ယေရှုသည် သနားတော်မူသဖြင့် သူတို့၏မျက်စိကို လက်နှင့်တို့ထိတော်မူ၏။ သူတို့သည် ချက်ချင်းပင် မျက်စိမြင်၍ နောက်တော်သို့လိုက်ကြ၏။
မဿဲ 21:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုနှင့် တပည့်တော်တို့သည် ဂျေရုဆလင်မြို့သို့ ချဉ်းကပ်၍ သံလွင်တောင်ခြေရှိ ဗက်ဖာဂေရွာသို့ ရောက်လာကြ၏။ ထိုအခါ ယေရှုသည် တပည့်တော်နှစ်ပါးကို စေလွှတ်၍ Common Language Bible ကိုယ်တော်နှင့်တပည့်တော်တို့သည်ယေရုရှလင် မြို့သို့ချဉ်းကပ်လာသဖြင့် သံလွင်တောင်အနီး ရှိဗက်ဖာဂေရွာသို့ရောက်ကြ၏။ သခင်ယေရှု သည်တပည့်တော်နှစ်ယောက်အား၊- Garrad Bible ယေ ရု ရှ လင် အ နီး သံ လွင် တောင် ခြေ ရင်း ရှိ ဗက် ဖာ ဂေ ရွာ သို့ ရောက် ကြ သော် ယေ ရှု သည် တ ပည့် တော် နှစ် ပါး ကို စေ လွှတ် လျက်၊ Judson Bible ယေရုရှလင်မြို့အနီးသို့ ချဉ်း၍ သံလွင်တောင်ခြေရင်း၌ ဗက်ဖာဂေရွာသို့ ရောက်ကြသောအခါ ယေရှုသည် တပည့်တော်နှစ်ယောက်တို့ကို စေလွှတ်၍၊- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ဂျေရုဆလင်မြို့အနီးသို့ရောက်၍ သံလွင်တောင်ခြေရှိ ဗက်ဖာဂေရွာသို့ ရောက်လာကြသောအခါ ယေရှုသည် တပည့်တော်နှစ်ပါးကိုစေလွှတ်၍ မြန်မာ ယေရုရှလင်မြို့အနီးသို့ ချဉ်း၍ သံလွင်တောင်ခြေရင်း၌ ဗက်ဖာဂေရွာသို့ ရောက်ကြသောအခါ ယေရှုသည် တပည့်တော်နှစ်ယောက်တို့ကို စေလွှတ်၍၊- |
ယေရှုသည် သနားတော်မူသဖြင့် သူတို့၏မျက်စိကို လက်နှင့်တို့ထိတော်မူ၏။ သူတို့သည် ချက်ချင်းပင် မျက်စိမြင်၍ နောက်တော်သို့လိုက်ကြ၏။
“သင်တို့ရှေ့တွင်ရှိသော ရွာသို့သွားကြလော့။ ရွာထဲသို့ ဝင်လျှင်ဝင်ချင်း ကြိုးချည်ထားသောမြည်းမနှင့် မြည်းကလေးကို တွေ့မြင်ရလိမ့်မည်။ မြည်းတို့ကို ကြိုးဖြေ၍ ငါ့ထံသို့ခေါ်ဆောင်လာကြလော့။
ထို့နောက် ယေရှုသည် သံလွင်တောင်ပေါ်၌ ထိုင်တော်မူစဉ် တပည့်တော်တို့သည် အခြားသူများမပါဘဲ ယေရှုထံတော်သို့ ချဉ်းကပ်၍ “ထိုအရာများအားလုံးသည် မည်သည့်အချိန်၌ ဖြစ်ပျက်ပါမည်နည်း။ သခင် ကြွလာချိန်နှင့် ကမ္ဘာကုန်ဆုံးချိန်၌ မည်သည့်နိမိတ်များ ဖြစ်ပေါ်မည်နည်း။ အကျွန်ုပ်တို့အား မိန့်တော်မူပါ” ဟု လျှောက်ကြ၏။
ထို့နောက် သူတို့သည် ဓမ္မသီချင်းတစ်ပုဒ်ကို သီဆိုကြပြီးနောက် သံလွင်တောင်သို့ ထွက်သွားကြ၏။
ထို့နောက် ယေရှုသည် သံလွင်တောင်ပေါ်၌ ဗိမာန်တော်ဘက်သို့ မျက်နှာမူလျက် ထိုင်တော်မူစဉ် ပေတရု၊ ယာကုပ်၊ ယောဟန်နှင့် အန္ဒြေတို့သည် အခြားသူများမပါဘဲ ယေရှုထံတော်သို့ ချဉ်းကပ်၍
ထို့နောက် သူတို့သည် ဓမ္မသီချင်းတစ်ပုဒ်ကို သီဆိုကြပြီးနောက် သံလွင်တောင်သို့ ထွက်သွားကြ၏။
ယေရှုသည် နေ့ဘက်တွင် ဗိမာန်တော်ထဲ၌ ဟောပြောသွန်သင်တော်မူ၍ ညဘက်တွင် အပြင်သို့ထွက်ကြွကာ သံလွင်တောင်ပေါ်တွင် ညကို လွန်စေတော်မူတတ်၏။
ထို့နောက် ယေရှုသည် အပေါ်ထပ်ခန်းမကြီးမှ ထွက်ခွာ၍ အလေ့အထရှိတော်မူသည့်အတိုင်း သံလွင်တောင်သို့ ကြွတော်မူရာ တပည့်တော်များသည်လည်း နောက်တော်သို့ လိုက်ကြ၏။
ထို့နောက် တမန်တော်တို့သည် သံလွင်တောင်မှ ဂျေရုဆလင်မြို့သို့ ပြန်သွားကြ၏။ သံလွင်တောင်သည် ဂျေရုဆလင်မြို့နှင့် မိုင်ဝက်ခရီးခန့် ကွာဝေး၏။