လှေထဲတွင် ရှိနေသူများက “ကိုယ်တော်သည် အမှန်ပင် ဘုရားသားတော်ဖြစ်၏” ဟု ဆိုကာ ဝပ်တွားခယလျက် ရှိခိုးကြ၏။
မဿဲ 15:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ထိုအမျိုးသမီးသည် ရှေ့တော်မှောက်သို့ချဉ်းကပ်၍ ဝပ်တွားခယလျက် “သခင်… ကျွန်မကို ကယ်တော်မူပါ” ဟု လျှောက်လေ၏။ Common Language Bible ထိုအခါ၎င်းအမျိုးသမီးသည်ရှေ့တော်သို့လာ ရောက်ပျပ်ဝပ်လျက် ``အရှင်၊ ကျွန်မကိုကူမတော် မူပါ'' ဟုလျှောက်၏။ Garrad Bible မ စ တော် မူ ပါ အ ရှင် ဘု ရား ဟု လျှောက် သည့် ကာ လ Judson Bible ထိုမိန်းမသည် ချဉ်းကပ်၍ ပျပ်ဝပ်လျက် ကျွန်မကို ကယ်တော်မူပါသခင်ဟု လျှောက်ပြန်လျှင်၊- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ထိုအမျိုးသမီးသည်လာ၍ ကိုယ်တော်ကိုရှိခိုးလျက် “သခင်ဘုရား၊ ကျွန်မကိုကူညီမစတော်မူပါ”ဟု လျှောက်လေ၏။ မြန်မာ ထိုမိန်းမသည် ချဉ်းကပ်၍ ပျပ်ဝပ်လျက် ကျွန်မကို ကယ်တော်မူပါသခင်ဟု လျှောက်ပြန်လျှင်၊- |
လှေထဲတွင် ရှိနေသူများက “ကိုယ်တော်သည် အမှန်ပင် ဘုရားသားတော်ဖြစ်၏” ဟု ဆိုကာ ဝပ်တွားခယလျက် ရှိခိုးကြ၏။
ယေရှုက “သားသမီးတို့၏ မုန့်ကိုယူ၍ ခွေးများအား ချမကျွေးသင့်” ဟု တုံ့ပြန်တော်မူ၏။
လူထုက ထိုသူတို့အား တိတ်ဆိတ်စွာနေရန် ဆူငေါက်ကြသော်လည်း သူတို့က “ဒါဝိဒ်မင်း၏ သားတော် သခင်… အကျွန်ုပ်တို့ကို သနားတော်မူပါ” ဟု ပို၍အော်ဟစ်ကြ၏။
ထိုအခါ အနာကြီးရောဂါသည်တစ်ဦးသည် ကိုယ်တော်ထံသို့ လာ၍ ဒူးထောက်လျက် “သခင်… သခင်အလိုတော်ရှိလျှင် အကျွန်ုပ်ကို စင်ကြယ်စေနိုင်ပါသည်” ဟု လျှောက်လေ၏။
ထိုနတ်သည် သူငယ်ကို သေစေရန် မီးထဲသို့ဖြစ်စေ၊ ရေထဲသို့ဖြစ်စေ မကြာခဏပစ်ချတတ်ပါ၏။ ဆရာတော်သည် တစ်စုံတစ်ခုတတ်နိုင်လျှင် အကျွန်ုပ်တို့ကို သနား၍ ကယ်တော်မူပါ” ဟု လျှောက်လေ၏။
သူငယ်၏ဖခင်ကလည်း ချက်ချင်းအော်ဟစ်၍ “အကျွန်ုပ်ယုံကြည်ပါ၏။ သံသယမဝင်ရန် ကူညီတော်မူပါ” ဟု လျှောက်လေ၏။