လှေထဲတွင် ရှိနေသူများက “ကိုယ်တော်သည် အမှန်ပင် ဘုရားသားတော်ဖြစ်၏” ဟု ဆိုကာ ဝပ်တွားခယလျက် ရှိခိုးကြ၏။
မဿဲ 28:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုစဉ် ယေရှုသည် သူတို့ရှေ့မှ ပေါ်လာ၍ “မင်္ဂလာပါ” ဟု နှုတ်ဆက်တော်မူ၏။ အမျိုးသမီးတို့သည်လည်း ယေရှုထံတော်သို့ ချဉ်းကပ်၍ ခြေကို ဖက်ယမ်းပြီးလျှင် မြေပေါ်၌ ဝပ်တွားခယလျက် ရှိခိုးကြ၏။ Common Language Bible ထိုအချိန်၌သခင်ယေရှုသည်သူတို့၏ထံသို့ ရောက်ရှိလာကာ ``သင်တို့သည်မင်္ဂလာရှိပါစေ သော'' ဟုမိန့်တော်မူ၏။ ထိုအမျိုးသမီးတို့ သည်အထံတော်သို့ချဉ်းကပ်၍ခြေတော်ကို ဖက်ယမ်းလျက်ပျပ်ဝပ်ရှိခိုးကြ၏။- Garrad Bible ယေ ရှု သည် ဆီး၍ ကျန်း ခံ ကြ စေ သော ဟု မိန့် တော် မူ သော် သူ တို့ ချဉ်း ကပ် လျက် ခြေ တော် ကို ဖက်၍ ရှိ ခိုး ကြ၏။ Judson Bible လမ်းမှာသွားကြစဉ် ယေရှုသည် ကြိုဆိုတော်မူ၍၊ သင်တို့အား မင်္ဂလာဖြစ်စေသတည်းဟု မိန့်တော်မူ၏။ ထိုမိန်းမတို့သည် ချဉ်းကပ်၍ ခြေတော်ကိုဖက်ယမ်းလျက် ပျပ်ဝပ်ကိုးကွယ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယေရှုသည် သူတို့နှင့်တွေ့ဆုံလျက်“မင်္ဂလာပါ”ဟု မိန့်တော်မူ၏။ သူတို့သည် ချဉ်းကပ်၍ ကိုယ်တော်၏ခြေတော်ကို ဖက်ထားကာ ကိုယ်တော်ကိုရှိခိုးကြ၏။ မြန်မာ လမ်းမှာသွားကြစဉ် ယေရှုသည် ကြိုဆိုတော်မူ၍၊ သင်တို့အား မင်္ဂလာဖြစ်စေသတည်းဟု မိန့်တော်မူ၏။ ထိုမိန်းမတို့သည် ချဉ်းကပ်၍ ခြေတော်ကိုဖက်ယမ်းလျက် ပျပ်ဝပ်ကိုးကွယ်ကြ၏။- |
လှေထဲတွင် ရှိနေသူများက “ကိုယ်တော်သည် အမှန်ပင် ဘုရားသားတော်ဖြစ်၏” ဟု ဆိုကာ ဝပ်တွားခယလျက် ရှိခိုးကြ၏။
ဈေးအရပ်တို့တွင် လူတို့၏ရိုသေစွာ နှုတ်ဆက်ခြင်းကိုလည်းကောင်း၊ ဆရာတော်ဟု ခေါ်ကြခြင်းကိုလည်းကောင်း နှစ်သက်ကြ၏။
ယေရှုက “မကြောက်ကြနှင့်။ သွား၍ ငါ့တပည့်တို့အား ဂါလိလဲပြည်သို့ သွားရန် ပြောကြလော့။ သူတို့သည် ထိုနေရာ၌ ငါ့ကိုတွေ့မြင်ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုတောင်ပေါ်၌ တပည့်တော်တို့သည် ယေရှုကို မြင်သောအခါ ဝပ်တွားခယလျက် ရှိခိုးကြ၏။ သို့ရာတွင် တပည့်တော်တချို့သည် အမှန်တကယ်ယေရှုဖြစ်သည်ကို သံသယဖြစ်ကြ၏။
