ငါ့ခမည်းတော်သည် အရာအားလုံးကို ငါ့အား ပေးအပ်တော်မူပြီ။ သားတော်ကို ခမည်းတော်မှလွဲ၍ မည်သူမျှမသိ။ ခမည်းတော်ကိုလည်း သားတော်နှင့် သားတော်ဖော်ပြရန် ရွေးချယ်တော်မူသောသူတို့မှလွဲ၍ မည်သူမျှမသိ။
မဿဲ 28:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယေရှုသည် တပည့်တော်တို့ထံ ချဉ်းကပ်တော်မူ၍ “ငါ့ခမည်းတော်သည် ကောင်းကင်နှင့် မြေကြီးပေါ်၌ ရှိသမျှသော အခွင့်အာဏာအားလုံးကို ငါ့ထံ အပ်နှင်းတော်မူပြီ။ Common Language Bible သခင်ယေရှုသည်တပည့်တော်တို့အနီးသို့ကြွလာ တော်မူလျက် ``ကောင်းကင်ဘုံ၌လည်းကောင်း၊ ကမ္ဘာ မြေကြီးပေါ်၌လည်းကောင်းရှိသမျှသောတန်ခိုး အာဏာတို့ကိုငါခံယူရရှိထားလေပြီ။- Garrad Bible ထို အ ခါ ယေ ရှု သည် သူ တို့ ထံ ချဉ်း လာ တော် မူ လျက် မိုး မြေ တွင် အ ခွင့် အာ ဏာ ခပ် သိမ်း ကို ငါ အား အပ် နှင်း တော် မူ ပြီ။ Judson Bible ယေရှုသည် အနီးအပါးသို့ ချဉ်းတော်မူပြီးလျှင်၊ ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း၊ စီရင်ပိုင်သော အခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယေရှုသည် သူတို့ထံသို့ချဉ်းကပ်၍“ကောင်းကင်နှင့်မြေကြီးပေါ်၌ ရှိသမျှသောအခွင့်အာဏာတို့ကို ငါ့ထံပေးအပ်တော်မူပြီ။ မြန်မာ ယေရှုသည် အနီးအပါးသို့ ချဉ်းတော်မူပြီးလျှင်၊ ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း၊ စီရင်ပိုင်သော အခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။- |
ငါ့ခမည်းတော်သည် အရာအားလုံးကို ငါ့အား ပေးအပ်တော်မူပြီ။ သားတော်ကို ခမည်းတော်မှလွဲ၍ မည်သူမျှမသိ။ ခမည်းတော်ကိုလည်း သားတော်နှင့် သားတော်ဖော်ပြရန် ရွေးချယ်တော်မူသောသူတို့မှလွဲ၍ မည်သူမျှမသိ။
ငါအမှန်ဆိုရလျှင် လူသားသည် ဘုရင်အဖြစ် အုပ်စိုးရန် ကြွလာသည်ကို ဤနေရာ၌ ရပ်နေသောသူတို့ထဲမှ တချို့သည် မမြင်ဘဲ သေရမည်မဟုတ်” ဟု မိန့်တော်မူ၏။
ယေရှုက “သင်ပြောသည့်အတိုင်း မှန်ပါ၏။ နောင်တွင် လူသားသည် တန်ခိုးရှင်၏လက်ယာတော်ဘက်၌ ထိုင်၍ ကောင်းကင်မှ မိုးတိမ်စီးလျက် ကြွလာသည်ကို သင်တို့မြင်ကြရလိမ့်မည်” ဟု ပြန်၍ မိန့်တော်မူ၏။
ငါ့ခမည်းတော်သည် အရာအားလုံးကို ငါ့အား ပေးအပ်တော်မူပြီ။ သားတော်ကို ခမည်းတော်မှလွဲ၍ မည်သူမျှမသိ။ ခမည်းတော်ကိုလည်း သားတော်နှင့် သားတော်ဖော်ပြရန် ရွေးချယ်တော်မူသောသူတို့မှလွဲ၍ မည်သူမျှမသိ” ဟု မိန့်တော်မူ၏။
ယေရှုသည် မိမိထံ၌ ခမည်းတော်က အခွင့်အာဏာအားလုံးကို အပ်နှံထားသည်ကိုလည်းကောင်း၊ မိမိသည် ဘုရားသခင်ထံမှ ကြွလာ၍ ဘုရားသခင်ထံသို့ ပြန်ကြွတော့မည်ကိုလည်းကောင်း သိတော်မူ၏။
သားတော်သည် ကိုယ်တော်ပေးအပ်တော်မူသမျှသောသူတို့အား ထာဝရအသက်ကို ပေးနိုင်ရန် ကိုယ်တော်သည် သားတော်အား လူသားအားလုံးအပေါ် အုပ်စိုးရသောအခွင့်အာဏာကို ပေးအပ်ထားတော်မူပြီ။
အထက်မှ ကြွလာသောအရှင်သည် အရာအားလုံးထက် ကြီးမြတ်၏။ ကမ္ဘာလောကမှ ဖြစ်ပွားသောသူသည် လောကီသားဖြစ်၍ လောကီနှင့်ဆိုင်သောအရာများကိုသာ ပြောဆို၏။ ကောင်းကင်ဘုံမှ ကြွလာသောအရှင်သည် အရာအားလုံးထက် ကြီးမြတ်၏။
