သို့သော် ဖာရိရှဲတို့သည် ထိုအကြောင်းကို ကြားသောအခါ “သူသည် နတ်ဆိုးတို့ကို နှင်ထုတ်နိုင်ခြင်းမှာ နတ်ဆိုးမင်းဗေလဇေဗုလ၏တန်ခိုးကို ရရှိထားသောကြောင့်ဖြစ်သည်” ဟု ဆိုကြ၏။
မဿဲ 12:45 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ နတ်ဆိုးသည် သွား၍ မိမိထက်ဆိုးညစ်သောနတ်ဆိုးခုနစ်ကောင်တို့ကို ခေါ်ပြီးလျှင် ထိုလူအထဲသို့ ဝင်၍ နေကြ၏။ ထိုလူ၏အခြေအနေသည်လည်း မူလထက် ပို၍ဆိုးသွမ်းလေ၏။ ဤဆိုးညစ်သောမျိုးဆက်သည်လည်း ထိုနည်းတူ ဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။ Common Language Bible သူသည်သွား၍မိမိထက်ညစ်ညမ်းသောနတ် ခုနစ်ဦးကိုခေါ်ခဲ့ပြီးလျှင်ထိုနေရာတွင်နေ လေ၏။ သို့ဖြစ်၍နတ်ပူးဝင်သူ၏နောက်ဖြစ်အင် သည်ပထမဖြစ်အင်ထက်ဆိုးရွားလေတော့၏။ ဤဆိုးညစ်သောလူတို့သည်လည်းထိုနည်းအတိုင်း ပင်ခံစားရကြလတ္တံ့'' ဟုမိန့်တော်မူ၏။ Garrad Bible မိ မိ ထက် ဆိုး သွမ်း သော နတ် ခု နစ် ကောင် ကို ခေါ် ပြီး နောက် ဝင် နေ သည် နှင့် ထို လူ၏ နောက် အ ဖြစ် အ နေ သည် အ ရင် ထက် ဆိုး၏။ ယ ခု ဆိုး သွမ်း သော လူ မျိုး လည်း ထို နည်း တူ ပင် ဖြစ် ရ လိမ့် မည် ဟု ပြန်၍ မိန့် တော် မူ၏။ Judson Bible မိမိထက်သာ၍ ညစ်ညူးသော နတ်ဆိုးခုနစ်ယောက်ကို ခေါ်ပြီးလျှင် ထိုလူထဲသို့ဝင်၍နေကြ၏။ ထိုလူ၏ နောက်ဖြစ်ဟန်သည် ရှေ့ဖြစ်ဟန်ထက် သာ၍ဆိုး၏။ ဆိုးညစ်သော ဤလူမျိုး၌ ထိုနည်းတူဖြစ်လတ္တံ့ဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ၎င်းသည်သွား၍ မိမိထက်ဆိုးသောနတ်ခုနစ်ကောင်ကို မိမိနှင့်အတူခေါ်ဆောင်လာပြီး ထိုနေရာ၌ ဝင်ရောက်နေထိုင်သဖြင့် ထိုလူ၏နောက်ဖြစ်အင်သည် ရှေ့ဖြစ်အင်ထက် ဆိုးရွားလေ၏။ ဆိုးညစ်သောဤမျိုးဆက်၌လည်း ထိုနည်းတူဖြစ်လိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။ မြန်မာ မိမိထက်သာ၍ ညစ်ညူးသော နတ်ဆိုးခုနစ်ယောက်ကို ခေါ်ပြီးလျှင် ထိုလူထဲသို့ဝင်၍နေကြ၏။ ထိုလူ၏ နောက်ဖြစ်ဟန်သည် ရှေ့ဖြစ်ဟန်ထက် သာ၍ဆိုး၏။ ဆိုးညစ်သော ဤလူမျိုး၌ ထိုနည်းတူဖြစ်လတ္တံ့ဟု မိန့်တော်မူ၏။- |
