လူသားသည် ခမည်းတော်၏ ဘုန်းတော်ကိုဆောင်၍ ကောင်းကင်တမန်များ ခြံရံလျက် ကြွလာလိမ့်မည်။ လူအပေါင်းတို့အား သူတို့ပြုခဲ့သည့်အကျင့်အတိုင်း ဆပ်ပေးတော်မူလိမ့်မည်။
မဿဲ 24:39 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ရေလွှမ်းမိုး၍ သေကျေပျက်စီးသည့်အချိန်တိုင်အောင် သူတို့သည် သတိကင်းမဲ့လျက် နေကြ၏။ လူသားကြွလာသောအခါ၌လည်း ထိုနည်းတူ ဖြစ်လိမ့်မည်။ Common Language Bible သူတို့သည်ရေလွှမ်းမိုး၍သေကြေပျက်စီးကြ သည့်အချိန်တိုင်အောင်သတိမဲ့လျက်နေကြ၏။ လူသားကြွလာတော်မူချိန်၌လည်းထိုနည်းတူ ဖြစ်လိမ့်မည်။- Garrad Bible ဘေး ရောက်၍ အ ကုန် မ ပါ မ သွား မီ အ လျှင်း သ တိ မ ရ ကြ သည့် နည်း တူ လူ့ သား ကြွ လာ ခြင်း ဖြစ် လိမ့် မည်။ Judson Bible ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် တိုင်အောင် သတိမဲ့နေကြသည် နည်းတူ၊ လူသားကြွလာသောအခါ၌ ဖြစ်လိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ရေလွှမ်းမိုးခြင်းရောက်လာပြီး သူတို့အားလုံးကို ဖယ်ရှားသုတ်သင်သည့်တိုင်အောင် သတိကင်းမဲ့လျက်နေကြ၏။ လူ့သားကြွလာသောအခါ၌လည်း ထိုနည်းတူဖြစ်လိမ့်မည်။ မြန်မာ ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် တိုင်အောင် သတိမဲ့နေကြသည် နည်းတူ၊ လူသားကြွလာသောအခါ၌ ဖြစ်လိမ့်မည်။- |
လူသားသည် ခမည်းတော်၏ ဘုန်းတော်ကိုဆောင်၍ ကောင်းကင်တမန်များ ခြံရံလျက် ကြွလာလိမ့်မည်။ လူအပေါင်းတို့အား သူတို့ပြုခဲ့သည့်အကျင့်အတိုင်း ဆပ်ပေးတော်မူလိမ့်မည်။
ထို့နောက် ယေရှုသည် သံလွင်တောင်ပေါ်၌ ထိုင်တော်မူစဉ် တပည့်တော်တို့သည် အခြားသူများမပါဘဲ ယေရှုထံတော်သို့ ချဉ်းကပ်၍ “ထိုအရာများအားလုံးသည် မည်သည့်အချိန်၌ ဖြစ်ပျက်ပါမည်နည်း။ သခင် ကြွလာချိန်နှင့် ကမ္ဘာကုန်ဆုံးချိန်၌ မည်သည့်နိမိတ်များ ဖြစ်ပေါ်မည်နည်း။ အကျွန်ုပ်တို့အား မိန့်တော်မူပါ” ဟု လျှောက်ကြ၏။
ထိုအရာများပြီးမှ နောက်ဆုံးတွင် လူသားကြွလာမည့် နိမိတ်လက္ခဏာသည် ကောင်းကင်၌ ပေါ်လာလိမ့်မည်။ ကမ္ဘာပေါ်ရှိ လူမျိုးအပေါင်းတို့သည်လည်း ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ထိုအခါ လူသားသည် ကြီးမားသည့်တန်ခိုးတော်နှင့် ဘုန်းတော်တို့ဖြင့် ကောင်းကင်မှ မိုးတိမ်စီးလျက် ကြွလာသည်ကို လူတို့မြင်ကြရလိမ့်မည်။
ထိုအခါ လယ်ထဲတွင် လုပ်သားနှစ်ဦးရှိသည့်အနက် တစ်ဦးသည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ဦးသည် ကျန်ရစ်ခဲ့လိမ့်မည်။
သင်နှင့် သင်၏သားသမီးများကို မြေပေါ်တွင် ဖိကြိတ်ကြလိမ့်မည်။ ကျောက်တစ်ချပ်အပေါ်တွင် တစ်ချပ်မျှ တင်ကျန်လိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင် ကြည့်ရှုစီရင်တော်မူသောနေ့ကို မသိမမှတ်သောကြောင့်ဖြစ်သည်” ဟု မိန့်တော်မူ၏။
အကျင့်ဆိုးတို့ကို ကျင့်သောသူတို့သည် အလင်းကို မုန်းကြ၏။ မိမိတို့၏ အကျင့်ဆိုးများ ပေါ်လာမည်ကို စိုးသောကြောင့် အလင်းသို့ မချဉ်းကပ်ကြ။
‘အို မထီမဲ့မြင်ပြုသောသူတို့… ကြည့်ရှုအံ့ဩ၍ ပျက်စီးရာသို့ရောက်ကြလော့။ အဘယ်ကြောင့်ဆိုသော် သင်တို့ခေတ်ကာလတွင် ငါသည် အမှုတစ်ခုပြုမည်ဖြစ်သောကြောင့်ပင်။ တစ်စုံတစ်ယောက်က ထိုအမှုကို သင်တို့အား ပြောပြလျှင်လည်း လုံးဝယုံကြည်ကြမည်မဟုတ်’ ဟူ၍ ဖြစ်သည်” ဟု ဟောပြောလေ၏။
ထို့ပြင် ဘုရားသခင်ကို အသိအမှတ်ပြုခြင်းသည် မိုက်မဲသည်ဟု သူတို့ထင်မှတ်သောကြောင့် ဘုရားသခင်သည် သူတို့ကို ပညာမဲ့စွာတွေးခေါ်ခြင်းလက်သို့ အပ်လိုက်တော်မူ၏။ ထို့ကြောင့် သူတို့သည် မပြုအပ်သောအမှုတို့ကို ပြုကြ၏။
သို့သော် ဘုရားသခင်သည် နှုတ်ကပတ်တော်အားဖြင့် ကောင်းကင်ကို ရှေးယခင်ကပင် တည်ရှိစေပြီး ရေဖြင့် မြေကြီးကို ရေထဲမှ ပေါ်ထွက်စေကြောင်း သူတို့ တမင်မေ့လျော့ထားကြ၏။