တပည့်တော်တို့ကလည်း ယေရှုအား “ဇနီးမောင်နှံဆက်နွယ်မှုသည် ထိုသို့ဖြစ်ပါက အိမ်ထောင်မပြုလျှင် ပို၍ကောင်းသည်” ဟု လျှောက်ဆိုကြ၏။
မဿဲ 19:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အား ငါပြောဆိုသည်မှာ ဇနီးဖြစ်သူ၏ဖောက်ပြန်ခြင်းမှလွဲ၍ မိမိဇနီးအား ကွာရှင်းကာ အခြားတစ်ဦးနှင့် လက်ထပ်သောခင်ပွန်းသည် အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်သည်” ဟု မိန့်တော်မူ၏။ Common Language Bible သင်တို့အားငါဆိုသည်ကားမိမိ၏ဇနီးအား အကျင့်ဖောက်ပြားသည့်အပြစ်မှတစ်ပါးအခြား မည်သည့်အပြစ်ကြောင့်မဆို ကွာရှင်း၍အခြား အမျိုးသမီးတစ်ယောက်နှင့်အိမ်ထောင်ပြုသူ သည်မိမိဇနီး၏အိမ်ရာကိုပြစ်မှား၏'' ဟု မိန့်တော်မူသည်။ Garrad Bible အ စ အဦး ၌ မူ ကား ထို သို့ မ ဟုတ်။ ငါ ဆို သည် မှာ မည် သူ မ ဆို မ တ ရား သော မေ ထုန် မှု ကြောင့် မှ တစ် ပါး မ ယား ကို ကွာ၍ တစ် ပါး သော မိန်း မ နှင့် အိမ် ထောင် ဘက် ပြု လျှင် သူ့ သား အိမ် ရာ ကို ပြစ် မှား သူ၊ ကွာ ပြီး မိန်း မ နှင့် အိမ် ထောင် ဘက် ပြု သူ လည်း သူ့ သား အိမ် ရာ ကို ပြစ် မှား သူ ဖြစ် သည် ဟု မိန့် တော် မူ ရာ၊ Judson Bible ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှတစ်ပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့်ကွာ၍ အခြားသောမိန်းမနှင့်စုံဖက်သောသူသည် မိမိမယားကိုပြစ်မှား၏။ ကွာသောမိန်းမနှင့် စုံဖက်သောသူသည်လည်း သူ့မယားကိုပြစ်မှားသည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ သင်တို့အား ငါဆိုသည်ကား တရားနှင့်မညီမေထုန်ပြုခြင်းကြောင့်မဟုတ်ဘဲ မိမိမယားကိုကွာရှင်း၍ အခြားမိန်းမနှင့်ထိမ်းမြားစုံဖက်သောသူသည် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏”ဟု မိန့်တော်မူ၏။ မြန်မာ ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှတစ်ပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့်ကွာ၍ အခြားသောမိန်းမနှင့်စုံဖက်သောသူသည် မိမိမယားကိုပြစ်မှား၏။ ကွာသောမိန်းမနှင့် စုံဖက်သောသူသည်လည်း သူ့မယားကိုပြစ်မှားသည်ဟု မိန့်တော်မူ၏။ |
တပည့်တော်တို့ကလည်း ယေရှုအား “ဇနီးမောင်နှံဆက်နွယ်မှုသည် ထိုသို့ဖြစ်ပါက အိမ်ထောင်မပြုလျှင် ပို၍ကောင်းသည်” ဟု လျှောက်ဆိုကြ၏။
ယေရှုက “သင်တို့သည် အလွန်ခေါင်းမာသောကြောင့် မောရှေသည် သင်တို့အား ဇနီးနှင့်ကွာရှင်းခွင့်ပေးရ၏။ သို့သော် အစဦး၌ ထိုသို့မဟုတ်ပါ။
သင်တို့အား ငါပြောဆိုသည်မှာ ဇနီးဖြစ်သူသည် အိမ်ထောင်ရေးဖောက်ပြန်မှုမရှိသော်လည်း ခင်ပွန်းဖြစ်သူက ထိုဇနီးကို ကွာရှင်းလျှင် သူသည် မိမိဇနီးကို အိမ်ထောင်ရေးဖောက်ပြန်မှု ကျူးလွန်စေရာရောက်၏။ ကွာရှင်းထားသောအမျိုးသမီးကို လက်ထပ်သောသူသည်လည်း အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်၏။
မိမိဇနီးသည်ကို ကွာရှင်း၍ အခြားအမျိုးသမီးတစ်ဦးနှင့် လက်ထပ်သောသူသည် အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်၏။ ထို့အတူ ခင်ပွန်းနှင့် ကွာရှင်းထားသောအမျိုးသမီးကို လက်ထပ်သောသူသည်လည်း အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်၏။
သင်တို့ထဲမှ လူတစ်ယောက်သည် မိထွေးဖြစ်သူနှင့် ပေါင်းသင်းနေထိုင်လျက်ရှိကြောင်း ကျွန်ုပ်ကြားသိရ၏။ ဘုရားသခင်ကို မကိုးကွယ်သောသူများ၌ပင် ထိုကဲ့သို့ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း မရှိ။
ဇနီးသည် မိမိခင်ပွန်း အသက်ရှင်နေသမျှကာလပတ်လုံး ထိုခင်ပွန်းနှင့် နှောင်ဖွဲ့ထား၏။ ခင်ပွန်းကွယ်လွန်လျှင် မိမိနှစ်သက်သောသူနှင့် လက်ထပ်ခွင့်ရှိ၏။ သို့သော်လည်း ထိုသူသည် သခင်ဘုရားကို ယုံကြည်သောသူဖြစ်ရမည်။
ဇနီးသည် မိမိကိုယ်ခန္ဓာကို မပိုင်။ ခင်ပွန်းကသာ ပိုင်၏။ ထို့အတူ ခင်ပွန်းသည် မိမိကိုယ်ခန္ဓာကို မပိုင်။ ဇနီးကသာ ပိုင်၏။