ယေရှုက “သင်တို့၏ သိုးတစ်ကောင်သည် ဥပုသ်နေ့၌ ရေတွင်းထဲသို့ ကျလျှင် သင်တို့သည် ထိုသိုးကို ဆယ်ယူကြသည်မဟုတ်လော။
မဿဲ 18:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူတစ်ယောက်တွင် သိုးအကောင်တစ်ရာရှိ၏။ ထိုသိုးများအနက် တစ်ကောင်သည် လမ်းမှား၍ပျောက်ဆုံးပါက သူသည် မည်သို့ပြုမည်ဟု သင်တို့ထင်ကြသနည်း။ သူသည် သိုးကိုးဆယ့်ကိုးကောင်ကို တောင်ပေါ်တွင် ချန်ထားပြီးလျှင် လမ်းမှား၍ ပျောက်သောသိုးကို ရှာဖွေမည်မဟုတ်လော။ Common Language Bible ``သင်တို့သည်အဘယ်သို့ထင်မှတ်ကြသနည်း။ လူတစ်ယောက်သည်မိမိမှာရှိသည့်သိုးတစ်ရာ အနက်တစ်ကောင်ပျောက်သွားလျှင်ကိုးဆယ် ကိုးကောင်ကိုတောင်ပေါ်စားကျက်တွင်ထားခဲ့ ပြီးလျှင်ပျောက်သောသိုးကိုလိုက်၍မရှာဘဲ နေပါမည်လော။- Garrad Bible မည် သို့ ထင် ကြ သ နည်း။ လူ တစ် ယောက် မှာ သိုး တစ် ရာ ရှိ၍ တစ် ကောင် လမ်း လွဲ လျှင် ကျန် ကိုး ဆယ့် ကိုး ကောင် ကို တောင် တန်း ပေါ် တွင် ထား ခဲ့ ပြီး သော် လမ်း လွဲ သော သိုး ကို ရှာ ရန် သွား မည် မ ဟုတ် လော။ Judson Bible အဘယ်သို့ ထင်ကြသနည်း။ သိုးတစ်ရာရှိသောသူ၌ သိုးတစ်ကောင်သည် လမ်းလွဲ၍ပျောက်လျှင်၊ ထိုသူသည် ကိုးဆယ်ကိုးကောင်သော သိုးတို့ကို တောင်ပေါ်မှာထားခဲ့ပြီးမှ၊ လမ်းလွဲ၍ပျောက်သော သိုးတစ်ကောင်ကို သွား၍ရှာတတ်သည် မဟုတ်လော။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့မည်သို့ထင်ကြသနည်း။ တစ်စုံတစ်ယောက်သောသူ၌ သိုးအကောင်တစ်ရာရှိပြီး ၎င်းတို့ထဲမှ တစ်ကောင်သည် လမ်းလွဲပျောက်ဆုံးလျှင် သူသည် ကိုးဆယ့်ကိုးကောင်ကို တောင်ပေါ်၌ထားခဲ့၍ လမ်းလွဲပျောက်ဆုံးနေသောသိုးကို သွား၍ရှာမည်မဟုတ်လော။ မြန်မာ အဘယ်သို့ ထင်ကြသနည်း။ သိုးတစ်ရာရှိသောသူ၌ သိုးတစ်ကောင်သည် လမ်းလွဲ၍ပျောက်လျှင်၊ ထိုသူသည် ကိုးဆယ်ကိုးကောင်သော သိုးတို့ကို တောင်ပေါ်မှာထားခဲ့ပြီးမှ၊ လမ်းလွဲ၍ပျောက်သော သိုးတစ်ကောင်ကို သွား၍ရှာတတ်သည် မဟုတ်လော။- |
ယေရှုက “သင်တို့၏ သိုးတစ်ကောင်သည် ဥပုသ်နေ့၌ ရေတွင်းထဲသို့ ကျလျှင် သင်တို့သည် ထိုသိုးကို ဆယ်ယူကြသည်မဟုတ်လော။
တွေ့ရှိသောအခါ မပျောက်ဆုံးသော သိုးကိုးဆယ့်ကိုးကောင်အတွက် ဝမ်းမြောက်ရသည်ထက် ထိုသိုးတစ်ကောင်အတွက် ပို၍ဝမ်းမြောက်ရသည်ဟု ငါအမှန်ဆို၏။
ထို့နောက် ယေရှုက “ဤအကြောင်းအရာကို သင်တို့ မည်သို့ထင်ကြသနည်း။ လူတစ်ယောက်၌ သားနှစ်ယောက်ရှိ၏။ သူသည် သားကြီးထံသို့သွား၍ ‘ငါ့သား… ယနေ့ စပျစ်ခြံသို့ သွား၍ အလုပ်လုပ်လော့’ ဟု ပြော၏။
“ခရစ်တော်ကို မည်သို့ထင်မှတ်ကြသနည်း။ မည်သည့်မျိုးဆက်မှ မွေးဖွားလာသောသူဖြစ်သနည်း” ဟု မေးတော်မူလျှင် ဖာရိရှဲတို့က “ဒါဝိဒ်မင်း၏ သားတော်ဖြစ်သည်” ဟု လျှောက်ကြ၏။
သင်တို့သည် ဆင်ခြင်တုံတရားရှိသောသူများ ဖြစ်ကြ၏။ ကျွန်ုပ်ပြောဆိုသောအရာ မှားသည်မှန်သည်ကို သင်တို့ကိုယ်တိုင် သုံးသပ်ကြလော့။
သင်တို့သည် ယခင်က လမ်းလွဲ၍ ပျောက်သောသိုးများနှင့်တူကြ၏။ သို့သော် ယခုတွင် သင်တို့၏ စိတ်ဝိညာဉ်ကို ကြည့်ရှုပြုစုသော သိုးထိန်းထံသို့ ပြန်ရောက်ကြပြီ။