ခမည်းတော်သည် သားတော်ကို ချစ်တော်မူသဖြင့် အရာအားလုံးကို သားတော်လက်သို့ ပေးအပ်ထားတော်မူပြီ။
ဘုရားသခင်သည် အရာခပ်သိမ်းတို့၏အရှင်သခင်ဖြစ်သော ယေရှုခရစ်တော်အားဖြင့် ငြိမ်းချမ်းခြင်းတရားကိုဟောပြော၍ အစ္စရေးလူမျိုးတို့အား ပေးပို့သည့်နှုတ်တော်ထွက်စကားကို သင်တို့သိကြ၏။
ထို့ကြောင့် အစ္စရေးလူမျိုးအပေါင်းတို့… လက်ဝါးကပ်တိုင်ပေါ်တွင် သင်တို့သတ်သော ထိုယေရှုကို ဘုရားသခင်သည် အရှင်သခင်နှင့်ခရစ်တော်အရာ၌ ခန့်ထားတော်မူသည်ကို သေချာစွာ သိမှတ်ကြလော့” ဟူ၍ ဖြစ်၏။
ခရစ်တော်သည် သေလွန်သောသူများနှင့် အသက်ရှင်သောသူများ၏ အရှင်သခင်ဖြစ်ရန်အတွက် အသေခံပြီး ရှင်ပြန်ထမြောက်တော်မူခဲ့၏။
ကျမ်းစာ၌ “ဘုရားသခင်သည် အရာအားလုံးကို ကိုယ်တော်၏ ခြေဖဝါးအောက်၌ ချထားတော်မူပြီ” ဟု ဖော်ပြထား၏။ “အရာအားလုံးကို ချထားတော်မူပြီ” ဟု ဆိုရာတွင် ထိုအရာအားလုံးထဲ၌ ဘုရားသခင် မပါဝင်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ခရစ်တော်အား အုပ်စိုးစေတော်မူသောအရှင် ဖြစ်သောကြောင့်ပင်။
သင်တို့သည် ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်၍ ပြည့်စုံသောအနေအထားသို့ ရောက်လာကြသောကြောင့် ဖြစ်၏။ ထိုခရစ်တော်သည် အုပ်စိုးမှုနှင့် အာဏာစက်အပေါင်းတို့ကို အစိုးရတော်မူ၏။
ဤနောက်ဆုံးသောနေ့ရက်များတွင်မူ ဘုရားသခင်သည် မိမိသားတော်မှတစ်ဆင့် ကျွန်ုပ်တို့အား စကားပြောတော်မူ၏။ ဘုရားသခင်သည် သားတော်ကို အရာအားလုံး၏ အမွေခံဖြစ်စေတော်မူပြီး ထိုသားတော်အားဖြင့် စကြဝဠာကို ဖန်ဆင်းတော်မူ၏။
ဘုရားသခင်သည် အရာအားလုံးကို ကိုယ်တော်၏ ခြေဖဝါးအောက်၌ ချထားတော်မူပြီ” ဟု အလေးအနက်ဆိုထား၏။ အရာအားလုံးကို ကိုယ်တော်၏ ခြေဖဝါးအောက်၌ ချထားတော်မူပြီဟု ဆိုထားသောကြောင့် သူ၏ အုပ်စိုးခြင်းနှင့် ကင်းလွတ်သောအရာ တစ်စုံတစ်ခုမျှ မရှိပါ။ သို့သော် ယခုတွင်မူ အရာအားလုံးကို သူ၏ အုပ်စိုးမှုအောက်တွင် ချထားကြောင်း ကျွန်ုပ်တို့မမြင်ရသေး။
ခရစ်တော်သည် ကောင်းကင်ဘုံသို့ တက်ကြွတော်မူပြီး ဘုရားသခင်၏လက်ယာတော်ဘက်၌ ထိုင်လျက် ကောင်းကင်တမန်များ၊ အာဏာစက်များ၊ တန်ခိုးရှင်များကို အုပ်စိုးတော်မူ၏။
သတ္တမကောင်းကင်တမန်သည် တံပိုးခရာမှုတ်သောအခါ “ဤလောကီနိုင်ငံသည် ယခု ငါတို့အရှင်နှင့် ထိုအရှင်၏ခရစ်တော်စိုးပိုင်သောနိုင်ငံဖြစ်လေပြီ။ ကိုယ်တော်သည် အစဉ်ထာဝရအုပ်စိုးတော်မူလိမ့်မည်” ဟု ကောင်းကင်မှ ကျယ်လောင်စွာ ပြောဆိုသံများထွက်ပေါ်လာ၏။
သူတို့သည် သိုးသငယ်တော်ကို တိုက်ကြလိမ့်မည်။ သို့ရာတွင် သိုးသငယ်တော်သည် ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏ သခင်ဖြစ်တော်မူသောကြောင့် သူတို့ကို အောင်နိုင်လိမ့်မည်။ သိုးသငယ်တော်နှင့်အတူ ရှိသောသူတို့သည် ခေါ်ဖိတ်ခံရသူများ၊ ရွေးကောက်ခံရသူများ၊ သစ္စာရှိသူများဖြစ်ကြ၏” ဟု ကျွန်ုပ်အား ပြော၏။
ဝတ်ရုံတော်နှင့် ပေါင်တော်ပေါ်၌ “ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏ သခင်” ဟူသော ဘွဲ့နာမကို ရေးထား၏။