အမျိုးသမီးတို့သည် ကြောက်လန့်ကြသော်လည်း အလွန်ဝမ်းသာ၍ သင်္ချိုင်းဂူမှ အမြန်ထွက်လာကြ၏။ ထို့နောက် ကောင်းကင်တမန်၏ စကားကို တပည့်တော်တို့အား ပြောပြရန် ပြေးသွားကြ၏။
ဂါဗြေလသည် မာရိထံသို့ ရောက်လာ၍ “ထာဝရဘုရား၏မျက်နှာသာပေးတော်မူခြင်းခံရသောအမျိုးသမီး… သင်သည် မင်္ဂလာရှိပါစေ။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူသည်” ဟု ဆို၏။
တပည့်တော်တို့သည်လည်း ကိုယ်တော်ကို ကိုးကွယ်ရှိခိုးပြီးလျှင် အလွန်ဝမ်းမြောက်လျက် ဂျေရုဆလင်မြို့သို့ ပြန်ကြ၏။
သူသည် ကိုယ်တော်၏နောက်ဘက်ခြေတော်ရင်း၌ ရပ်၍ ငိုကြွေးလျက် ခြေတော်ကို မျက်ရည်ဖြင့် ဆေးကာ သူ၏ဆံပင်ဖြင့် သုတ်၏။ ထို့နောက် ကိုယ်တော်၏ခြေတော်ကို အဆက်မပြတ်နမ်းရှုပ်လျက် ဆီမွှေးဖြင့် သုတ်လိမ်းပေးလေ၏။
ထိုအချိန်တွင် မာရိသည် အလွန်တန်ဖိုးကြီးသော နာဒုဆီမွှေးအစစ် နှစ်ဆယ်သားကို ယူလာ၍ ယေရှု၏ခြေတော်ကို လိမ်းပြီးလျှင် မိမိဆံပင်ဖြင့် သုတ်၏။ တစ်အိမ်လုံးသည်လည်း ထိုဆီမွှေးရနံ့ဖြင့် မွှေးကြိုင်လေ၏။
တနင်္ဂနွေနေ့ညနေတွင် တပည့်တော်တို့သည် ဂျူးခေါင်းဆောင်များကို ကြောက်ရွံ့သဖြင့် အခန်းတံခါးများကို ပိတ်၍ စုဝေးနေကြ၏။ ထိုစဉ် ယေရှုသည် ရုတ်တရက်ကြွလာ၍ သူတို့အလယ်တွင် ရပ်တော်မူလျက် “ငြိမ်းချမ်းပါစေ” ဟု နှုတ်ဆက်တော်မူ၏။
နိဂုံးချုပ်စကားဆိုရလျှင် ညီအစ်ကိုမောင်နှမတို့… ဝမ်းမြောက်ကြလော့။ သင်တို့၌ အပြစ်ဆိုဖွယ်မရှိသည်အထိ ဘုရားသခင်က ပြုပြင်ပေးတော်မူရန် အခွင့်ပေးကြလော့။ ကျွန်ုပ်၏ နှိုးဆော်ချက်ကို နားထောင်ကြလော့။ တစ်စိတ်တစ်ဝမ်းတည်းရှိလျက် သင့်မြတ်စွာနေကြလော့။ မေတ္တာတရားနှင့် ငြိမ်းချမ်းခြင်းတို့၏ အရှင်ဖြစ်တော်မူသော ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။
ကြည့်ရှုလော့။ မိမိကိုယ်မိမိ ဂျူးဖြစ်သည်ဟု ဆိုကြသော်လည်း ဂျူးမဟုတ်ဘဲ စာတန်၏အသင်းဝင်များဖြစ်ကြသောသူတို့သည် လိမ်ညာသူများသာဖြစ်၏။ ငါသည် သူတို့ကို သင်၏ ခြေရင်း၌ လာရောက်ဝပ်တွားခယစေ၍ သင့်ကို ငါချစ်ကြောင်း သူတို့အား သိစေမည်။