သင်တို့အား ငါအမှန်ဆို၏။ တရားစီရင်သောနေ့တွင် ထိုမြို့သည် ဆိုးသွမ်းသည့်သောဒုံမြို့နှင့် ဂေါမောရမြို့ထက် ပို၍အပြစ်ဒဏ်ခံရလိမ့်မည်။
မဿဲ 11:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အို ကပေရနောင်မြို့… သင်သည် ကောင်းကင်တိုင်အောင် ချီးမြှောက်ခံရပါမည်လော။ မခံရပါ။ သင်သည် မရဏနိုင်ငံတိုင်အောင် နှိမ့်ချခံရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်၌ ငါပြုခဲ့သော အံ့ဖွယ်တန်ခိုးတို့ကို ဆိုးသွမ်းသည့် သောဒုံမြို့တွင် ပြုခဲ့လျှင် ထိုမြို့သည် ယနေ့တိုင်အောင် တည်ဆဲရှိမည်ဖြစ်သောကြောင့်ပင် ဖြစ်၏။ Common Language Bible အို ကပေရနောင်မြို့၊ သင်သည်ကောင်းကင်ဘုံတိုင်အောင် မြှောက်စားခြင်းကိုခံရလိမ့်မည်ဟုထင်မှတ်ပါသ လော။ မရဏာနိုင်ငံအထိနှိမ့်ချခြင်းကိုခံရလတ္တံ့။ အဘယ်ကြောင့်ဆိုသော်သင့်ထံတွင် ငါပြုခဲ့သည့် အံ့ဖွယ်အမှုအရာများကိုသောဒုံမြို့တွင်သာပြု ခဲ့ပါမူ ထိုမြို့သည်ယနေ့တိုင်အောင်တည်လျက် ရှိပေမည်။- Garrad Bible အ ချင်း က ပေ ရ နောင် မြို့၊ မိုး ကောင်း ကင် တိုင် တက် ရောက် မည် လော။ မ ရ ဏ နိုင် ငံ တိုင် ကျ ရောက် ရ မည်။ သင်၌ ဖြစ် ဖူး သော အ မှု ကြီး များ သည် သော ဒုံ မြို့၌ ဖြစ် ခဲ့ လျှင် ယ နေ့ တိုင် ထို မြို့ တည် ရှိ လေ ပြီ။ Judson Bible အို ကပေရနောင်မြို့၊ သင်သည် မိုးကောင်းကင်တိုင်အောင် မြှောက်စားခြင်းကို ခံရသော်လည်း၊ မရဏနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကို ခံရလတ္တံ့။ အကြောင်းမူကား၊ သင်၌ပြသောတန်ခိုးကို သောဒုံမြို့၌ ပြုဖူးလျှင်၊ ထိုမြို့သည် ယခုတိုင်အောင်တည်ရာ၏။- မြန်မာ့စံမီသမ္မာကျမ်း ကပေရနောင်မြို့၊ သင်သည် ကောင်းကင်အထိ ချီးမြှောက်ခြင်းကိုခံရပါမည်လော။ သင်သည် မရဏာနိုင်ငံတိုင်အောင် ကျဆင်းရလိမ့်မည်။ အကြောင်းမူကား သင်၌ပြုခဲ့သောတန်ခိုးလက္ခဏာများကို သောဒုံမြို့၌ ပြုခဲ့လျှင် ထိုမြို့သည် ယနေ့တိုင်အောင် တည်ရှိခဲ့ပေလိမ့်မည်။ မြန်မာ အို ကပေရနောင်မြို့၊ သင်သည် မိုးကောင်းကင်တိုင်အောင် မြှောက်စားခြင်းကို ခံရသော်လည်း၊ မရဏနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကို ခံရလတ္တံ့။ အကြောင်းမူကား၊ သင်၌ပြသောတန်ခိုးကို သောဒုံမြို့၌ ပြုဖူးလျှင်၊ ထိုမြို့သည် ယခုတိုင်အောင်တည်ရာ၏။- |
သင်တို့အား ငါအမှန်ဆို၏။ တရားစီရင်သောနေ့တွင် ထိုမြို့သည် ဆိုးသွမ်းသည့်သောဒုံမြို့နှင့် ဂေါမောရမြို့ထက် ပို၍အပြစ်ဒဏ်ခံရလိမ့်မည်။
သင့်အား ငါပြောဆိုသည်မှာ သင်သည် ကျောက်ဟု အဓိပ္ပာယ်ရသောပေတရုဖြစ်၏။ ဤကျောက်ပေါ်တွင် ငါ၏ အသင်းတော်ကို တည်ဆောက်မည်။ မရဏနိုင်ငံ၏တံခါးများပင် ထိုအသင်းတော်ကို အောင်နိုင်လိမ့်မည်မဟုတ်။
ထို့နောက် ကပေရနောင်မြို့သို့ ရောက်ကြသောအခါ ဗိမာန်တော်အတွက်အခွန်ကောက်ခံသူတို့က ပေတရုထံသို့ လာ၍ “သင်တို့၏ ဆရာသည် ဗိမာန်တော်ခွန်ပေးဆောင်သလော” ဟု မေးမြန်းကြ၏။
