လုကာ 3:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း3 ယောဟန်သည်လည်း ဂျော်ဒန်မြစ်ပတ်ဝန်းကျင် တစ်လျှောက်လုံးသို့သွားပြီးလျှင် အပြစ်များမှ ဘုရားသခင်၏ခွင့်လွှတ်ခြင်းခံရရန် နောင်တရရမည့်အကြောင်းနှင့် ထိုသို့နောင်တရကြောင်းကို ဖော်ပြရန် နှစ်ခြင်းမင်္ဂလာခံယူရမည့်အကြောင်း လူတို့အား ဟောပြော၏။ အခန်းကိုကြည့်ပါ။Common Language Bible3 သို့ဖြစ်၍ယောဟန်သည်ယော်ဒန်မြစ်ဝှမ်းတလျှောက် သို့သွားရောက်၍ ``နောင်တရ၍ဗတ္တိဇံကိုခံယူကြ လော့။ သို့မှသာဘုရားသခင်သည်သင်တို့၏အပြစ် များကိုဖြေလွှတ်တော်မူလိမ့်မည်'' ဟုလူတို့အား ဟောပြော၏။- အခန်းကိုကြည့်ပါ။Garrad Bible3 ယော ဟန် သည် ယော် ဒန် မြစ် ကမ်း ပြင် တစ် လျှောက် လှည့် လည်၍ အ ပြစ် ပြေ လွတ် ခြင်း အ လို့ ငှါ နောင် တ ရ ခြင်း ဆိုင် ရာ ဗ တ္တိ ဇံ တ ရား ကို ဟော ပြော လေ၏။ အခန်းကိုကြည့်ပါ။Judson Bible3 ပရောဖက်ဟေရှာယ၏ ကျမ်းစာ၌လာသည်ကား၊ တော၌ ဟစ်ကြော်သောသူ၏အသံမှာ၊ ထာဝရဘုရား ကြွတော်မူရာလမ်းကို ပြင်ကြလော့။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ထိုအခါ ယောဟန်သည် ဂျော်ဒန်မြစ်ပတ်ဝန်းကျင်တစ်လျှောက်လုံးသို့သွား၍ အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးအတွက် နောင်တနှင့်ဆိုင်သောဗတ္တိဇံတရားကိုဟောပြောလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ3 ပရောဖက်ဟေရှာယ၏ ကျမ်းစာ၌လာသည်ကား၊ တော၌ ဟစ်ကြော်သောသူ၏အသံမှာ၊ ထာဝရဘုရား ကြွတော်မူရာလမ်းကို ပြင်ကြလော့။- အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် သူတို့သည် ယောဟန်ထံသို့ လာ၍ “ဆရာတော်… ဂျော်ဒန်မြစ်တစ်ဖက်ကမ်းတွင် ဆရာတော်နှင့် တွေ့ဆုံခဲ့သောသူကို မှတ်မိသေးသလော။ ဆရာတော်ကပင် ထိုသူသည် ခရစ်တော်ဖြစ်ကြောင်း သက်သေခံပေးခဲ့ပါ၏။ ယခု သူသည် နှစ်ခြင်းမင်္ဂလာပေးလျက်နေပါ၏။ လူအပေါင်းတို့သည် ကျွန်ုပ်တို့ထံမလာဘဲ ထိုသူထံသို့ သွားကြပါသည်” ဟု ဆိုကြ၏။
အပြစ်အတွက် နောင်တရ၍ ဘုရားသခင်ထံသို့ ပြန်လာသောသူတို့ကို ငါသည် ရေ၌ နှစ်ခြင်းမင်္ဂလာပေး၏။ သို့သော်လည်း ငါ့ထက်ကြီးမြတ်သောအရှင်သည် မကြာမီကြွလာမည်။ ငါသည် ထိုအရှင်၏ဖိနပ်ကိုမျှ သယ်ဆောင်ရန် မထိုက်တန်ပါ။ ထိုအရှင်သည် သင်တို့ကို သန့်ရှင်းသောဝိညာဉ်တော်၌လည်းကောင်း၊ မီး၌လည်းကောင်း နှစ်ခြင်းမင်္ဂလာပေးတော်မူလိမ့်မည်။