သင်တို့ကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကို စေလွှတ်တော်မူသောခမည်းတော်ကို လက်ခံ၏။
မဿဲ 13:37 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ကောင်းသောမျိုးစေ့ကို ကြဲသောသူမှာ လူသားဖြစ်၏။ Common Language Bible ကိုယ်တော်က ``မျိုးကောင်းမျိုးသန့်ကိုကြဲသူသည် လူသားပင်ဖြစ်၏။- Garrad Bible ကိုယ် တော် က မျိုး ကောင်း ကို ကြဲ သူ မှာ လူ့ သား ဖြစ်၏။ Judson Bible ကိုယ်တော်က၊ ကောင်းသောမျိုးစေ့ကိုကြဲသောသူသည် လူသားဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ကိုယ်တော်က“ကောင်းသောမျိုးစေ့ကိုကြဲသောသူသည် လူ့သားဖြစ်ပြီး မြန်မာ ကိုယ်တော်က၊ ကောင်းသောမျိုးစေ့ကိုကြဲသောသူသည် လူသားဖြစ်၏။- |
သင်တို့ကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကို စေလွှတ်တော်မူသောခမည်းတော်ကို လက်ခံ၏။
အခြားပုံဥပမာတစ်ခုကို မိန့်တော်မူသည်မှာ “ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ လယ်သမားတစ်ဦးသည် ကောင်းသောမျိုးစေ့ကို လယ်၌ ကြဲ၏။
ထိုအခါ လယ်လုပ်သားများသည် လယ်ရှင်ထံသို့ သွားရောက်၍ ‘သခင်… သခင်သည် လယ်တွင် ကောင်းသောမျိုးစေ့ကို ကြဲခဲ့သည်မဟုတ်လော။ သို့ဖြစ်လျှင် ဤပေါင်းပင်များသည် မည်သည့်နေရာမှ ရောက်လာပါသနည်း’ ဟု လျှောက်ကြ၏။
မျိုးစေ့ကြဲရာတွင် အချို့အစေ့တို့မှာ လမ်းပေါ်တွင်ကျသဖြင့် ငှက်တို့သည် လာ၍ ကောက်စားကြ၏။
လူသားသည် မိမိ၏ကောင်းကင်တမန်များကို စေလွှတ်လိမ့်မည်။ ထိုကောင်းကင်တမန်တို့သည် အပြစ်ကျူးလွန်စေသောသူများနှင့် မတရားမှုပြုသူများအားလုံးကို နိုင်ငံတော်မှ ဖယ်ရှားကာ
သို့သော် ယေရှုက “မြေခွေးတို့၌ နေစရာ တွင်းရှိ၏။ ငှက်တို့၌ နားစရာအသိုက်ရှိ၏။ လူသား၌မူ ခေါင်းချစရာနေရာပင် မရှိ” ဟု မိန့်တော်မူ၏။
ထို့နောက် တပည့်တော်တို့အား “သင်တို့၏စကားကို နားထောင်သောသူသည် ငါ့စကားကို နားထောင်၏။ သင်တို့ကို ငြင်းပယ်သောသူသည် ငါ့ကို ငြင်းပယ်၏။ ငါ့ကို ငြင်းပယ်သောသူသည် ငါ့ကိုစေလွှတ်တော်မူသောအရှင်ကို ငြင်းပယ်ပြီ” ဟု မိန့်တော်မူ၏။
သင်တို့အား ငါအမှန်ဆို၏။ ငါ၏ အစေလွှတ်ခံကို လက်ခံကြိုဆိုသောသူသည် ငါ့ကို လက်ခံကြိုဆို၏။ ငါ့ကို လက်ခံကြိုဆိုသောသူသည်လည်း ငါ့ကို စေလွှတ်သော ခမည်းတော်ကို လက်ခံကြိုဆို၏” ဟု မိန့်တော်မူ၏။
တစ်ဖန်ယေရှုက “ငြိမ်းချမ်းပါစေ။ ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသကဲ့သို့ ငါသည် သင်တို့ကို စေလွှတ်၏” ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
သို့ရာတွင် သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုရရှိ၍ ဂျေရုဆလင်မြို့၊ ယုဒပြည်၊ ရှမာရိပြည်၊ ကမ္ဘာမြေအဆုံးတိုင်အောင် ငါ၏သက်သေခံများဖြစ်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
သို့သော်လည်း လူမျိုးခြားများ ဘုရားသခင်ကို နာခံလာစေရန် ခရစ်တော်သည် ကျွန်ုပ်ကို အသုံးပြု၍ ကျွန်ုပ်၏ အပြောအဆို၊ အပြုအမူအားဖြင့်လည်းကောင်း၊
ရှေးကာလ၌ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဘိုးဘေးများကို ပရောဖက်များမှတစ်ဆင့် အကြိမ်ကြိမ် နည်းလမ်းအမျိုးမျိုးဖြင့် စကားပြောတော်မူ၏။
ဤမျှထူးမြတ်သည့်ကယ်တင်ခြင်းတရားကို ကျွန်ုပ်တို့ လျစ်လျူရှုပါက အပြစ်ဒဏ်မှ မည်သို့လွတ်မြောက်နိုင်ကြမည်နည်း။ ဤကယ်တင်ခြင်းတရားကို သခင်ဘုရားကိုယ်တိုင် ဦးစွာ ဟောတော်မူပြီးနောက် ကြားနာသူများက ကျွန်ုပ်တို့အား ထိုတရားတော်မှန်ကန်ကြောင်း အတည်ပြုပေးခဲ့ကြ၏။