Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 22:42 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

42 “ခရစ်တော်​ကို မည်သို့​ထင်မှတ်ကြသနည်း။ မည်သည့်​မျိုးဆက်​မှ မွေးဖွားလာသော​သူ​ဖြစ်သနည်း” ဟု မေးတော်မူ​လျှင် ဖာရိရှဲတို့​က “ဒါဝိဒ်မင်း​၏ သားတော်​ဖြစ်သည်” ဟု လျှောက်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

42 အ​ဘယ်​သူ၏ သား​ဖြစ်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ဒါ​ဝိဒ်၏​သား​ဖြစ်​သည်​ဟု လျှောက်​ကြ​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

42 “သင်​တို့​သည် ခရစ်တော်​နှင့်​ပတ်သက်၍ မည်သို့ ထင်မြင်​ကြ​သနည်း။ သူ​သည် မည်သူ​၏​သား​ဖြစ်​သနည်း”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “ဒါဝိဒ်​၏​သား​ဖြစ်​ပါ​သည်”​ဟု ပြန်​လျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

42 အ​ဘယ်​သူ၏ သား​ဖြစ်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ဒါ​ဝိဒ်၏​သား​ဖြစ်​သည်​ဟု လျှောက်​ကြ​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 22:42
24 ပူးပေါင်းရင်းမြစ်များ  

အာဗြဟံ​နှင့် ဒါဝိဒ်မင်း​တို့​ထံမှ ဆင်းသက်တော်မူသော ယေရှု​ခရစ်တော်​၏​ဆွေစဉ်မျိုးဆက်​စာရင်း​မှာ အောက်ပါအတိုင်း​ဖြစ်၏။


လှေ​ထဲတွင် ရှိနေသူများ​က “ကိုယ်တော်​သည် အမှန်ပင် ဘုရား​သားတော်​ဖြစ်၏” ဟု ဆို​ကာ ဝပ်တွားခယ​လျက် ရှိခိုးကြ၏။


ယေရှု​ရှေ့တော်​နှင့် နောက်တော်​တွင် လိုက်ပါသော​လူထုတို့​က “ဒါဝိဒ်မင်း​၏ သားတော်​ကို ချီးမွမ်းကြ​ပါစေသော။ ထာဝရဘုရား​၏ အမည်​နာမ​နှင့် ကြွလာသော​အရှင်​သည် မင်္ဂလာ​ရှိပါစေသော။ အမြင့်ဆုံးသော ကောင်းကင်ဘုံ​၌ ဘုရားသခင်​၏ ဂုဏ်တော်​ကို ချီးမွမ်းကြ​ပါစေသော” ဟု ကြွေးကြော်ကြ၏။


ယေရှု​က “ထိုသို့​ဖြစ်လျှင် ဒါဝိဒ်မင်း​သည် ဝိညာဉ်တော်​၏​လှုံ့ဆော်မှု​ဖြင့် ခရစ်တော်​ကို အဘယ်ကြောင့် သခင်​ဟု ခေါ်သနည်း။ ဒါဝိဒ်မင်း​က


ယေရှု​သည် ထို​နေရာ​မှ ထွက်ကြွတော်မူ​စဉ် မျက်မမြင်​နှစ်ယောက်​က “ဒါဝိဒ်မင်း​၏​သားတော် ယေရှု၊ အကျွန်ုပ်တို့​ကို သနားတော်မူပါ” ဟု ဟစ်အော်​လျက် နောက်တော်​သို့ လိုက်ကြ၏။


ထိုအခါ နာသနေလ​က “ဆရာတော်… ဆရာတော်​သည် ဘုရားသခင်​၏ သားတော်​ဖြစ်တော်မူ၏၊ အစ္စရေးတို့​၏ ရှင်ဘုရင်​လည်း ဖြစ်တော်မူ၏” ဟု လျှောက်၏။


သောမ​က “အကျွန်ုပ်​၏​သခင်… အကျွန်ုပ်​၏​ဘုရား​ပင် ဖြစ်ပေ၏” ဟု ပြန်၍​လျှောက်၏။


သို့ဖြစ်၍ ဂျူးလူမျိုး​နှင့် ဂရိလူမျိုး၊ အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူသူ​နှင့် မခံယူသူ၊ လူမျိုးကွဲ၊ လူရိုင်း၊ ကျွန်​နှင့် လွတ်လပ်သူ​ဟူ၍ ခြားနားမှု​မရှိပေ။ ခရစ်တော်​သည်သာ အရေးပါ​၍ ကျွန်ုပ်တို့​အားလုံး​အထဲတွင် ကိန်းအောင်းတော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