သို့ဖြစ်၍ လူထုတို့သည် ပိလတ်မင်းအိမ်ရှေ့တွင် စုဝေးရောက်ရှိသောအခါ ပိလတ်မင်းက “သင်တို့သည် မည်သူ့ကို လွှတ်ပေးစေလိုသနည်း။ ဗာရဗ္ဗလော၊ သို့မဟုတ် ခရစ်တော်ဟု ခေါ်သော ယေရှုလော” ဟု သူတို့အား မေးလေ၏။
မဿဲ 27:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့မေးရခြင်းမှာ ဂျူးဘာသာရေးခေါင်းဆောင်များက ယေရှုကို မနာလို၍ ဖမ်းဆီးကြောင်း ပိလတ်မင်း သိသောကြောင့် ဖြစ်၏။ Common Language Bible ထိုသူတို့မနာလို၍ယေရှုအားမိမိလက်သို့ အပ်နှံကြကြောင်းကိုပိလတ်မင်းသိသတည်း။ Garrad Bible ပိ လတ် မင်း သည် ငြူ စူ၍ ပို့ အပ် သည် ကို သိ သည့် ပြင် Judson Bible အဘယ်ကြောင့် ဤသို့ မေးသနည်းဟူမူကား၊ ထိုသူတို့သည် မနာလိုသောစိတ်နှင့် ယေရှုကိုအပ်နှံကြောင်းကို ပိလတ်မင်းသိ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့မေးခြင်းမှာ သူတို့သည် မလိုမုန်းထားစိတ်ဖြင့် ယေရှုကိုအပ်နှံကြကြောင်း ပိလတ်မင်းသိသောကြောင့်ဖြစ်၏။ မြန်မာ အဘယ်ကြောင့် ဤသို့ မေးသနည်းဟူမူကား၊ ထိုသူတို့သည် မနာလိုသောစိတ်နှင့် ယေရှုကိုအပ်နှံကြောင်းကို ပိလတ်မင်းသိ၏။- |
သို့ဖြစ်၍ လူထုတို့သည် ပိလတ်မင်းအိမ်ရှေ့တွင် စုဝေးရောက်ရှိသောအခါ ပိလတ်မင်းက “သင်တို့သည် မည်သူ့ကို လွှတ်ပေးစေလိုသနည်း။ ဗာရဗ္ဗလော၊ သို့မဟုတ် ခရစ်တော်ဟု ခေါ်သော ယေရှုလော” ဟု သူတို့အား မေးလေ၏။
ထိုအချိန်၌ ပိလတ်မင်းသည် တရားခွင်တွင် ထိုင်နေစဉ် သူ၏ ဇနီးက “ထိုအပြစ်ကင်းသောသူအား မည်သည့်အရာကိုမျှ မပြုနှင့်။ အဘယ်ကြောင့်ဆိုသော် ငါသည် မနေ့ညက အိပ်မက်တွင် ထိုသူနှင့်ပတ်သက်၍ အလွန်စိတ်ဒုက္ခရောက်ရပါ၏” ဟု ပိလတ်မင်းထံသို့ သတင်းပို့လေ၏။
ထိုသို့မေးရခြင်းမှာ ယဇ်ပုရောဟိတ်ခေါင်းဆောင်များက ယေရှုကို မနာလို၍ ဖမ်းဆီးကြောင်း ပိလတ်မင်း သိသောကြောင့် ဖြစ်၏။
သို့သော် ဂျူးတို့သည် ထိုလူအုပ်ကို မြင်သောအခါ မနာလိုစိတ်နှင့် ပြည့်ကြသဖြင့် ပေါလုဟောပြောသောအရာများကို ဆန့်ကျင်၍ ပေါလုအား စော်ကားပြောဆိုကြ၏။
ထိုအခါ ယဇ်ပုရောဟိတ်မင်းနှင့် သူ၏အပေါင်းအဖော်ဖြစ်သော ဇဒ္ဒုကဲများ၏ဂိုဏ်းဝင်တို့သည် မနာလိုစိတ်ရှိကြ၏။
မျိုးနွယ်စုဆယ့်နှစ်စု၏ဖခင်များသည် ယောသပ်ကို မနာလိုကြသဖြင့် အီဂျစ်ပြည်တွင် ကျွန်ခံစေရန် ရောင်းလိုက်ကြ၏။ သို့သော် ဘုရားသခင်သည် ယောသပ်နှင့်အတူ ရှိတော်မူ၍
“ဘုရားသခင်သည် ကျွန်ုပ်တို့အထဲ၌ ရှင်သန်စေတော်မူသည့် လူ့စိတ်ဝိညာဉ်အား မိမိကိုသာ ကိုးကွယ်စေလိုသောသဝန်တိုစိတ်ဖြင့် တောင့်တတော်မူ၏” ဟူ၍ ကျမ်းစာ၌ အကြောင်းမဲ့ ဖော်ပြသည်ဟု သင်တို့ထင်သလော။