ထိုသူတို့သည် မိမိတို့၏အပြစ်များကို ဝန်ခံကြသောအခါ ယောဟန်သည် ဂျော်ဒန်မြစ်ထဲ၌ ထိုသူတို့ကို နှစ်ခြင်းမင်္ဂလာပေးလေ၏။
မဿဲ 3:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အပြစ်အတွက် နောင်တရ၍ ဘုရားသခင်ထံသို့ ပြန်လာသောသူတို့ကို ငါသည် ရေ၌ နှစ်ခြင်းမင်္ဂလာပေး၏။ သို့သော်လည်း ငါ့ထက်ကြီးမြတ်သောအရှင်သည် မကြာမီကြွလာမည်။ ငါသည် ထိုအရှင်၏ဖိနပ်ကိုမျှ သယ်ဆောင်ရန် မထိုက်တန်ပါ။ ထိုအရှင်သည် သင်တို့ကို သန့်ရှင်းသောဝိညာဉ်တော်၌လည်းကောင်း၊ မီး၌လည်းကောင်း နှစ်ခြင်းမင်္ဂလာပေးတော်မူလိမ့်မည်။ Common Language Bible သင်တို့နောင်တရသည့်အတွက် ငါသည်သင်တို့ အားရေဖြင့်ဗတ္တိဇံမင်္ဂလာကိုပေး၏။ ငါ၏နောက် တွင်ကြွလာမည့်အရှင်သည်ကား သန့်ရှင်းသော ဝိညာဉ်တော်ဖြင့်လည်းကောင်း၊ မီးဖြင့်လည်းကောင်း၊ ဗတ္တိဇံမင်္ဂလာကိုပေးတော်မူလတ္တံ့။ ထိုအရှင်သည် ငါ့ထက်ကြီးမြတ်၏။ ငါသည်ထိုအရှင်၏ဖိနပ် ကိုမျှမကိုင်ဆောင်ထိုက်။- Garrad Bible ငါ သည် သင် တို့ ကို နောင် တ ရ ခြင်း အ လို့ ငှာ ရေ နှင့် ဗ တ္တိ ဇံ မင်္ဂ လာ ပေး သည် မှန်၏။ ငါ့ နောက် ကြွ လာ မည့် အ ရှင် သည် ငါ့ ထက် တန် ခိုး ကြီး တော် မူ၏။ ဖိ နပ် တော် ကို မျှ ငါ မ ကိုင် ထိုက်။ ကိုယ် တော် သည် သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် လည်း ကောင်း၊ မီး နှင့် လည်း ကောင်း ဗ တ္တိ ဇံ မင်္ဂ လာ ပေး တော် မူ လိမ့် မည်။ Judson Bible ငါသည် နောင်တအဖို့အလိုငှာ သင်တို့ကို ရေနှင့်ဗတ္တိဇံပေး၏။ ငါ့နောက် ကြွလာသောသူသည် ငါ့ထက် တတ်စွမ်းနိုင်၏။ ထိုသူ၏ခြေနင်းတော်ကိုမျှ ဆောင်ခြင်းငှာ ငါမထိုက်။ ထိုသူသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်လည်းကောင်း၊ မီးနှင့်လည်းကောင်း၊ သင်တို့ကို ဗတ္တိဇံပေးမည်။ မြန်မာ့စံမီသမ္မာကျမ်း ငါသည် သင်တို့ကို နောင်တအတွက် ရေ၌ဗတ္တိဇံပေး၏။ သို့သော် ငါ့ထက် ကြီးမြတ်သောအရှင်သည် ငါ့နောက်တွင်ကြွလာမည်။ ထိုအရှင်၏ခြေနင်းတော်ကိုချွတ်ပေးရန်ပင် ငါသည် မထိုက်တန်။ ထိုအရှင်သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်မီး၌ သင်တို့ကို ဗတ္တိဇံပေးတော်မူလိမ့်မည်။ မြန်မာ ငါသည် နောင်တအဖို့အလိုငှာ သင်တို့ကို ရေနှင့်ဗတ္တိဇံပေး၏။ ငါ့နောက် ကြွလာသောသူသည် ငါ့ထက် တတ်စွမ်းနိုင်၏။ ထိုသူ၏ခြေနင်းတော်ကိုမျှ ဆောင်ခြင်းငှာ ငါမထိုက်။ ထိုသူသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်လည်းကောင်း၊ မီးနှင့်လည်းကောင်း၊ သင်တို့ကို ဗတ္တိဇံပေးမည်။ |