နာဇရက်မြို့သို့ ဦးစွာရောက်တော်မူပြီးနောက် ထိုမြို့မှ ထွက်ခွာ၍ ဇာဗုလုန်နှင့် နဿလိနယ်မြေစပ်ကြားတွင်ရှိသော ဂါလိလဲအိုင်အနီးရှိ ကပေရနောင်မြို့သို့ သွားရောက်နေထိုင်တော်မူ၏။
ယေရှုသည် ကပေရနောင်မြို့သို့ ကြွတော်မူသောအခါ ရောမတပ်မှူးတစ်ဦးသည် ကိုယ်တော်ထံသို့ ချဉ်းကပ်၍
အို ကပေရနောင်မြို့… သင်သည် ကောင်းကင်တိုင်အောင် ချီးမြှောက်ခံရပါမည်လော။ မခံရပါ။ သင်သည် မရဏနိုင်ငံတိုင်အောင် နှိမ့်ချခံရလိမ့်မည်” ဟူ၍ ဖြစ်၏။
မိမိကိုယ်ကိုယ် ချီးမြှောက်သောသူသည် နှိမ့်ချခြင်းကို ခံရလိမ့်မည်။ မိမိကိုယ်ကိုယ် နှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကို ခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
သူသည် မရဏနိုင်ငံတွင် ပြင်းစွာသောဝေဒနာကို ခံစားရသဖြင့် အပေါ်သို့ မျှော်ကြည့်ရာ လာဇရုသည် အာဗြဟံရင်ခွင်၌ ရှိသည်ကို အဝေးမှ မြင်လေ၏။
ယေရှုကလည်း “သင်တို့က ‘ဆရာဝန်… သင်သည် မိမိရောဂါကို မိမိပြန်၍ ပျောက်ကင်းအောင်ကုသလော့’ ဟူသော စကားပုံနှင့်အညီ ‘ကပေရနောင်မြို့၌ သင်ပြုသည့်အံ့ဖွယ်အမှုများကို ငါတို့ကြားခဲ့ရသည့်အတိုင်း သင်၏နေရပ်မြို့ဖြစ်သော ဤနေရာ၌လည်း ပြုလော့’ ဟု ငါ့ကို ဧကန်မုချပြောဆိုကြလိမ့်မည်။
ကိုယ်တော်သည် အကျွန်ုပ်၏ဝိညာဉ်ကို မရဏနိုင်ငံ၌ စွန့်ပစ်ထားတော်မူမည်မဟုတ်။ ကိုယ်တော်၏သန့်ရှင်းသူကိုလည်း ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့စေတော်မူမည်မဟုတ်။
ဒါဝိဒ်မင်းသည် ဤအရာကို ကြိုတင်သိမြင်သဖြင့် ခရစ်တော်၏ရှင်ပြန်ထမြောက်တော်မူခြင်းနှင့် ပတ်သက်၍ ‘သူ့ကို မရဏနိုင်ငံ၌ စွန့်ပစ်ထားတော်မူမည်မဟုတ်၊ ကိုယ်ခန္ဓာကိုလည်း ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့စေတော်မူမည်မဟုတ်’ ဟု ဆိုလေ၏။
ထိုကဲ့သို့ပင် သောဒုံမြို့၊ ဂေါမောရမြို့နှင့် အနီးရှိ မြို့များမှ မြို့သူမြို့သားတို့သည် လိင်မှုကျူးလွန်၍ သဘာဝနှင့် ဆန့်ကျင်သောမေထုန်ကို ပြုကြသဖြင့် ထာဝရမီးဒဏ်ကို ခံရ၏။ ထို့ကြောင့် ထိုမြို့တို့သည် သင်ခန်းစာယူစရာဖြစ်လာကြ၏။
ငါသည် အသက်ရှင်သောသူဖြစ်၏။ ငါသည် သေခဲ့၏။ ယခုတွင်မူ အစဉ်ထာဝရအသက်ရှင်၏။ ငါသည် သေခြင်းတရားနှင့် မရဏနိုင်ငံကို အစိုးရ၏။
လက်ဝါးကပ်တိုင်ပေါ်၌ သူတို့၏သခင်ဘုရား အသေခံတော်မူရာအရပ်ဖြစ်သည့် သောဒုံနှင့် အီဂျစ်ဟု ပုံဆောင်ခေါ်ဝေါ်သောမြို့ကြီး၏ လမ်းပေါ်၌ သူတို့၏ အလောင်းများ ရှိကြလိမ့်မည်။
ပင်လယ်ရှိ သေလွန်သောသူတို့သည် ဘုရားသခင်ရှေ့တော်သို့ ရောက်လာကြ၏။ အရပ်ရပ်ရှိ သေလွန်သောသူတို့နှင့် မရဏနိုင်ငံရှိ သေလွန်သောသူတို့သည်လည်း ဘုရားသခင်ရှေ့တော်သို့ ရောက်လာကြ၏။ လူအပေါင်းတို့သည် မိမိတို့၏အကျင့်နှင့်အညီ တရားစီရင်ခံရ၏။
ထိုအခါ ကျွန်ုပ်ကြည့်လိုက်ရာ အရောင်မွဲမြင်းတစ်ကောင်ကို မြင်ရ၏။ ထိုမြင်းကို စီးသောသူ၏ အမည်မှာ သေမင်းဖြစ်၏။ သူ၏နောက်တွင် မရဏနိုင်ငံ လိုက်လာ၏။ ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံကို ဓားဘေး၊ အငတ်ဘေး၊ ရောဂါဘေး၊ ကမ္ဘာလောကရှိ သားရဲတိရစ္ဆာန်များ၏ဘေးတို့ဖြင့် သတ်ဖြတ်ရန် သူတို့အား အခွင့်အာဏာပေးထားတော်မူ၏။