ခရီးဆောင်အိတ်၊ အင်္ကျီအပို၊ ဖိနပ်အပို၊ တောင်ဝှေးတို့ကို ယူမသွားကြနှင့်။ ဧည့်ခံကျွေးမွေးသည်ကိုလည်း လက်ခံရန် မတွန့်ဆုတ်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အလုပ်လုပ်သူသည် စားစရာကို ရထိုက်သောကြောင့်ဖြစ်၏။
မဿဲ 6:28 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် အဘယ်ကြောင့် အဝတ်အတွက် စိုးရိမ်ကြသနည်း။ လယ်ပြင်၌ရှိသော နှင်းပန်းပင်များ မည်သို့ ကြီးထွားရှင်သန်သည်ကို ကြည့်လော့။ ထိုအပင်တို့သည် ပင်ပန်းကြီးစွာ အလုပ်မလုပ်။ ချည်လည်း မငင်။ Common Language Bible ``သင်တို့သည်အဘယ်ကြောင့်အဝတ်အတွက်စိုးရိမ် ကြောင့်ကြသနည်း။ တောနှင်းပန်းများအဘယ်သို့ ရှင်သန်လာသည်ကိုကြည့်ရှုဆင်ခြင်ကြလော့။ ထို ပန်းပင်တို့သည်အလုပ်လည်းမလုပ်၊ ဗိုင်းလည်းမငင်၊- Garrad Bible အ ဝတ် အ တွက် လည်း အ ဘယ့် ကြောင့် စိုး ရိမ် ကြ သ နည်း။ တော ပေါက် နှင်း ပန်း ပင် များ သည် မ လုပ် မ ကိုင် မ ငင် မ ဝင့် ကြ ဘဲ မည် သို့ ကြီး ပွား သည် ကို ဆင် ခြင် ကြ လော့။ Judson Bible အဝတ်အဖို့၌ အဘယ်ကြောင့် စိုးရိမ်ရသနည်း။ တောနှင်းပင်တို့သည် အဘယ်သို့သောအားဖြင့် ကြီးပွားသည်ကို ဆင်ခြင်အောက်မေ့ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမလုပ်၊ ချည်ဖြစ်စေခြင်းငှာ မငင်မဝင့်။- မြန်မာ့စံမီသမ္မာကျမ်း အဝတ်အတွက်လည်း အဘယ်ကြောင့်စိုးရိမ်ကြသနည်း။ တော၌ရှိသောနှင်းပန်းများ မည်ကဲ့သို့ကြီးထွားကြသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ ၎င်းတို့သည် အလုပ်လည်းမလုပ်။ ဗိုင်းလည်းမငင်ကြချေ။ မြန်မာ အဝတ်အဖို့၌ အဘယ်ကြောင့် စိုးရိမ်ရသနည်း။ တောနှင်းပင်တို့သည် အဘယ်သို့သောအားဖြင့် ကြီးပွားသည်ကို ဆင်ခြင်အောက်မေ့ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမလုပ်၊ ချည်ဖြစ်စေခြင်းငှာ မငင်မဝင့်။- |
ခရီးဆောင်အိတ်၊ အင်္ကျီအပို၊ ဖိနပ်အပို၊ တောင်ဝှေးတို့ကို ယူမသွားကြနှင့်။ ဧည့်ခံကျွေးမွေးသည်ကိုလည်း လက်ခံရန် မတွန့်ဆုတ်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အလုပ်လုပ်သူသည် စားစရာကို ရထိုက်သောကြောင့်ဖြစ်၏။
ထို့ကြောင့် သင်တို့အား ငါပြောဆိုသည်မှာ သင်တို့အသက်ရှင်ရန်အတွက် မည်သည့်အရာစားသောက်ရမည်ကိုလည်းကောင်း၊ သင်တို့ကိုယ်ခန္ဓာအတွက် မည်သည့်အရာဝတ်ရမည်ကိုလည်းကောင်း မစိုးရိမ်ကြနှင့်။ အသက်သည် အစာထက်မြတ်သည် မဟုတ်လော။ ကိုယ်ခန္ဓာသည် အဝတ်ထက်မြတ်သည် မဟုတ်လော။
ထို့ကြောင့် မည်သည့်အရာကို စားသောက်ရမည်နည်း၊ မည်သည့်အရာကို ဝတ်ဆင်ရမည်နည်းဟု ဆိုလျက် မစိုးရိမ်ကြနှင့်။
ယေရှုကလည်း “အို မာသ… မာသ… သင်သည် အလုပ်များကြောင့် စိုးရိမ်ပူပန်လျက် နှောင့်ယှက်ခြင်းကို ခံရလေပြီ။
လူတို့သည် သင်တို့ကို ဝတ်ပြုဆောင်များသို့လည်းကောင်း၊ အစိုးရမင်းများ၊ အာဏာပိုင်များထံသို့လည်းကောင်း ခေါ်ဆောင်သွားသောအခါ သင်တို့သည် မိမိကိုယ်ကိုယ် မည်သို့ခုခံပြောဆိုရမည်ကို မစိုးရိမ်ကြနှင့်။
ထို့နောက် တပည့်တော်တို့အား “ထို့ကြောင့် သင်တို့အား ငါပြောဆိုသည်မှာ သင်တို့အသက်ရှင်ရန်အတွက် မည်သည့်အရာစားရမည်ကိုလည်းကောင်း၊ သင်တို့ကိုယ်ခန္ဓာအတွက် မည်သည့်အရာဝတ်ရမည်ကိုလည်းကောင်း မစိုးရိမ်ကြနှင့်။
နှင်းပန်းပင်များမည်သို့ကြီးထွားသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုအပင်တို့သည် ပင်ပန်းစွာအလုပ်မလုပ်။ ချည်လည်း မငင်။ သို့သော် ဘုန်းကြီးသောရှောလမုန်မင်းကြီးပင်လျှင် ထိုနှင်းပန်းပင်တစ်ပင်ကဲ့သို့ မဝတ်ဆင်ခဲ့ရဟု သင်တို့အား ငါပြောဆို၏။
ထိုအခါ ယောဟန်က “အင်္ကျီနှစ်ထည်ရှိလျှင် မရှိသောသူအား တစ်ထည်ကို ဝေမျှစေ။ စားသောက်စရာရှိသောသူသည်လည်း ထိုနည်းတူ ဝေမျှစေ” ဟု ပြန်၍ ဖြေလေ၏။
မည်သည့်အမှုကိုမျှ မစိုးရိမ်ဘဲ အခြေအနေတိုင်း၌ ကျေးဇူးတော်ကို ချီးမွမ်း၍ ဆုတောင်းခြင်း၊ အသနားခံခြင်းတို့ဖြင့် သင်တို့ လိုအပ်သောအရာများကို ဘုရားသခင်ထံ တောင်းလျှောက်ကြလော့။
ကိုယ်တော်သည် သင်တို့ကို ဂရုစိုက်တော်မူသောကြောင့် သင်တို့၏ စိုးရိမ်မှုအပေါင်းတို့ကို ကိုယ်တော်ထံ အပ်နှံကြလော့။