ထိုသူတို့သည် မိမိတို့၏အပြစ်များကို ဝန်ခံကြသောအခါ ယောဟန်သည် ဂျော်ဒန်မြစ်ထဲ၌ ထိုသူတို့ကို နှစ်ခြင်းမင်္ဂလာပေးလေ၏။
ထိုတမန်မှာ နှစ်ခြင်းဆရာယောဟန်ဖြစ်၏။ ယောဟန်သည် တောကန္တာရ၌ ပေါ်ထွန်းလာ၍ အပြစ်များမှ ဘုရားသခင်၏ခွင့်လွှတ်ခြင်းခံရရန် နောင်တရရမည့်အကြောင်းနှင့် ထိုသို့နောင်တရကြောင်းကို ဖော်ပြရန် နှစ်ခြင်းမင်္ဂလာခံယူရမည့်အကြောင်း လူတို့အား ဟောပြော၏။
သူသည် ဖခင်တို့နှင့် သားသမီးတို့ကို ပြန်လည်သင့်မြတ်စေရန်လည်းကောင်း၊ မနာခံသောသူတို့အား ဖြောင့်မတ်သောသူတို့၏ အသိဉာဏ်ကို ရရှိစေရန်လည်းကောင်း ဧလိယ၏ဝိညာဉ်နှင့် တန်ခိုးတို့ဖြင့် ပြည့်စုံလျက် ကိုယ်တော်၏ ရှေ့တော်ပြေးအဖြစ် သွားလိမ့်မည်။ ဤသည်မှာ ထာဝရဘုရားအတွက် ပြင်ဆင်ထားသောလူတို့ကို အသင့်ဖြစ်စေရန်ပင် ဖြစ်၏” ဟု ဆို၏။
ယောဟန်ကလည်း “ငါသည် သင်တို့အား ရေ၌ နှစ်ခြင်းမင်္ဂလာပေး၏။ သို့ရာတွင် ငါ့ထက်ကြီးမြတ်သောအရှင်သည် မကြာမီကြွလာမည်။ ငါသည် ထိုအရှင်၏ဖိနပ်ကြိုးကို ဖြေပေးရန်ပင် မထိုက်တန်ပါ။ ထိုအရှင်သည် သင်တို့ကို သန့်ရှင်းသောဝိညာဉ်တော်၌လည်းကောင်း၊ မီး၌လည်းကောင်း နှစ်ခြင်းမင်္ဂလာပေးတော်မူလိမ့်မည်။
ယောဟန်သည်လည်း ဂျော်ဒန်မြစ်ပတ်ဝန်းကျင် တစ်လျှောက်လုံးသို့သွားပြီးလျှင် အပြစ်များမှ ဘုရားသခင်၏ခွင့်လွှတ်ခြင်းခံရရန် နောင်တရရမည့်အကြောင်းနှင့် ထိုသို့နောင်တရကြောင်းကို ဖော်ပြရန် နှစ်ခြင်းမင်္ဂလာခံယူရမည့်အကြောင်း လူတို့အား ဟောပြော၏။
ယောဟန်သည် ထိုအရှင်၏အကြောင်းကို သက်သေခံ၍ ကြွေးကြော်ခဲ့သည်မှာ “ ‘ငါ့နောက်တွင် ကြွလာမည့်အရှင်သည် ငါမမွေးမီကပင် ရှိနှင့်သောကြောင့် ငါ့ထက် ပို၍ကြီးမြတ်သည်’ ဟု ငါပြောခဲ့ဖူးသည့်အရှင်သည် ထိုအရှင်ပင် ဖြစ်သည်” ဟူ၍ဖြစ်၏။
‘ငါ့နောက်တွင် ကြွလာမည့်အရှင်သည် ငါမမွေးဖွားမီကပင် ရှိနှင့်သောကြောင့် ငါ့ထက် သာ၍ကြီးမြတ်သည်’ ဟူ၍ ငါပြောခဲ့ဖူးသည့်အရှင်မှာ ထိုအရှင်ပင် ဖြစ်၏။
