွေ့ မြင် သူ နည်း လှ၏။ Judson Bible အသက်ရှင်ခြင်းသို့ ရောက်သောလမ်းနှင့် တံခါးသည် အလွန်ကျဉ်းမြောင်းသည် ဖြစ်၍၊ တွေ့ဝင်သောသူတို့သည် နည်းကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အသက်ရှင်ခြင်းသို့ရောက်သောတံခါးသည် ကျဉ်း၍ လမ်းသည်ကြမ်းတမ်း၏။ ထိုတံခါးကိုတွေ့ရှိသောသူတို့သည်လည်း နည်းလှ၏။ မြန်မာ အသက်ရှင်ခြင်းသို့ ရောက်သောလမ်းနှင့် တံခါးသည် အလွန်ကျဉ်းမြောင်းသည် ဖြစ်၍၊ တွေ့ဝင်သောသူတို့သည် နည်းကြ၏။- |
ထို့ကြောင့် ယခု အကြီးမြတ်ဆုံးသောသူတို့သည် အသေးနုပ်ဆုံးဖြစ်လိမ့်မည်။ ယခုအသေးနုပ်ဆုံးသောသူတို့သည် အကြီးမြတ်ဆုံးဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် ဖိတ်ခေါ်ခံရသူများစွာ ရှိသော်လည်း ရွေးကောက်ခံရသူမှာ အနည်းငယ်သာ ရှိသောကြောင့်ဖြစ်သည်” ဟု မိန့်တော်မူ၏။
ကျဉ်းမြောင်းသောတံခါးဖြင့်သာ ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ကြလော့။ ငရဲသို့ သွားသော တံခါးနှင့်လမ်းသည် ကျယ်ဝန်းသဖြင့် ဝင်သောသူ များကြ၏။
ပရောဖက်အတုအယောင်များကို သတိပြုကြလော့။ သူတို့သည် သိုးရေခြုံလျက် သင်တို့ထံ လာသော်လည်း အတွင်း၌မူ ကြမ်းကြုတ်သောဝံပုလွေများကဲ့သို့ ဖြစ်ကြ၏။
ထို့နောက် ယေရှုက တပည့်တော်တို့နှင့်တကွ လူထုပရိသတ်အား ခေါ်တော်မူပြီးလျှင် “တစ်စုံတစ်ဦးသည် ငါ့တပည့် ဖြစ်လိုပါက မိမိအတ္တကိုစွန့်၍ မိမိလက်ဝါးကပ်တိုင်ကို ထမ်းကာ ငါ့နောက်သို့ လိုက်ရမည်။
အို သိုးစုငယ်… မကြောက်နှင့်။ သင်တို့၏အဖသည် သင်တို့အား နိုင်ငံတော်ကို ပေးရန် အလိုတော်ရှိတော်မူ၏။
လူတို့သည် သင်တို့ကို ဂျူးဝတ်ပြုဆောင်များမှ ထုတ်ပယ်ကြလိမ့်မည်။ သင်တို့ကို သတ်သောသူများက ထိုသို့သတ်ခြင်းသည် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ခြင်းဖြစ်သည်ဟု ခံယူသည့်အချိန်ကာလ ရောက်လာလိမ့်မည်။
ငါ့ကြောင့် သင်တို့ငြိမ်းချမ်းခြင်းရှိစေရန် ဤအကြောင်းအရာများကို ငါပြောပြီ။ ဤကမ္ဘာလောက၌ သင်တို့သည် ဆင်းရဲဒုက္ခနှင့် ကြုံတွေ့ကြရလိမ့်မည်။ သို့သော် အားမငယ်ကြနှင့်။ ငါသည် ဤလောကကို အောင်ပြီ” ဟု မိန့်တော်မူ၏။
သူတို့က “ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခများစွာခံရခြင်းအားဖြင့် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်ကြရမည်” ဟု ဆိုလျက် ထိုမြို့များရှိ တပည့်တော်တို့၏ စိတ်ကို ကြံ့ခိုင်စေကြ၏။ ယုံကြည်ခြင်းတွင်လည်း ဆက်လက်ရပ်တည်ရန် ခွန်အားပေးကြ၏။
ဤလောက၏ အမူအကျင့်နှင့် ဓလေ့တို့ကို အတုမယူကြနှင့်။ သင်တို့၏ စိတ်နှလုံးကို ပြောင်းလဲစေခြင်းအားဖြင့် စိတ်သစ်လူသစ် ဖြစ်ကြလော့။ သို့ပြုလျှင် ဘုရားသခင်အလိုရှိတော်မူသည့် ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ ပြည့်စုံသောအရာတို့သည် မည်သည့်အရာဖြစ်သည်ကို သင်တို့ပိုင်းခြားသိမြင်ကြလိမ့်မည်။
အဘယ်ကြောင့်နည်း။ ထိုသူတို့သည် ဖြောင့်မတ်ကြောင်း သတ်မှတ်ခံရရန် ဘုရားသခင်ကို ယုံကြည်မည့်အစား ပညတ်တရားကို လိုက်နာကျင့်သုံးခြင်းအားဖြင့် ကြိုးပမ်းကြသောကြောင့် ဖြစ်၏။ သူတို့သည် ကျမ်းစာတွင် ဖော်ပြထားသည့် ဆူးငြောင့်ခလုတ်ဖြစ်သောကျောက်ကို တိုက်မိကြ၏။