လူသားကို လူမျိုးခြားတို့၏လက်သို့ အပ်နှံ၍ ပြက်ရယ်ပြုခြင်း၊ ရိုက်နှက်ခြင်း၊ လက်ဝါးကပ်တိုင်တွင် သတ်ခြင်း စသည်တို့ကိုပြုစေလိမ့်မည်။ သို့သော် သုံးရက်မြောက်သောနေ့တွင် သူသည် သေခြင်းမှ ထမြောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
မဿဲ 27:29 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် သူတို့သည် ဆူးခက်ဖြင့် ရက်ထားသောသရဖူတစ်ခုကို ကိုယ်တော်၏ ဦးခေါင်းတော်၌ ဆောင်းပေးကြ၏။ ကျူရိုးတစ်ချောင်းကို ရာဇလှံတံအဖြစ် လက်ယာလက်တော်တွင် ကိုင်စေကြ၏။ ထို့နောက် ကိုယ်တော်၏ ရှေ့တော်တွင် ဒူးထောက်လျက် “ဂျူးတို့၏ရှင်ဘုရင် ဘုန်းကြီးပါစေ” ဟု ပြက်ရယ်ပြုကြ၏။ Common Language Bible ထိုနောက်ဆူးခက်ဖြင့်ရက်သည့်သရဖူကိုဆောင်း ပေးကြ၏။ ကူရိုးတစ်ချောင်းကိုလက်ယာလက်တော် တွင်ထည့်ပေးကြ၏။ ထိုနောက်ရှေ့တော်တွင်ဒူးထောက် လျက် ``ယုဒဘုရင်၊ သက်တော်ရှည်ပါစေသော'' ဟု ပြက်ရယ်ပြုကြ၏။- Garrad Bible ဆူး ဦး ရစ် ရက် ၍ ဦး ခေါင်း တော်၌ တင် ခြင်း၊ လက်ျာ လက် တော် တွင် ကျူ လုံး အပ် ခြင်း၊ ရှေ့ တော်၌ ဒူး ထောက် လျက် ယု ဒ လူ မျိုး တို့ ဘု ရင် ၌ မင်္ဂ လာ ရှိ ပါ စေ သော ဟု ပြောင် လှောင် ခြင်း Judson Bible ဆူးပင်နှင့် ရက်သောဦးရစ်ကို ခေါင်းတော်၌ တင်ကြ၏။ ကျူတစ်လုံးကိုလည်း လက်ယာလက်တော်နှင့် ကိုင်စေပြီးလျှင် ရှေ့တော်မှာဒူးထောက်လျက် ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟူ၍ ကိုယ်တော်ကို ပြက်ရယ်ပြုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဆူးပင်ကိုလည်းသရဖူအဖြစ်ရစ်ခွေပြီး ကိုယ်တော်၏ဦးခေါင်းပေါ်၌ ဆောင်းစေ၍ ကျူရိုးတစ်ချောင်းကို လက်ယာလက်ဖြင့် ကိုင်စေပြီးလျှင် ကိုယ်တော်၏ရှေ့၌ဒူးထောက်လျက် “ဂျူးလူမျိုးတို့၏ဘုရင်၊ မင်္ဂလာရှိပါစေသော”ဟု ပြောင်လှောင်ပြောဆိုကြ၏။ မြန်မာ ဆူးပင်နှင့် ရက်သောဦးရစ်ကို ခေါင်းတော်၌ တင်ကြ၏။ ကျူတစ်လုံးကိုလည်း လက်ယာလက်တော်နှင့် ကိုင်စေပြီးလျှင် ရှေ့တော်မှာဒူးထောက်လျက် ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟူ၍ ကိုယ်တော်ကို ပြက်ရယ်ပြုကြ၏။- |
လူသားကို လူမျိုးခြားတို့၏လက်သို့ အပ်နှံ၍ ပြက်ရယ်ပြုခြင်း၊ ရိုက်နှက်ခြင်း၊ လက်ဝါးကပ်တိုင်တွင် သတ်ခြင်း စသည်တို့ကိုပြုစေလိမ့်မည်။ သို့သော် သုံးရက်မြောက်သောနေ့တွင် သူသည် သေခြင်းမှ ထမြောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
ကိုယ်တော်အား စွဲချက်တင်သည့် အပြစ်ကို ဖော်ပြသောစာမှာ “ဂျူးတို့၏ ရှင်ဘုရင် ယေရှုဖြစ်၏” ဟူ၍ ကမ္ပည်းရေးထိုးပြီး ဦးခေါင်းတော်အထက်တွင် ထားကြ၏။
သူတို့သည် ယေရှုကို ခရမ်းရောင်ဝတ်ရုံ ခြုံပေးကြ၏။ ထို့နောက် ဆူးခက်ဖြင့် ရက်ထားသောသရဖူတစ်ခုကိုလည်း ဦးခေါင်းတော်၌ ဆောင်းပေးကြ၏။