ဗျာဒိတ်တော်စကားမှာ “အပျိုစင်တစ်ဦးသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသားကို ဧမာနွေလဟု ခေါ်ဝေါ်ကြလိမ့်မည်” ဟူ၍ ဖြစ်၏။ ဧမာနွေလ၏ အနက်အဓိပ္ပာယ်မှာ “ကျွန်ုပ်တို့နှင့်အတူရှိတော်မူသောဘုရားသခင်” ဟူ၍ ဖြစ်၏။
မဿဲ 28:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အား ငါပေးသမျှသော ပညတ်တော်အားလုံးကို သူတို့အား သွန်သင်လော့။ ငါသည်လည်း ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်အမြဲရှိနေမည်” ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ကျမ်းပြီးပါပြီ။ Common Language Bible သင်တို့အားငါပေးသမျှသောပညတ်တို့ကို စောင့်ထိန်းကြစေရန်သူတို့အားသွန်သင်ကြလော့။ ငါသည်ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောင်သင်တို့ နှင့်အတူအစဉ်မပြတ်ရှိတော်မူမည်'' ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။ Garrad Bible သင် တို့ အား ငါ ပ ညတ် သ မျှ ကို စောင့် ရှောက် စေ ရန် သွန် သင် ကြ လော့။ ယ ခု ခတ် ကာ လ အ ဆုံး တိုင် အောင် သင် တို့ နှင့် အ တူ နေ့ စဉ် မ ပြတ် ငါ ရှိ သည် ဟု မိန့် တော် မူ၏။ Judson Bible ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမဩဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့အား ငါပညတ်ထားသမျှသောအရာအားလုံးတို့ကိုစောင့်ထိန်းရန် သူတို့ကို သွန်သင်ကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိ၏”ဟု မိန့်တော်မူ၏။ မြန်မာ ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမဩဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။ |
ဗျာဒိတ်တော်စကားမှာ “အပျိုစင်တစ်ဦးသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသားကို ဧမာနွေလဟု ခေါ်ဝေါ်ကြလိမ့်မည်” ဟူ၍ ဖြစ်၏။ ဧမာနွေလ၏ အနက်အဓိပ္ပာယ်မှာ “ကျွန်ုပ်တို့နှင့်အတူရှိတော်မူသောဘုရားသခင်” ဟူ၍ ဖြစ်၏။
ကမ္ဘာကုန်ဆုံးချိန်တွင်လည်း ထိုသို့ပင် ဖြစ်လိမ့်မည်။ ကောင်းကင်တမန်များသည် လာ၍ ဆိုးသွမ်းသူတို့ကို ဖြောင့်မတ်သူများထံမှ ခွဲထားကြမည်။
လူနှစ်ဦး၊ သို့မဟုတ် သုံးဦးသည် ငါ့အမည်နာမကိုအမှီပြု၍ စုရုံးကြလျှင် ထိုနေရာတွင် ငါသည်သူတို့နှင့်အတူရှိသည်” ဟု မိန့်တော်မူ၏။
ထို့နောက် ယေရှုသည် သံလွင်တောင်ပေါ်၌ ထိုင်တော်မူစဉ် တပည့်တော်တို့သည် အခြားသူများမပါဘဲ ယေရှုထံတော်သို့ ချဉ်းကပ်၍ “ထိုအရာများအားလုံးသည် မည်သည့်အချိန်၌ ဖြစ်ပျက်ပါမည်နည်း။ သခင် ကြွလာချိန်နှင့် ကမ္ဘာကုန်ဆုံးချိန်၌ မည်သည့်နိမိတ်များ ဖြစ်ပေါ်မည်နည်း။ အကျွန်ုပ်တို့အား မိန့်တော်မူပါ” ဟု လျှောက်ကြ၏။