ယောဟန်သည် သင်တို့အား ရေ၌ နှစ်ခြင်းမင်္ဂလာပေး၏။ မကြာမီ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၌ နှစ်ခြင်းမင်္ဂလာကို ခံယူကြရလိမ့်မည်” ဟု မိန့်တော်မူ၏။
ပေါလုက “ယောဟန်သည် နောင်တနှင့် သက်ဆိုင်သော နှစ်ခြင်းမင်္ဂလာကို ပေးလျက် သူ့နောက် ကြွလာမည့်သူကို ယုံကြည်ရမည်ဟု လူတို့အား သွန်သင်လေ၏။ ထိုသို့ဆိုရာ၌ ယေရှုကို ဆိုလိုသည်” ဟု ပြောလေ၏။
ထိုသို့ ခရီးပြုစဉ်တွင် ရေရှိရာသို့ရောက်သော် အမတ်က “ဤနေရာ၌ ရေရှိပါ၏။ ကျွန်ုပ်ကို နှစ်ခြင်းမင်္ဂလာ မခံယူစေနိုင်ရန် တားဆီးသည့်အကြောင်း ရှိသလော” ဟု မေး၏။
ထို့နောက် သူက မြင်းရထားကို ရပ်စေပြီးမှ ထိုအမတ်နှင့်တကွ ဖိလိပ္ပုသည် ရေထဲသို့ ဆင်း၍ နှစ်ခြင်းမင်္ဂလာပေး၏။
ထိုကဲ့သို့ပင် ကျွန်ုပ်တို့အားလုံးသည် ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ ဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ နှစ်ခြင်းမင်္ဂလာခံယူကြပြီး ကျွန်ုပ်တို့အားလုံးသည် ထိုဝိညာဉ်တော်တစ်ပါးတည်းကို သောက်သုံးကြ၏။
ကျွန်ုပ်သည် ယုံကြည်သူများထဲတွင် အသေးနုပ်ဆုံးသောသူ ဖြစ်သော်လည်း ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်ကို ခံစားရ၏။ ဤသို့ ခံစားရခြင်းသည် လူမျိုးခြားတို့ကို ခရစ်တော်၏ အကန့်အသတ်မဲ့ ကြွယ်ဝခြင်းအကြောင်း ဟောပြောရန်နှင့်
ကျွန်ုပ်တို့သည် ကယ်တင်တော်မူခြင်းခံရ၏။ ဤသို့ ကယ်တင်တော်မူခြင်းခံရသည်မှာ ကျွန်ုပ်တို့ ပြုသည့်ဖြောင့်မတ်သောအကျင့်ကြောင့် မဟုတ်ဘဲ သနားကြင်နာတော်မူခြင်းကြောင့် ဖြစ်၏။ ကိုယ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဆေးကြောပေးခြင်းဖြင့် ကျွန်ုပ်တို့ကို အသစ်တစ်ဖန်မွေးဖွားစေခြင်းနှင့် စိတ်သစ်လူသစ်ဖြစ်စေခြင်းအားဖြင့် ကယ်တင်တော်မူ၏။
ထိုနည်းတူ ငယ်ရွယ်သောသူတို့… အသင်းတော်အကြီးအကဲတို့ကို နာခံကြလော့။ တစ်ဦးကိုတစ်ဦး အချင်းချင်း ဆက်ဆံရာ၌ နှိမ့်ချသောစိတ်ကို တန်ဆာဆင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာ၌ “မာနထောင်လွှားသောသူတို့ကို ဘုရားသခင်သည် ဆန့်ကျင်၍ နှိမ့်ချသောသူတို့ကို ကျေးဇူးပြုတော်မူ၏” ဟု ဆိုထားသောကြောင့်ဖြစ်၏။