သို့သော် ဖာရိရှဲတို့သည် ထိုအကြောင်းကို ကြားသောအခါ “သူသည် နတ်ဆိုးတို့ကို နှင်ထုတ်နိုင်ခြင်းမှာ နတ်ဆိုးမင်းဗေလဇေဗုလ၏တန်ခိုးကို ရရှိထားသောကြောင့်ဖြစ်သည်” ဟု ဆိုကြ၏။
‘ငါသည် ယခင်နေခဲ့သောလူထံသို့ ပြန်နေမည်’ ဟု ပြောလေ၏။ သို့ဖြစ်၍ သူသည် ထိုလူထံသို့ ပြန်သွားသောအခါ လှည်းကျင်းထား၍ စနစ်တကျပြင်ဆင်ထားသည်ကို တွေ့လေ၏။
သို့သော် ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအားဖြင့်သာလျှင် ဤနတ်ဆိုးမျိုးကို နှင်ထုတ်နိုင်သည်” ဟု မိန့်တော်မူ၏။
သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် လူတစ်ဦး ဂျူးဘာသာဝင်ဖြစ်လာစေရန် တောတောင်ရေမြေကို ဖြတ်၍ လှည့်လည်ကြပြီး ဘာသာဝင်ဖြစ်လာသောအခါ ထိုသူကို သင်တို့ထက် နှစ်ဆပို၍ ငရဲသို့လားထိုက်သူ ဖြစ်စေကြသောကြောင့်ဖြစ်၏။
မျက်မမြင်သောလမ်းပြတို့… သင်တို့သည် ခြင်တစ်ကောင်ကိုမျှ မမျိုမိစေရန် ရေကိုစစ်ကြသော်လည်း ကုလားအုတ်ကိုမူ မျိုချကြပြီ။
တနင်္ဂနွေနေ့နံနက်စောစောအချိန်၌ ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီးနောက် ဦးစွာ မာဂဒလမာရိကို ကိုယ်ထင်ပြတော်မူ၏။ ထိုမာရိမှာ ယေရှု နတ်ဆိုးခုနစ်ကောင် နှင်ထုတ်ပေးတော်မူခဲ့ဖူးသည့်သူဖြစ်၏။
ယေရှုက “သင့်နာမည် မည်သို့ခေါ်သနည်း” ဟု မေးလျှင် ထိုသူက “အကျွန်ုပ်၏ နာမည်မှာ လေဂေါင်ဖြစ်ပါ၏။ အဘယ်ကြောင့်ဆိုသော် ဤလူအထဲ၌ အကျွန်ုပ်တို့သည် များစွာရှိနေသောကြောင့်ဖြစ်သည်” ဟု ပြန်လျှောက်၏။
ထိုအခါ နတ်ဆိုးသည် မိမိထက်ဆိုးညစ်သောနတ်ဆိုးခုနစ်ကောင်တို့ကို သွား၍ ခေါ်ပြီးလျှင် ထိုလူအထဲသို့ ဝင်၍ နေလေ၏။ ထိုလူ၏အခြေအနေသည်လည်း ယခင်ထက် ပို၍ဆိုးသွမ်းလေ၏” ဟု မိန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် အသွေးအသား ရှိသောသူတို့နှင့် ရင်ဆိုင်တိုက်ခိုက်နေကြသည် မဟုတ်။ ကောင်းကင်အရပ်ရှိ ဝိညာဉ်ဆိုးများ၊ အမှောင်လောကကို အစိုးရသောမင်းများ၊ အုပ်ချုပ်သူများ၊ အာဏာရှိသူများနှင့် ရင်ဆိုင်တိုက်ခိုက်နေကြခြင်း ဖြစ်၏။
သို့ရာတွင် ကျွန်ုပ်တို့သည် နောက်ပြန်လှည့်၍ ပျက်စီးနေသူများမဟုတ်ဘဲ ယုံကြည်၍ ကယ်တင်ခံရသောသူများဖြစ်ကြ၏။