ထို့ကြောင့် သင်တို့သည်လည်း သင်တို့၏ သခင်ဘုရားသည် မည်သည့်နေ့၌ ကြွလာမည်ကို မသိကြသောကြောင့် သတိနှင့် စောင့်နေကြလော့။
မဿဲ 24:36 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ထိုအရာများသည် မည်သည့်နေ့ရက်၊ မည်သည့်အချိန်နာရီ၌ ဖြစ်ပျက်လာမည်ကို မည်သူမျှ မသိ။ ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များလည်း မသိ။ သားတော်လည်း မသိ။ ခမည်းတော်တစ်ပါးတည်းသာလျှင် သိတော်မူ၏။ Common Language Bible ``သို့သော်လည်းထိုအမှုအရာများဖြစ်ပျက် မည့်နေ့ရက်နှင့်အချိန်နာရီကိုခမည်းတော်မှ တစ်ပါးအဘယ်သူမျှမသိ။ ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များလည်းမသိ။ သားတော် လည်းမသိ။- Garrad Bible သို့ ရာ တွင် ထို နေ့ ရက် နာ ရီ ကို မည် သူ မျှ မ သိ ကောင်း ကင် ဘုံ ရှိ စေ တ မန် တော် များ မ သိ၊ သား တော် လည်း မ သိ၊ ခ မည်း တော် သာ သိ တော် မူ၏။ Judson Bible ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန် မသိ။ ငါ့ခမည်းတော်တစ်ပါးတည်းသာ သိတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်၊ ထိုအချိန်နာရီနှင့်ပတ်သက်၍မူကား ခမည်းတော်တစ်ပါးတည်းမှလွဲ၍ မည်သူမျှမသိ။ ကောင်းကင်ဘုံရှိကောင်းကင်တမန်များလည်းမသိ။ သားတော်လည်းမသိ။ မြန်မာ ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန် မသိ။ ငါ့ခမည်းတော်တစ်ပါးတည်းသာ သိတော်မူ၏။ |
ထို့ကြောင့် သင်တို့သည်လည်း သင်တို့၏ သခင်ဘုရားသည် မည်သည့်နေ့၌ ကြွလာမည်ကို မသိကြသောကြောင့် သတိနှင့် စောင့်နေကြလော့။
ထို့ကြောင့် လူသားသည် သင်တို့ မထင်မှတ်ထားသောအချိန်တွင် ကြွလာမည်ဖြစ်၍ သင်တို့သည်လည်း အဆင်သင့်ရှိနေကြလော့။
သို့ဖြစ်၍ သင်တို့သည်လည်း သတိနှင့် စောင့်နေကြလော့။ အဘယ်ကြောင့်ဆိုသော် ငါပြန်လာမည့် နေ့ရက်နှင့် အချိန်နာရီကို သင်တို့မသိသောကြောင့်ဖြစ်၏။
သို့သော် ထိုအရာများသည် မည်သည့်နေ့ရက်၊ မည်သည့်အချိန်နာရီ၌ ဖြစ်ပျက်လာမည်ကို မည်သူမျှ မသိ။ ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များလည်း မသိ။ သားတော်လည်း မသိ။ ခမည်းတော်တစ်ပါးတည်းသာလျှင် သိတော်မူ၏။
ယေရှုက “ခမည်းတော်၏ အခွင့်အာဏာတော်နှင့် ချမှတ်ထားတော်မူသော အချိန်ကာလကို သင်တို့သိခွင့်မရကြ။
အဘယ်ကြောင့်ဆိုသော် သူခိုးသည် ညအချိန်လာသကဲ့သို့ သခင်ဘုရား၏ နေ့ရက်သည် မမျှော်လင့်ဘဲရောက်လာမည်ကို သင်တို့ကောင်းစွာသိသောကြောင့် ဖြစ်၏။
သို့သော် ထာဝရဘုရား၏နေ့ရက်သည် သူခိုးကဲ့သို့ ရောက်လာလိမ့်မည်။ ကောင်းကင်သည် မြည်ဟည်း၍ ပျောက်ကွယ်လိမ့်မည်။ လောကဓာတ်တို့သည် အလွန်ပူပြင်း၍ ပျက်ပြယ်သွားကြလိမ့်မည်။ ကမ္ဘာမြေကြီးနှင့် ကမ္ဘာမြေပေါ်တွင် ပြုလုပ်ထားသမျှ အရာအားလုံးသည် ပျောက်ကွယ်သွားလိမ့်မည်။
“ကြည့်လော့။ သူခိုးကဲ့သို့ ငါလာမည်။ သို့ဖြစ်၍ အဝတ်မပါဘဲ သွားလာသဖြင့် အရှက်ကွဲခြင်းမျိုး မဖြစ်စေရန် မိမိ၏ အဝတ်ကို အသင့်ဝတ်ဆင်လျက် နိုးကြားနေသောသူသည် မင်္ဂလာရှိ၏။”
ထို့ကြောင့် သင်သည် ကြားနာ၍ ခံယူပြီးသောအရာကို သတိရလျက် လိုက်နာလော့။ နောင်တရလော့။ သင်မနိုးထလျှင် သူခိုးကဲ့သို့ ငါလာမည်။ မည်သည့်အချိန်၌ လာမည်ကို သင်သိရမည်မဟုတ်။