“ငါရွေးကောက်တော်မူသော အစေခံကို ကြည့်ကြလော့။ သူသည် ငါချစ်မြတ်နိုးသူ၊ ငါ့ကိုကျေနပ်စေသူ ဖြစ်၏။ ငါ၏ဝိညာဉ်တော်ကို သူ့အပေါ်သို့ သွန်းလောင်းမည်။ သူသည် လူမျိုးအပေါင်းတို့အား တရားသောစီရင်ချက်ကို ကြေညာလိမ့်မည်။
မဿဲ 12:28 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် ငါသည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ထိုနတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့ထံသို့ ရောက်လေပြီ။ Common Language Bible ငါသည်ဗေလဇေဗုလ၏တန်ခိုးအားဖြင့် မဟုတ်၊ ဘုရားသခင်၏ဝိညာဉ်တော်တန်ခိုး အားဖြင့်နတ်မိစ္ဆာများကိုနှင်ထုတ်သည်။ ထို သို့မှန်လျှင်ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့တွင်တည်လျက်ရှိပေပြီ။ Garrad Bible ဘု ရား သ ခင်၏ ဝိ ညာဉ် တော် အား ဖြင့် နတ် များ ကို ငါ နှင် ထုတ် သည် မှန် လျှင် ဘု ရား သ ခင်၏ နိုင် ငံ တော် သည် သင် တို့ ထံ ရောက် နှင့် လေ ပြီ။ Judson Bible ငါသည် ဘုရားသခင်၏ဝိညာဉ်တော်ကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင်၊ အကယ်စင်စစ် သင်တို့၌ ဘုရားသခင်၏နိုင်ငံတော် တည်ချိန်ရောက်လေပြီ။- မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် ငါသည် ဘုရားသခင်၏ဝိညာဉ်တော်ကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဆိုလျှင် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့ထံရောက်ရှိလေပြီ။ မြန်မာ ငါသည် ဘုရားသခင်၏ဝိညာဉ်တော်ကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင်၊ အကယ်စင်စစ် သင်တို့၌ ဘုရားသခင်၏နိုင်ငံတော် တည်ချိန်ရောက်လေပြီ။- |
“ငါရွေးကောက်တော်မူသော အစေခံကို ကြည့်ကြလော့။ သူသည် ငါချစ်မြတ်နိုးသူ၊ ငါ့ကိုကျေနပ်စေသူ ဖြစ်၏။ ငါ၏ဝိညာဉ်တော်ကို သူ့အပေါ်သို့ သွန်းလောင်းမည်။ သူသည် လူမျိုးအပေါင်းတို့အား တရားသောစီရင်ချက်ကို ကြေညာလိမ့်မည်။
ခွန်အားကြီးသောသူကို ဦးစွာ မချည်နှောင်ဘဲ သူ၏ အိမ်သို့ ဝင်၍ ဥစ္စာပစ္စည်းများကို မည်သူမျှ မလုယူနိုင်။ ထိုသူထက် ခွန်အားကြီးသော တစ်စုံတစ်ယောက်က သူ့ကို ချည်နှောင်ပြီးမှသာ သူ၏ အိမ်ကို ဖောက်ထွင်းလုယူနိုင်မည်။
ထိုသားနှစ်ဦးတို့တွင် မည်သူသည် ဖခင်စကားကို နားထောင်သနည်း” ဟု မေးတော်မူ၏။ တပည့်တော်တို့က “သားကြီး ဖြစ်ပါသည်” ဟု ဖြေကြ၏။ ယေရှုက သူတို့အား “ငါအမှန်ဆိုရလျှင် အကျင့်ပျက်သောအခွန်ကောက်သူများနှင့် ပြည့်တန်ဆာများသည် ဘုရားသခင်၏ နိုင်ငံတော်သို့ သင်တို့ထက်အလျင် ဝင်ကြလိမ့်မည်။
ထို့ကြောင့် သင်တို့အား ငါပြောဆိုသည်မှာ ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့ထံမှ သိမ်းယူ၍ နိုင်ငံတော်၏အသီးကို သီးသည့်လူများထံသို့ ပေးအပ်တော်မူလိမ့်မည်။
ကိုယ်တော်၏သတင်းသည် ဆီးရီးယားပြည်တစ်လျှောက်လုံးသို့ ပျံ့နှံ့သွား၏။ ထို့ကြောင့် လူတို့သည် ဖျားနာသူများ၊ ရောဂါဝေဒနာအမျိုးမျိုး ခံစားနေရသူများ၊ နတ်ဆိုးပူးနေသူများ၊ ဝက်ရူးပြန်နေသူများနှင့် လေဖြတ်နေသူများကို ခေါ်ဆောင်လာကြ၏။ ကိုယ်တော်သည် ထိုသူတို့အားလုံး၏ ရောဂါများကို ပျောက်ကင်းစေတော်မူ၏။
