ယေရှုက “သင်တို့သည် ငါ၏ခွက်ကို အမှန်သောက်ကြရမည်။ သို့ရာတွင် ငါ၏ လက်ဝဲနှင့်လက်ယာ တစ်ဖက်စီ၌ ထိုင်ခွင့်ကို ငါပေးသည်မဟုတ်။ ထိုနေရာများကို ငါ၏ ခမည်းတော်သည် မိမိရွေးချယ်တော်မူသောသူများအတွက် ပြင်ဆင်တော်မူ၏” ဟု မိန့်တော်မူ၏။
မဿဲ 20:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအကြောင်းကို ကျန်တပည့်တော်ဆယ်ပါးတို့ ကြားသောအခါ ထိုညီအစ်ကိုနှစ်ဦးကို ဒေါသထွက်ကြ၏။ Common Language Bible ဤအကြောင်းအရာကိုတပည့်တော်ဆယ်ဦးတို့ ကြားလျှင် ထိုညီအစ်ကိုနှစ်ယောက်ကိုစိတ်ဆိုး ကြ၏။- Garrad Bible ဆယ် ပါး သော တ ပည့် တော် တို့ သည် ကြား ကြ သော် ထို ညီ အစ် ကို နှစ် ပါး ကို အ မျက် ထွက် ကြ သ ဖြင့် ယေ ရှု ခေါ် တော် မူ၍။ Judson Bible အခြားသော တပည့်တော်တစ်ကျိပ်တို့သည် ကြားသိလျှင်၊ ထိုညီအစ်ကိုနှစ်ယောက်တို့ကို အမျက်ထွက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း တပည့်တော်ဆယ်ပါးတို့သည် ဤအကြောင်းကိုကြားသိလျှင် ထိုညီအစ်ကိုနှစ်ဦးတို့ကို စိတ်ဆိုးကြ၏။ မြန်မာ အခြားသော တပည့်တော်တစ်ကျိပ်တို့သည် ကြားသိလျှင်၊ ထိုညီအစ်ကိုနှစ်ယောက်တို့ကို အမျက်ထွက်ကြ၏။- |
ယေရှုက “သင်တို့သည် ငါ၏ခွက်ကို အမှန်သောက်ကြရမည်။ သို့ရာတွင် ငါ၏ လက်ဝဲနှင့်လက်ယာ တစ်ဖက်စီ၌ ထိုင်ခွင့်ကို ငါပေးသည်မဟုတ်။ ထိုနေရာများကို ငါ၏ ခမည်းတော်သည် မိမိရွေးချယ်တော်မူသောသူများအတွက် ပြင်ဆင်တော်မူ၏” ဟု မိန့်တော်မူ၏။
သို့သော်လည်း ယေရှုသည် တပည့်တော်တို့ကို မိမိထံ ခေါ်လျက် “လူမျိုးခြားများ၏အစိုးရမင်းတို့သည် လူများအပေါ် အုပ်စိုးခြယ်လှယ်တတ်ကြ၏။ အကြီးအမှူးတို့သည်လည်း မိမိလက်အောက်တွင်ရှိသော လူများအပေါ် အာဏာပြတတ်ကြ၏။
ယေရှုသည် ထိုအခြင်းအရာကို မြင်သောအခါ တပည့်တော်တို့ကို အမျက်တော်ထွက်၍ “ကလေးငယ်များ ငါ့ထံလာပါစေ။ သူတို့ကို မတားကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံတော်ဖြစ်၏။
ထိုအကြောင်းကို ကျန်တပည့်တော်ဆယ်ပါးတို့ကြားသော် ယာကုပ်နှင့် ယောဟန်တို့အား ဒေါသထွက်ကြ၏။
ထိုအခါ ဥပုသ်နေ့တွင် ထိုအမျိုးသမီးအား ယေရှုကျန်းမာစေသောကြောင့် ဝတ်ပြုဆောင်မှူးသည် စိတ်ဆိုးလျက် “အလုပ်လုပ်ရန် ခြောက်ရက်ရှိသည် ဖြစ်၍ ဥပုသ်နေ့တွင် မဟုတ်ဘဲ ကျန်သည့်နေ့များတွင် ကုသမှုခံယူရန်လာကြလော့” ဟု ပရိသတ်များကို ပြောလေ၏။
မေတ္တာသည် စိတ်ရှည်တတ်၏။ ကြင်နာတတ်၏။ မေတ္တာသည် မနာလိုမဖြစ်တတ်။ မကြွားဝါတတ်။ မာန်မာနမထားတတ်။
တစ်ကိုယ်ကောင်းဆန်သောစိတ်၊ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးသောစိတ်ဖြင့် မည်သည့်အမှုကိုမျှ မပြုကြနှင့်။ တစ်ပါးသူတို့သည် မိမိထက် သာလွန်သည်ဟု နှိမ့်ချသောစိတ်ဖြင့် မှတ်ယူကြလော့။
သို့သော် သင်တို့၏ နှလုံးသားထဲတွင် ခါးသီးသော မနာလိုစိတ်နှင့် တစ်ကိုယ်ကောင်းစိတ်တို့ရှိလျှင် သမ္မာတရားကို ဆန့်ကျင်၍ သင်တို့၏ ဉာဏ်ပညာအကြောင်းကို မကြွားဝါနှင့်။
ထိုနည်းတူ ငယ်ရွယ်သောသူတို့… အသင်းတော်အကြီးအကဲတို့ကို နာခံကြလော့။ တစ်ဦးကိုတစ်ဦး အချင်းချင်း ဆက်ဆံရာ၌ နှိမ့်ချသောစိတ်ကို တန်ဆာဆင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာ၌ “မာနထောင်လွှားသောသူတို့ကို ဘုရားသခင်သည် ဆန့်ကျင်၍ နှိမ့်ချသောသူတို့ကို ကျေးဇူးပြုတော်မူ၏” ဟု ဆိုထားသောကြောင့်ဖြစ်၏။