လူသားသည် ခမည်းတော်၏ ဘုန်းတော်ကိုဆောင်၍ ကောင်းကင်တမန်များ ခြံရံလျက် ကြွလာလိမ့်မည်။ လူအပေါင်းတို့အား သူတို့ပြုခဲ့သည့်အကျင့်အတိုင်း ဆပ်ပေးတော်မူလိမ့်မည်။
မဿဲ 24:37 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူသားသည် ပြန်ကြွလာသောအခါ နောဧ လက်ထက်၌ ဖြစ်ပျက်သကဲ့သို့ ဖြစ်ပျက်လိမ့်မည်။ Common Language Bible နောဧလက်ထက်ကဖြစ်ပျက်သကဲ့သို့လူသား ကြွလာသောအခါ၌လည်းဖြစ်ပျက်လိမ့်မည်။- Garrad Bible လူ့ သား ကြွ လာ ခြင်း သည် နော ဧ လက် ထက် ကဲ့ သို့ ဖြစ် လိမ့် မည်။ Judson Bible လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း လူ့သား၏ကြွလာခြင်းသည် နောဧ၏နေ့ရက်များကဲ့သို့ဖြစ်လိမ့်မည်။ မြန်မာ လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။- |
လူသားသည် ခမည်းတော်၏ ဘုန်းတော်ကိုဆောင်၍ ကောင်းကင်တမန်များ ခြံရံလျက် ကြွလာလိမ့်မည်။ လူအပေါင်းတို့အား သူတို့ပြုခဲ့သည့်အကျင့်အတိုင်း ဆပ်ပေးတော်မူလိမ့်မည်။
လျှပ်စီးသည် ကောင်းကင်အရှေ့ဘက်မှ လက်၍ အနောက်ဘက်တိုင်အောင် ထွန်းလင်းသကဲ့သို့ လူသား ကြွလာသောအခါ၌လည်း ထိုကဲ့သို့ ဖြစ်လိမ့်မည်။
ထို့နောက် ယေရှုသည် သံလွင်တောင်ပေါ်၌ ထိုင်တော်မူစဉ် တပည့်တော်တို့သည် အခြားသူများမပါဘဲ ယေရှုထံတော်သို့ ချဉ်းကပ်၍ “ထိုအရာများအားလုံးသည် မည်သည့်အချိန်၌ ဖြစ်ပျက်ပါမည်နည်း။ သခင် ကြွလာချိန်နှင့် ကမ္ဘာကုန်ဆုံးချိန်၌ မည်သည့်နိမိတ်များ ဖြစ်ပေါ်မည်နည်း။ အကျွန်ုပ်တို့အား မိန့်တော်မူပါ” ဟု လျှောက်ကြ၏။
ထိုအရာများပြီးမှ နောက်ဆုံးတွင် လူသားကြွလာမည့် နိမိတ်လက္ခဏာသည် ကောင်းကင်၌ ပေါ်လာလိမ့်မည်။ ကမ္ဘာပေါ်ရှိ လူမျိုးအပေါင်းတို့သည်လည်း ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ထိုအခါ လူသားသည် ကြီးမားသည့်တန်ခိုးတော်နှင့် ဘုန်းတော်တို့ဖြင့် ကောင်းကင်မှ မိုးတိမ်စီးလျက် ကြွလာသည်ကို လူတို့မြင်ကြရလိမ့်မည်။
ရေလွှမ်းမိုး၍ သေကျေပျက်စီးသည့်အချိန်တိုင်အောင် သူတို့သည် သတိကင်းမဲ့လျက် နေကြ၏။ လူသားကြွလာသောအခါ၌လည်း ထိုနည်းတူ ဖြစ်လိမ့်မည်။
မမြင်ရသေးသောအဖြစ်အပျက်များကို ဘုရားသခင် ဖော်ပြတော်မူသောအခါ နောဧသည် ယုံကြည်သဖြင့် ကြောက်ရွံ့ရိုသေလျက် မိမိ၏မိသားစုကို ကယ်တင်ရန် သင်္ဘောကို ဆောက်လုပ်ခဲ့၏။ သူသည် မိမိ၏ယုံကြည်ခြင်းဖြင့် လောကီသားတို့၏ အပြစ်ကို စီရင်၍ ယုံကြည်ခြင်းကြောင့် ရရှိသော ဖြောင့်မတ်ခြင်းကို အမွေခံခဲ့၏။
ဘုရားသခင်သည် ရှေးခေတ်လောကီသားတို့ကိုလည်း ချမ်းသာပေးတော်မမူဘဲ ထိုဘုရားတရားမဲ့သောလောကီသားတို့ကို ရေလွှမ်းမိုး၍ ဖြောင့်မတ်ခြင်းတရားကို ဟောပြောသူ နောဧနှင့် သူ၏ မိသားစုဝင်ခုနစ်ဦးတို့ကိုသာ ကာကွယ်တော်မူ၏။