ထိုအခါ ဘုရင်သည် အမျက်ထွက်၍ သူ၏တပ်ကို စစ်ချီစေပြီး ထိုလူသတ်သမားများကို သတ်ကာ သူတို့၏မြို့ကို မီးရှို့စေ၏။
မဿဲ 22:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် သူ၏ အစေအပါးတို့အား ‘မင်္ဂလာဧည့်ခံပွဲသည် အဆင်သင့်ဖြစ်ပြီ။ သို့သော် ဖိတ်ခေါ်ခံထားရသောသူများသည် မင်္ဂလာပွဲနှင့် မထိုက်တန်ကြပါ။ Common Language Bible ထိုနောက်မင်းစေတို့ကိုခေါ်ပြီးလျှင်မင်္ဂလာဆောင် ဧည့်ခံပွဲသည်အသင့်ရှိပြီဖြစ်သော်လည်းဖိတ် ကြားခြင်းခံရသူတို့သည်ထိုပွဲနှင့်မထိုက်မတန် ကြသဖြင့်၊- Garrad Bible ထို နောက် ဘု ရင် မင်း က မင်္ဂ လာ ဆောင် ပွဲ အ သင့် ရှိ သော် လည်း ဖိတ် ထား သူ တို့ မှာ မ ထိုက် တန် ကြ။ Judson Bible ထိုနောက်မှ မင်းကြီးသည်လုလင်တို့ကိုခေါ်၍ ငါ၏ မင်္ဂလာဆောင်ပွဲသည် အသင့်ရှိ၏။ ခေါ်ဖိတ်သောသူတို့သည် မထိုက်မတန်သောကြောင့်၊- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူ၏အစေအပါးတို့အား ‘မင်္ဂလာဆောင်ပွဲသည် အဆင်သင့်ဖြစ်သော်လည်း ဖိတ်ခေါ်ထားသောသူတို့သည် မထိုက်တန်ကြသောကြောင့် မြန်မာ ထိုနောက်မှ မင်းကြီးသည်လုလင်တို့ကိုခေါ်၍ ငါ၏ မင်္ဂလာဆောင်ပွဲသည် အသင့်ရှိ၏။ ခေါ်ဖိတ်သောသူတို့သည် မထိုက်မတန်သောကြောင့်၊- |
ထိုအခါ ဘုရင်သည် အမျက်ထွက်၍ သူ၏တပ်ကို စစ်ချီစေပြီး ထိုလူသတ်သမားများကို သတ်ကာ သူတို့၏မြို့ကို မီးရှို့စေ၏။
ထို့ကြောင့် လမ်းဆုံလမ်းခွများသို့ သွား၍ တွေ့သမျှသောသူတို့ကို မင်္ဂလာဧည့်ခံပွဲသို့ ဖိတ်ခေါ်ခဲ့ကြလော့’ ဟု အမိန့်ပေးလေ၏။
ထိုအခါ ယေရှုက “သတို့သား၏ မိတ်ဆွေအပေါင်းအသင်းများသည် ထိုသတို့သားနှင့်အတူရှိနေစဉ် ဝမ်းနည်းပူဆွေးတတ်ကြသလော။ သို့သော်လည်း သတို့သားကို သူတို့ထံမှ ခေါ်ယူသွားမည့်အချိန် ရောက်လာလိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။
သို့သော်လည်း နောင်ဘဝတွင် သေရာမှပြန်ရှင်ခွင့်ကို ခံစားထိုက်သောသူတို့သည် လက်ထပ်ယူခြင်းနှင့် လက်ထပ်ပေးစားခြင်းကို ပြုကြမည်မဟုတ်။
ထို့ကြောင့် ကျရောက်လာမည့် ဘေးတို့မှ လွတ်မြောက်ရေးအတွက် အားအင်ရရှိရန်နှင့် လူသားရှေ့တော်မှောက်တွင် ရပ်နိုင်ရန် အချိန်တိုင်း ဆုတောင်း၍ သတိနှင့်နေကြလော့” ဟု မိန့်တော်မူ၏။
ထိုအခါ ပေါလုနှင့် ဗာနဗတို့သည် ရဲရင့်စွာ ဟောပြောကြသည်မှာ “ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို သင်တို့ထံဦးစွာ ဟောပြောရ၏။ သို့သော် ထိုအရာကိုသင်တို့သည် ငြင်းပယ်၍ ထာဝရအသက်သည် သင်တို့နှင့်မထိုက်တန်ကြောင်း မှတ်ယူဆုံးဖြတ်သောကြောင့် ယခုကျွန်ုပ်တို့သည် လူမျိုးခြားများဆီသို့ ဦးတည်ကြ၏။
ဤအရာသည် ဘုရားသခင်၏ တရားစီရင်တော်မူခြင်းက တရားမျှတကြောင်း ပေါ်လွင်သည့် အထောက်အထားဖြစ်ပြီး ထိုသို့ ဘုရားသခင်၏ နိုင်ငံတော်အတွက် ဆင်းရဲဒုက္ခခံရသောကြောင့် ထိုနိုင်ငံတော်နှင့် ထိုက်တန်သည်ဟု သတ်မှတ်ခံရရန် ရည်ရွယ်၏။
မိမိတို့၏ ဝတ်ရုံများကို လျှော်ဖွပ်သောသူတို့သည် မင်္ဂလာရှိကြ၏။ ထိုသူတို့သည် မြို့တံခါးများမှ မြို့ထဲသို့ ဝင်၍ အသက်ပင်၏ အသီးကို စားခွင့်ရလိမ့်မည်။
သို့ရာတွင် သာဒိမြို့၌ မိမိတို့အဝတ်ကို မညစ်ညူးစေသောသူတချို့ ရှိကြသေး၏။ သူတို့သည် ထိုက်တန်သောသူများဖြစ်သောကြောင့် ဖြူသောအဝတ်ကို ဝတ်ဆင်လျက် ငါနှင့်အတူ သွားလာကြလိမ့်မည်။