Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 23:24 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

24 မျက်မမြင်သော​လမ်းပြတို့… သင်တို့​သည် ခြင်တစ်ကောင်​ကိုမျှ မမျိုမိ​စေရန် ရေကို​စစ်ကြ​သော်လည်း ကုလားအုတ်​ကိုမူ မျိုချကြပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 လမ်း​ပြ​သည့်​မျက်​မ​မြင်​တို့၊ သင်​တို့​သည်​ခြင် ကောင်​မ​မျို​မိ​စေ​ရန်​သောက်​ရေ​ကို​စစ်​၍​သောက် ကြ​၏။ သို့​ရာ​တွင်​ကု​လား​အုတ်​ကို​ကား​မျို​ချ ကြ​ပါ​သည်​တ​ကား။''

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 မျက် မ မြင် လမ်း ပြ တို့ သင် တို့ သည် ခြင် ကို စစ်၍ ကု လား အုပ် ကို သောက် မျို ကြ လေ စွ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 လမ်း​ပြ​သော​လူ​ကန်း​တို့၊ သင်​တို့​သည် ခြင်​တစ်​ကောင်​ကို​မျှ မ​ပါ​စေ​ခြင်း​ငှာ ရေ​ကို​စစ်​လျက်​နှင့် ကု​လား​အုတ်​ကို မျို​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 မျက်စိ​မ​မြင်​သော​လမ်းပြ​တို့၊ သင်​တို့​သည် မှက်​ကောင်​ကို​စစ်ထုတ်​ကြ​သော်လည်း ကုလားအုတ်​ကို​မူကား မျိုချ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

24 လမ်း​ပြ​သော​လူ​ကန်း​တို့၊ သင်​တို့​သည် ခြင်​တစ်​ကောင်​ကို​မျှ မ​ပါ​စေ​ခြင်း​ငှာ ရေ​ကို​စစ်​လျက်​နှင့် ကု​လား​အုတ်​ကို မျို​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 23:24
11 ပူးပေါင်းရင်းမြစ်များ  

သူတို့​ဘာသာ ရှိပါစေ။ ထို​သူတို့​သည် မျက်မမြင်တို့​ကို လမ်းပြသော​မျက်မမြင်များ​ဖြစ်ကြ၏။ မျက်မမြင်​တစ်ဦး​သည် အခြား​မျက်မမြင်​တစ်ဦး​ကို လမ်းပြ​ပါက နှစ်ဦးလုံး တွင်း​ထဲသို့​ကျ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ထပ်မံ​၍ ငါ​ပြောမည်။ ချမ်းသာသော​သူ​သည် ဘုရားသခင်​၏​နိုင်ငံတော်​ထဲသို့ ဝင်​ရန်​ထက် ကုလားအုတ်​သည် အပ်နဖားပေါက်​ထဲသို့ လျှိုဝင်​ရန် ပို၍​လွယ်ကူသည်” ဟု မိန့်တော်မူ၏။


မျက်မမြင်သော​လမ်းပြတို့… သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​က ‘တစ်စုံတစ်ဦး​သည် ဗိမာန်တော်​ကို တိုင်တည်​၍ ကျိန်ဆို​လျှင်​မတည်နိုင်ပါ။ ဗိမာန်တော်​အတွင်း​ရှိ ရွှေ​ကို​တိုင်တည်​၍ ကျိန်ဆို​မှသာ တည်သည်’ ဟု ဆိုတတ်ကြ​သောကြောင့်​ဖြစ်၏။


သင်​၏​မျက်စိ​ထဲ၌ သစ်တုံး​ရှိနေ​ပါလျက် ‘မိတ်ဆွေ… သင်​၏​မျက်စိ​ထဲက သစ်မှုန်စ​ကို ထုတ်ပေးပါရစေ’ ဟူ၍ သင့်​မိတ်ဆွေ​ကို အဘယ်ကြောင့်​ပြောရသနည်း။


ထို့နောက် နံနက်​စောစော​အချိန်​တွင် လူတို့​သည် ယေရှု​ကို ကယာဖ​ထံမှ ဘုရင်ခံ​ပိလတ်မင်း​၏ ရုံးတော်​သို့ ခေါ်ဆောင်သွားကြ၏။ ထို​သူတို့​သည် ပသခါပွဲတော်​ညစာ​ကို စား​နိုင်ရန်​အတွက် ညစ်ညူးခြင်း​မှ ရှောင်​လို​သဖြင့် ရုံးတော်​ထဲသို့ မဝင်ဘဲ​နေကြ၏။


သူတို့​က “သူ့​ကို မလွှတ်ပါနှင့်။ ဗာရဗ္ဗ​ကိုသာ လွှတ်ပေးပါ” ဟု အော်ဟစ်​၍ ပြောဆိုကြ၏။ ဗာရဗ္ဗ​သည် ဓားပြ​တစ်ဦး ဖြစ်၏။


သို့သော် မြေကြီး​သည် ထို​အမျိုးသမီး​ကို ကူညီ​၍ မိမိ​ခံတွင်း​ကို ဖွင့်​လျက် နဂါး​၏​ခံတွင်း​မှ မှုတ်ထုတ်သော​မြစ်ရေ​ကို မျိုလိုက်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