ဖြားယောင်းသွေးဆောင်ရာသို့ မကျရောက်စေဘဲ မာရ်နတ်၏ လက်မှ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်နှင့် ဘုန်းတော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ ရှိပါ၏။ အာမင်။
ထို့နောက် တပည့်တော်တို့သည်လည်း အရပ်ရပ်သို့ သွား၍ တရားတော်ကို ဟောပြောကြ၏။ သခင်ဘုရားသည်လည်း သူတို့နှင့်အတူ လုပ်ဆောင်တော်မူ၏။ သူတို့ဟောပြောသောတရားတော် မှန်ကန်ကြောင်းကိုလည်း နိမိတ်လက္ခဏာများဖြင့် သက်သေပြတော်မူ၏။ ရှင်မာကုခရစ်ဝင်ကျမ်း ပြီးပါပြီ။
ထိုယုံကြည်သူများသည် တမန်တော်တို့၏ သွန်သင်မှုကိုခံယူခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်းနှင့် ဆုတောင်းခြင်းတို့ကို အမြဲဆောင်ရွက်ကြ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏အကြံစည်တော်ရှိသမျှကို သင်တို့အား ဟောပြောရာ၌ ကျွန်ုပ်သည် မတွန့်ဆုတ်ခဲ့သောကြောင့်ဖြစ်၏။
သင်တို့သည် ကျွန်ုပ်ကို အစဉ်သတိရ၍ ကျွန်ုပ်လက်ဆင့်ကမ်းခဲ့သော သွန်သင်ချက်များကို လိုက်နာကြသောကြောင့် သင်တို့ကို ကျွန်ုပ်ချီးမွမ်း၏။
ကျွန်ုပ်သည် သခင်ဘုရားထံတော်မှ ခံယူရရှိသောအရာကို သင်တို့အား လက်ဆင့်ကမ်း၏။ ထိုအရာမှာ သခင်ယေရှုသည် သစ္စာဖောက်ခံရသောညတွင် မုန့်ကို ယူ၍
တစ်စုံတစ်ယောက်သည် မိမိကိုယ်ကိုယ် ပရောဖက်ဖြစ်သည် သို့မဟုတ် ဝိညာဉ်ဆုကျေးဇူးရရှိသူဖြစ်သည်ဟု ယူဆလျှင် သင်တို့ထံသို့ ကျွန်ုပ်ရေးလိုက်သော အကြောင်းအရာတို့သည် သခင်ဘုရား၏ ပညတ်တော်ဖြစ်ကြောင်း သိမှတ်ရမည်။
ကျွန်ုပ်တို့သည် လူတိုင်းကို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေ၍ ရင့်ကျက်သောသူများအဖြစ် ဘုရားသခင်ထံ ဆက်သနိုင်ရန် လူတိုင်းကို သတိပေးဆုံးမကာ ရှိသမျှသောဉာဏ်ပညာဖြင့် လူတိုင်းကို သွန်သင်လျက် ခရစ်တော်အကြောင်းကို ဟောပြောကြ၏။
သို့သော်လည်း ကျွန်ုပ်သည် လူမျိုးခြားတို့အား သတင်းကောင်းကို ပြည့်စုံစွာ ဟောပြောရန်အတွက် သခင်ဘုရားသည် ကျွန်ုပ်ဘက်မှ ရပ်တည်၍ ခွန်အားပေးတော်မူခဲ့၏။ ဤသို့ဖြင့် ကိုယ်တော်သည် ကျွန်ုပ်ကို ခြင်္သေ့ခံတွင်းမှ ကယ်နှုတ်တော်မူ၏။
သန့်ရှင်းသောပရောဖက်များ ယခင်က ဟောပြောခဲ့သောစကားများနှင့် သင်တို့၏ တမန်တော်များအားဖြင့် ကျွန်ုပ်တို့၏သခင်နှင့် ကယ်တင်ရှင် ဖြစ်တော်မူသောအရှင်၏ ပညတ်တော်တို့ကို သင်တို့အား သတိရစေလို၏။
ငါသည် အသက်ရှင်သောသူဖြစ်၏။ ငါသည် သေခဲ့၏။ ယခုတွင်မူ အစဉ်ထာဝရအသက်ရှင်၏။ ငါသည် သေခြင်းတရားနှင့် မရဏနိုင်ငံကို အစိုးရ၏။
မိမိတို့၏ ဝတ်ရုံများကို လျှော်ဖွပ်သောသူတို့သည် မင်္ဂလာရှိကြ၏။ ထိုသူတို့သည် မြို့တံခါးများမှ မြို့ထဲသို့ ဝင်၍ အသက်ပင်၏ အသီးကို စားခွင့်ရလိမ့်မည်။