ဘုရားသခင်၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းကို ဦးစွာ ရှာကြလော့။ သို့ပြုလျှင် သင်တို့လိုအပ်သော အရာအားလုံးကို ပေးတော်မူလိမ့်မည်။
ယေရှုက “အချိန်ကျပြီ။ ဘုရားသခင်၏နိုင်ငံတော်ပေါ်ထွန်းချိန်နီးပြီ။ သင်တို့၏အပြစ်များအတွက် နောင်တရ၍ သတင်းကောင်းကို ယုံကြည်ကြလော့” ဟု မိန့်တော်မူ၏။
မကြာမီ ပေါ်ထွန်းတော့မည့် ငါတို့အဖ ဒါဝိဒ်၏ နိုင်ငံတော်သည် မင်္ဂလာရှိပါစေသော။ အမြင့်ဆုံးသော ကောင်းကင်ဘုံ၌ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြပါစေသော” ဟု ကြွေးကြော်ကြ၏။
ယုံကြည်သောသူတို့သည် နိမိတ်လက္ခဏာများကို ပြသကြလိမ့်မည်။ သူတို့သည် ငါ၏အမည်နာမကို အမှီပြု၍ နတ်ဆိုးများကို နှင်ထုတ်ကြလိမ့်မည်။ အသစ်သောဘာသာစကားများကို ပြောကြလိမ့်မည်။
‘ငါတို့၏ခြေ၌ ကပ်လျက်ရှိသော သင်တို့မြို့၏ဖုန်မှုန့်ကိုပင် ငါတို့ခါချပြီ။ သို့သော် ဘုရားသခင်၏နိုင်ငံတော် ပေါ်ထွန်းချိန်နီးပြီဟု သိမှတ်ကြလော့’ ဟု ဟောပြောကြလော့။
သို့ရာတွင် ငါသည် ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ထိုနတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့ထံသို့ ရောက်လေပြီ။
မောရှေ၏ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများကို နှစ်ခြင်းဆရာယောဟန် မပေါ်မီတိုင်အောင် သွန်သင်လျက်ရှိ၏။ သို့သော် ယောဟန်အချိန်မှစ၍ ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သောသတင်းကောင်းကို ဟောပြောကြ၏။ လူတို့သည်လည်း ထိုနိုင်ငံတော်သို့ အတင်းတိုးဝင်ကြ၏။
ထို့နောက် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောစေရန်နှင့် ဖျားနာသောသူများအား ကျန်းမာစေရန် တပည့်တော်တို့ကို စေလွှတ်တော်မူ၏။
ဘုရားသခင်သည် နာဇရက်မြို့သားယေရှုအား သန့်ရှင်းသောဝိညာဉ်တော်နှင့် တန်ခိုးတော်အားဖြင့် မည်သို့ဘိသိက်ပေးခဲ့ကြောင်းကိုလည်း သင်တို့သိကြ၏။ ဘုရားသခင်သည် ယေရှုနှင့် အတူပါရှိတော်မူသဖြင့် ယေရှုသည်လည်း ကောင်းမှုပြု၍ နတ်ဆိုးပူးသောသူများအား ပျောက်ကင်းကျန်းမာစေလျက် အရပ်ရပ်သို့ လှည့်လည်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏နိုင်ငံတော်တွင် စားသောက်ခြင်းသည် အရေးမကြီးပေ။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ရရှိသော ဖြောင့်မတ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်းတို့သာ အရေးကြီး၏။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို အမှောင်၏ အုပ်စိုးမှုထဲမှ ကယ်တင်၍ မိမိချစ်တော်မူသော သားတော်၏ နိုင်ငံတော်ထဲသို့ ခေါ်သွင်းတော်မူ၏။
သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် မတုန်လှုပ်နိုင်သောနိုင်ငံကို ရရှိသဖြင့် ဘုရားသခင်ကို ကျေးဇူးတင်ကြစို့။ ကျွန်ုပ်တို့သည် ကြောက်ရွံ့ရိုသေလျက် ဘုရားသခင်နှစ်သက်တော်မူသည့်အတိုင်း ဝတ်ပြုကြစို့။
အပြစ်ကျူးလွန်နေသောသူသည် မာရ်နတ်၏သားသမီးဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မာရ်နတ်သည် အစဦးကပင် အပြစ်ကျူးလွန်သောကြောင့်ဖြစ်၏။ ဘုရားသခင်၏သားတော် ကြွလာရခြင်းမှာ မာရ်နတ်၏ လုပ်ဆောင်မှုကို ချေဖျက်ရန် ဖြစ်၏။