ထိုအချိန်၌ပင် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် အကြီးအကဲများသည် ကယာဖဟု အမည်ရှိသော ယဇ်ပရောဟိတ်မင်း၏ အိမ်၌ စုဝေးလျက်
မဿဲ 27:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း စစ်သားတချို့သည် ယေရှုကို ရောမဘုရင်ခံပိလတ်မင်း၏ ရုံးတော်သို့ ခေါ်ဆောင်သွားကြ၏။ ထို့နောက် စစ်တပ်တစ်တပ်လုံးသည် ယေရှု၏ အနားသို့ စုရုံးလာကြ၏။ Common Language Bible ပိလတ်မင်း၏စစ်သားများသည်သခင်ယေရှုကို ဘုရင်ခံမင်းအိမ်တော်သို့ခေါ်ဆောင်သွားကြ၏။ ထိုနောက်ခြေလျင်တပ်ခွဲတစ်တပ်လုံးသည်ကိုယ် တော်ပတ်လည်စုရုံးလာကြ၏။- Garrad Bible ထို နောက် ဘု ရင် ခံ မင်း၏ စစ် သည် တို့ သည် ယေ ရှု ကို ပ ရဲ တော ရိ ခေါ် ရုံး တော့် အ တွင်း ယူ သွား၍ တစ် တပ် လုံး ဝိုင်း ဝန်း စေ ပြီး လျှင် Judson Bible ထိုအခါ မြို့ဝန်မင်း၏ စစ်သူရဲတို့သည် ယေရှုကို အိမ်တော်ဦးသို့ ဆောင်သွား၍ စစ်သူရဲတစ်တပ်လုံးကို အထံတော်၌ စုရုံးစေပြီးမှ၊- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဘုရင်ခံ၏စစ်သားများသည် ယေရှုကို ရုံးတော်အတွင်းသို့ခေါ်ဆောင်သွား၍ တပ်ဖွဲ့တစ်ဖွဲ့လုံးကို ကိုယ်တော်ထံစုဝေးစေကာ မြန်မာ ထိုအခါ မြို့ဝန်မင်း၏ စစ်သူရဲတို့သည် ယေရှုကို အိမ်တော်ဦးသို့ ဆောင်သွား၍ စစ်သူရဲတစ်တပ်လုံးကို အထံတော်၌ စုရုံးစေပြီးမှ၊- |
ထိုအချိန်၌ပင် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် အကြီးအကဲများသည် ကယာဖဟု အမည်ရှိသော ယဇ်ပရောဟိတ်မင်း၏ အိမ်၌ စုဝေးလျက်
ထို့နောက် နံနက်စောစောအချိန်တွင် လူတို့သည် ယေရှုကို ကယာဖထံမှ ဘုရင်ခံပိလတ်မင်း၏ ရုံးတော်သို့ ခေါ်ဆောင်သွားကြ၏။ ထိုသူတို့သည် ပသခါပွဲတော်ညစာကို စားနိုင်ရန်အတွက် ညစ်ညူးခြင်းမှ ရှောင်လိုသဖြင့် ရုံးတော်ထဲသို့ မဝင်ဘဲနေကြ၏။
ထို့ကြောင့် ယုဒသည် ရောမတပ်ဖွဲ့တစ်ဖွဲ့ကိုလည်းကောင်း၊ ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ဖာရိရှဲတို့လွှတ်လိုက်သော ဗိမာန်တော်အစောင့်များကိုလည်းကောင်း ခေါ်ဆောင်လာ၏။ သူတို့သည် မီးတုတ်များ၊ မီးအိမ်များနှင့် လက်နက်များကို ကိုင်ဆောင်၍ ထိုဥယျာဉ်သို့ ရောက်လာကြ၏။
ထိုအခါ ပိလတ်မင်းသည် ရုံးတော်ထဲသို့ ပြန်ဝင်၍ ယေရှုကို ခေါ်လာစေပြီးလျှင် “သင်သည် ဂျူးတို့၏ ရှင်ဘုရင်ဖြစ်သလော” ဟု မေးလေ၏။
ဆီဇာရီးယားမြို့၌ ကော်နေလိအမည်ရှိသောသူ တစ်ယောက်ရှိ၏။ သူသည် အီတလီတပ်ဟု ခေါ်သောတပ်တွင် လူတစ်ရာကိုအုပ်ချုပ်သည့် ရောမတပ်မှူးတစ်ဦးဖြစ်၏။
“သင့်ကို စွပ်စွဲသူများရောက်လာသောအခါ သင်၏အမှုကို ငါကြားနာမည်” ဟု ဆို၏။ ထို့နောက် ဘုရင်ခံသည် ပေါလုကို ဟေရုဒ်မင်း၏ရုံးတော်၌ စောင့်ကြပ်ထားရန် အမိန့်ပေးလေ၏။
ဖေတ္တုမင်းသည် ကျွန်ုပ်တို့ကို အီတလီသို့ သင်္ဘောဖြင့် ပို့ရန် ဆုံးဖြတ်ပြီးနောက် ထိုသူတို့က ပေါလုနှင့် အခြားအကျဉ်းသားတချို့ကို ဩဂတ်စတပ်နှင့်ဆိုင်သောတပ်၏တပ်မှူး၊ ယုလိအမည်ရှိသောသူထံသို့ လွှဲပြောင်းကြ၏။