ဆူးပင်ကြားတွင် ကျသောမျိုးစေ့မှာ တရားစကားကိုကြားသော်လည်း လောကီရေးရာကိုစိုးရိမ်ခြင်းနှင့် စည်းစိမ်၏ဖြားယောင်းခြင်းတို့က ထိုတရားစကားကို လျင်မြန်စွာ ပိတ်ဆို့ထားသဖြင့် အသီးမသီးနိုင်သောသူကို ဆိုလို၏။
မဿဲ 22:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော်လည်း ဖိတ်ခေါ်ခံထားရသောသူများသည် လျစ်လျူရှု၍ တချို့သည် မိမိလယ်သို့လည်းကောင်း၊ တချို့သည် ကုန်သွယ်ရာသို့လည်းကောင်း ထွက်သွားကြ၏။ Common Language Bible သို့ရာတွင်ဖိတ်ကြားထားသူတို့သည်မင်းစေ တို့ကိုဂရုမစိုက်ဘဲတစ်ယောက်ကလယ်တော သို့လည်းကောင်း၊ အခြားတစ်ယောက်ကမိမိ ကုန်သွယ်ရာသို့လည်းကောင်းသွားကြ၏။- Garrad Bible ထို သူ တို့ သည် အ ရေး မ ယူ ဘဲ တစ် ယောက် က ကိုယ့် လယ် ယာ သို့ လည်း ကောင်း၊ တစ် ယောက် က ကုန် စည် ရှိ ရာ သို့ လည်း ကောင်း၊ Judson Bible သို့သော်လည်း ထိုသူတို့သည် နားမထောင်ဘဲ အချို့တို့သည် မိမိလယ်သို့ သွားကြ၏။ အချို့တို့သည် ကုန်သွယ်ရာသို့ သွားကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် သူတို့သည် ဂရုမစိုက်ကြဘဲ တစ်ဦးသည် မိမိလယ်သို့လည်းကောင်း၊ အခြားတစ်ဦးသည် မိမိကုန်သွယ်ရာသို့လည်းကောင်း သွားကြ၏။ မြန်မာ သို့သော်လည်း ထိုသူတို့သည် နားမထောင်ဘဲ အချို့တို့သည် မိမိလယ်သို့ သွားကြ၏။ အချို့တို့သည် ကုန်သွယ်ရာသို့ သွားကြ၏။- |
ဆူးပင်ကြားတွင် ကျသောမျိုးစေ့မှာ တရားစကားကိုကြားသော်လည်း လောကီရေးရာကိုစိုးရိမ်ခြင်းနှင့် စည်းစိမ်၏ဖြားယောင်းခြင်းတို့က ထိုတရားစကားကို လျင်မြန်စွာ ပိတ်ဆို့ထားသဖြင့် အသီးမသီးနိုင်သောသူကို ဆိုလို၏။
နောက်တစ်ဖန် သူသည် အခြားအစေအပါးတို့ကို စေလွှတ်၍ ‘ဧည့်ခံပွဲကို ငါပြင်ဆင်ထားပြီ။ နွားများနှင့် ဆူဖြိုးသောနွားကလေးများကိုလည်း သတ်ထားပြီ။ အရာအားလုံး အဆင်သင့်ဖြစ်ပြီ။ မင်္ဂလာဧည့်ခံပွဲသို့ လာကြပါဟူ၍ ဖိတ်ခေါ်ခံထားရသောသူများအား ပြောကြလော့’ ဟု မှာလိုက်ပြန်၏။
ယေရှုက ချိုးငှက်ရောင်းသူတို့အား “ဤအရာများကို ယူသွားကြ။ ငါ့အဖအိမ်တော်ကို ဈေးမဖြစ်စေနှင့်” ဟု မိန့်တော်မူ၏။
လူတချို့က “သူတို့သည် စပျစ်ဝိုင်အသစ်ကိုသောက်၍ မူးယစ်နေကြသည်” ဟု ကဲ့ရဲ့ပြောဆိုကြ၏။
သို့သော် ပေါလုသည် ဖြောင့်မတ်ခြင်းတရားအကြောင်း၊ မိမိကိုယ်ကိုယ်ချုပ်တည်းခြင်းအကြောင်းနှင့် ရောက်လာမည့်တရားစီရင်ခြင်းအကြောင်းစသည်တို့ကို ပြောဆိုသောအခါ ဖေလဇ်မင်းသည် ကြောက်လန့်၍ “ယခု သင်ပြန်လော့။ နောက်မှ အချိန်အလျဉ်းသင့်သည့်အခါ သင့်ကို ငါခေါ်မည်” ဟု ဆို၏။
သို့မဟုတ် ဘုရားသခင်၏ ကြင်နာခြင်းသည် သင့်ကို နောင်တရစေရန်ဖြစ်သည်ကို နားမလည်ဘဲ ကိုယ်တော်၏ ကြွယ်ဝသောကျေးဇူးပြုခြင်း၊ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့ကို သင်သည် မထီမဲ့မြင်ပြုသလော။
လူ့ဗီဇစိတ်နှင့်ဆိုင်သော အရာတို့ကို စွဲလမ်းသောသူသည် အသက်ဆုံးရလိမ့်မည်။ ဝိညာဉ်တော်နှင့်ဆိုင်သော အရာတို့ကို စွဲလမ်းသောသူသည် အသက်ရှင်၍ ငြိမ်းချမ်းမှုကို ရလိမ့်မည်။
သစ္စာဖောက်သူ၊ ဆင်ခြင်တုံတရားကင်းမဲ့သူ၊ ဘဝင်မြင့်သူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားမှုကို နှစ်သက်သူ၊
ဤမျှထူးမြတ်သည့်ကယ်တင်ခြင်းတရားကို ကျွန်ုပ်တို့ လျစ်လျူရှုပါက အပြစ်ဒဏ်မှ မည်သို့လွတ်မြောက်နိုင်ကြမည်နည်း။ ဤကယ်တင်ခြင်းတရားကို သခင်ဘုရားကိုယ်တိုင် ဦးစွာ ဟောတော်မူပြီးနောက် ကြားနာသူများက ကျွန်ုပ်တို့အား ထိုတရားတော်မှန်ကန်ကြောင်း အတည်ပြုပေးခဲ့ကြ၏။
ထိုသူတို့သည် မိမိတို့၏ လောဘစိတ်နှင့် လုပ်ကြံဇာတ်လမ်းများဖြင့် သင်တို့အပေါ် အမြတ်ထုတ်ကြလိမ့်မည်။ ဘုရားသခင်သည် ထိုသူတို့ ခံရမည့်ပြစ်ဒဏ်ကို ယခင်ကပင် ချမှတ်ထားတော်မူခဲ့၏။ သူတို့၏ ပျက်စီးခြင်းကိုလည်း နှောင့်နှေးစေတော်မူမည် မဟုတ်။