လူနှစ်ဦး၊ သို့မဟုတ် သုံးဦးသည် ငါ့အမည်နာမကိုအမှီပြု၍ စုရုံးကြလျှင် ထိုနေရာတွင် ငါသည်သူတို့နှင့်အတူရှိသည်” ဟု မိန့်တော်မူ၏။
မဿဲ 26:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဆင်းရဲသားများသည် သင်တို့နှင့်အတူ အစဉ်အမြဲရှိကြ၏။ သို့ရာတွင် ငါသည် သင်တို့နှင့်အတူ အစဉ်အမြဲ ရှိနေမည်မဟုတ်။ Common Language Bible ဆင်းရဲသူများသည်သင်တို့နှင့်အမြဲရှိနေ ကြမည်။ ငါမူကားသင်တို့နှင့်အမြဲရှိနေ မည်မဟုတ်။- Garrad Bible သူ ဆင်း ရဲ များ သည် သင် တို့ နှင့် အ တူ ရှိ နေ ကြ သည် ငါ မူ ကား အ စဉ် နေ သည် မ ဟုတ်။ Judson Bible ဆင်းရဲသောသူတို့သည် သင်တို့၌ အစဉ်ရှိကြ၏။ ငါမူကား သင်တို့၌အစဉ် ရှိသည်မဟုတ်။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ဆင်းရဲသားတို့သည် သင်တို့နှင့်အတူ အစဉ်ရှိကြ၏။ ငါမူကား သင်တို့နှင့်အတူ အစဉ်ရှိသည်မဟုတ်။ မြန်မာ ဆင်းရဲသောသူတို့သည် သင်တို့၌ အစဉ်ရှိကြ၏။ ငါမူကား သင်တို့၌အစဉ် ရှိသည်မဟုတ်။- |
လူနှစ်ဦး၊ သို့မဟုတ် သုံးဦးသည် ငါ့အမည်နာမကိုအမှီပြု၍ စုရုံးကြလျှင် ထိုနေရာတွင် ငါသည်သူတို့နှင့်အတူရှိသည်” ဟု မိန့်တော်မူ၏။
သို့သော် ယေရှုသည် ထိုအရာကို သိမြင်တော်မူသဖြင့် “ငါ့အတွက် ကောင်းမှုပြုသော ဤအမျိုးသမီးကို အဘယ်ကြောင့် ဝေဖန်ကြသနည်း။
သင်တို့အား ငါပေးသမျှသော ပညတ်တော်အားလုံးကို သူတို့အား သွန်သင်လော့။ ငါသည်လည်း ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်အမြဲရှိနေမည်” ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ကျမ်းပြီးပါပြီ။
ဆင်းရဲသားများသည် သင်တို့နှင့်အတူ အစဉ်အမြဲရှိကြ၏။ ထို့ကြောင့် သင်တို့စိတ်ဆန္ဒရှိသည့်အခါတိုင်း သူတို့ကို ကူညီနိုင်၏။ သို့ရာတွင် ငါသည် သင်တို့နှင့်အတူ အစဉ်အမြဲ ရှိနေမည်မဟုတ်။
ဆင်းရဲသားများသည် သင်တို့နှင့်အတူ အစဉ်အမြဲရှိကြ၏။ သို့ရာတွင် ငါသည် သင်တို့နှင့်အတူ အစဉ်အမြဲ ရှိနေမည်မဟုတ်” ဟု မိန့်တော်မူ၏။
ချစ်သားတို့… ငါသည် သင်တို့နှင့်အတူ ခဏမျှသာနေရတော့မည်။ သင်တို့သည် ငါ့ကို ရှာကြလိမ့်မည်။ သို့ရာတွင် ‘ငါသွားမည့်အရပ်သို့ သင်တို့လိုက်နိုင်ကြမည်မဟုတ်’ ဟု ဂျူးဘာသာရေးခေါင်းဆောင်တို့အား ငါပြောနှင့်ခဲ့ပြီးသည့်အတိုင်း သင်တို့အား ယခုငါပြော၏။
မကြာမီအချိန်တွင် လောကီသားတို့သည် ငါ့ကို မြင်ကြရတော့မည်မဟုတ်။ သို့သော် သင်တို့သည် ငါ့ကို မြင်ကြရလိမ့်မည်။ ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ကြလိမ့်မည်။
ငါသည် ခမည်းတော်ထံမှ ဤလောကသို့ လာခဲ့၏။ ယခု ဤလောကမှ ထွက်ခွာ၍ ခမည်းတော်ထံသို့ ငါပြန်မည်” ဟု မိန့်တော်မူ၏။
ယခုမှာမူ ငါ့ကို စေလွှတ်တော်မူသောအရှင်ထံသို့ ငါသွားမည်။ သို့ရာတွင် ‘အဘယ်အရပ်သို့ သွားမည်နည်း’ ဟု သင်တို့မမေးကြ။
ယခု အကျွန်ုပ်သည် ဤလောကမှ ထွက်ခွာ၍ ကိုယ်တော်ထံသို့ လာပါတော့မည်။ ထိုသူတို့သည် ဤလောက၌ ကျန်ရစ်ခဲ့မည်။ သန့်ရှင်းတော်မူသောအဖ… ကိုယ်တော်နှင့် အကျွန်ုပ်သည် တစ်သားတည်းဖြစ်သကဲ့သို့ ထိုသူတို့သည် တစ်သားတည်းဖြစ်စေရန် အကျွန်ုပ်ထံ ပေးအပ်တော်မူသော ကိုယ်တော်၏တန်ခိုးတော်အားဖြင့် ထိုသူတို့ကို ကာကွယ်စောင့်ရှောက်တော်မူပါ။
ရှေးအခါကပင် သန့်ရှင်းသောပရောဖက်များအားဖြင့် ဘုရားသခင်မိန့်တော်မူခဲ့သည့် အရာခပ်သိမ်းတို့ကို ပြန်လည်အသစ်ပြုပြင်မည့်အချိန်အထိ ထိုအရှင်သည် ကောင်းကင်ဘုံတွင် ရှိတော်မူမည်။
သူတို့၏ တစ်ခုတည်းသော အကြံပြုချက်မှာ ဆင်းရဲသားတို့အား ဆက်၍ သတိရ ကူညီရန် ဖြစ်၏။ ဤအရာသည် ကျွန်ုပ်လုပ်ဆောင်ရန် စိတ်အားထက်သန်နေခဲ့သောအရာ ဖြစ်၏။
တစ်စုံတစ်ဦးသည် လောကီစည်းစိမ်ဥစ္စာရှိသော်လည်း ဆင်းရဲသော ညီအစ်ကိုမောင်နှမတို့ကို မြင်၍ မသနားပါက ထိုလူ၌ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် မည်သို့ရှိနိုင်မည်နည်း။