မဿဲ 24:39 - မြန်မာ့စံမီသမ္မာကျမ်း39 ရေလွှမ်းမိုးခြင်းရောက်လာပြီး သူတို့အားလုံးကို ဖယ်ရှားသုတ်သင်သည့်တိုင်အောင် သတိကင်းမဲ့လျက်နေကြ၏။ လူ့သားကြွလာသောအခါ၌လည်း ထိုနည်းတူဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible39 သူတို့သည်ရေလွှမ်းမိုး၍သေကြေပျက်စီးကြ သည့်အချိန်တိုင်အောင်သတိမဲ့လျက်နေကြ၏။ လူသားကြွလာတော်မူချိန်၌လည်းထိုနည်းတူ ဖြစ်လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible39 ဘေး ရောက်၍ အ ကုန် မ ပါ မ သွား မီ အ လျှင်း သ တိ မ ရ ကြ သည့် နည်း တူ လူ့ သား ကြွ လာ ခြင်း ဖြစ် လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible39 ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် တိုင်အောင် သတိမဲ့နေကြသည် နည်းတူ၊ လူသားကြွလာသောအခါ၌ ဖြစ်လိမ့်မည်။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း39 ရေလွှမ်းမိုး၍ သေကျေပျက်စီးသည့်အချိန်တိုင်အောင် သူတို့သည် သတိကင်းမဲ့လျက် နေကြ၏။ လူသားကြွလာသောအခါ၌လည်း ထိုနည်းတူ ဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ39 ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် တိုင်အောင် သတိမဲ့နေကြသည် နည်းတူ၊ လူသားကြွလာသောအခါ၌ ဖြစ်လိမ့်မည်။- အခန်းကိုကြည့်ပါ။ |
“ထိုအမှုကို ငါတို့မသိခဲ့ပါ”ဟု သင်ဆိုလျှင်လည်း စိတ်နှလုံးတို့ကိုချိန်တွယ်တော်မူသောအရှင်သည် ထိုအရာကိုမသိနားမလည်ဘဲနေမည်လော။ သင်၏စိတ်ဝိညာဉ်ကို ထိန်းသိမ်းစောင့်ရှောက်တော်မူသောအရှင်သည် မသိဘဲနေမည်လော။ ကိုယ်တော်သည် လူတို့အား မိမိလုပ်ဆောင်မှုနှင့်အညီ မဆပ်ပေးဘဲနေမည်လော။
သင်မှစ၍ သင့်အထဲ၌ရှိသော သင်၏သားသမီးတို့ကို မြေနှင့်တစ်ညီတည်းဖြစ်စေသဖြင့် သင့်အထဲတွင် ကျောက်တုံးတစ်တုံးကိုမျှ အခြားကျောက်တုံးတစ်တုံးပေါ်၌မကျန်ရစ်စေမည့် အချိန်ကာလသည် ရောက်လာလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင့်ထံ အကြည့်အရှုကြွလာတော်မူသောအချိန်ကို သင်မသိသောကြောင့်ဖြစ်၏”ဟု မိန့်တော်မူ၏။
ဘုရားသခင်သည် လူမှစ၍ ယဉ်ပါးသောတိရစ္ဆာန်များ၊ တွားသွားသောတိရစ္ဆာန်များနှင့် မိုးကောင်းကင်ငှက်များအပါအဝင် မြေပြင်ပေါ်ရှိသတ္တဝါအပေါင်းတို့ကို သုတ်သင်ပယ်ရှင်းတော်မူသဖြင့် ၎င်းတို့သည် မြေကြီးပေါ်မှ ပျောက်ပျက်သွားလေ၏။ နောဧမှစ၍ သူနှင့်အတူ သင်္ဘောထဲ၌ရှိသောသူတို့သာ ကြွင်းကျန်ကြလေ၏။
ထို့နောက် သံလွင်တောင်ပေါ်၌ ကိုယ်တော်ထိုင်နေတော်မူစဉ် တပည့်တော်တို့သည် သူတို့ချည်းသာ အထံတော်သို့ချဉ်းကပ်လာ၍ “ထိုအရာများသည် မည်သည့်အချိန်၌ဖြစ်ပျက်မည်ကိုလည်းကောင်း၊ ကိုယ်တော်ကြွလာတော်မူချိန်နှင့် ကပ်ကမ္ဘာကုန်ဆုံးချိန်တို့၌ မည်သည့်အတိတ်နိမိတ်ဖြစ်ပေါ်မည်ကိုလည်းကောင်း အကျွန်ုပ်တို့အား မိန့်တော်မူပါ”ဟု လျှောက်ကြ၏။