Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 11:22 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

22 ထို့ကြောင့် တရားစီရင်သော​နေ့​တွင် သင်တို့​သည် တိုင်ရာမြို့​နှင့်​ဆီဒုန်မြို့​ထက် ပို​၍ အပြစ်ဒဏ်ခံရ​လိမ့်မည်​ဟု ငါ​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 သို့​ရာ​တွင်​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌ သင်​တို့​သည် တု​ရု​နှင့်​ဇိ​ဒုံ​မြို့​တို့​ထက်​ပို​၍​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ ပေ​အံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 တု ရု နှင့် ဇိ ဒုန် မြို့ များ သည် တ ရား စီ ရင် သည့် နေ့ တော်၌ သင် တို့ ထက် ခံ သာ လိမ့် မည် ငါ ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 ငါ​ဆို​သည်​ကား၊ တ​ရား​ဆုံး​ဖြတ်​သော​နေ့၌ သင်​တို့​သည် တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့​ထက် သာ၍ ခံ​ရ​ကြ​လ​တ္တံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 သို့သော် သင်​တို့​အား ငါ​ဆို​မည်။ တရား​စီရင်​တော်မူ​ရာ​နေ့​၌ တိုင်ရာ​မြို့​နှင့်​ဆီဒုန်​မြို့​တို့​သည် သင်​တို့​ထက် ခံသာ​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

22 ငါ​ဆို​သည်​ကား၊ တ​ရား​ဆုံး​ဖြတ်​သော​နေ့၌ သင်​တို့​သည် တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့​ထက် သာ၍ ခံ​ရ​ကြ​လ​တ္တံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 11:22
22 ပူးပေါင်းရင်းမြစ်များ  

သင်တို့​အား ငါ​အမှန်​ဆို၏။ တရားစီရင်သော​နေ့​တွင် ထို​မြို့​သည် ဆိုးသွမ်းသည့်​သောဒုံမြို့​နှင့် ဂေါမောရမြို့​ထက် ပို၍​အပြစ်ဒဏ်ခံရ​လိမ့်မည်။


ယေရှု​က “အို ခေါရာဇိန်မြို့… သင်​သည် အမင်္ဂလာ​ရှိ၏။ အို ဗက်ဇဲဒမြို့… သင်​သည် အမင်္ဂလာ​ရှိ၏။ ငါ​သည် သင်တို့​တွင် ပြခဲ့သော အံ့ဖွယ်တန်ခိုးတို့​ကို တိုင်ရာမြို့​နှင့် ဆီဒုန်မြို့​တွင် ပြခဲ့​လျှင် ထို​မြို့တို့​၌ ရှိသော​သူတို့​သည် လျှော်ထည်ကြမ်း​ကို ဝတ်​၍ ပြာ​ထဲတွင် ထိုင်​လျက် ယခင်​ကတည်းက​ပင် မိမိတို့​၏ အပြစ်များ​အတွက် နောင်တရခဲ့ပြီး​ဖြစ်​လိမ့်မည်။


တရားစီရင်သော​နေ့​တွင် သင်​သည် သောဒုံမြို့​ထက် ပို​၍ အပြစ်ဒဏ်ခံရ​လိမ့်မည်​ဟု ငါ​ဆိုသည်” ဟု မိန့်တော်မူ၏။


သင်တို့​အား ငါ​ပြောဆိုသည်​မှာ သင်တို့​၏ အကျိုးမဲ့​ပြောဆိုသော​စကားများ​အတွက် တရားစီရင်သော​နေ့ရက်​တွင် ဖြေရှင်းချက်​ပေးရ​လိမ့်မည်။


တရားစီရင်​သောအခါ သင်တို့​သည် တိုင်ရာမြို့​နှင့်​ဆီဒုန်မြို့​ထက် ပို​၍ အပြစ်ဒဏ်ခံရ​လိမ့်မည်။


ဤမျှ​ထူးမြတ်သည့်​ကယ်တင်ခြင်း​တရား​ကို ကျွန်ုပ်တို့ လျစ်လျူရှု​ပါက အပြစ်ဒဏ်​မှ မည်သို့​လွတ်မြောက်​နိုင်ကြမည်နည်း။ ဤ​ကယ်တင်ခြင်း​တရား​ကို သခင်ဘုရား​ကိုယ်တိုင် ဦးစွာ ဟောတော်မူ​ပြီးနောက် ကြားနာသူများ​က ကျွန်ုပ်တို့​အား ထို​တရားတော်​မှန်ကန်ကြောင်း အတည်ပြု​ပေးခဲ့ကြ၏။


ထာဝရဘုရား​သည် ယခင်​က ထိုသို့​ပြုတော်မူ​သောကြောင့် ဘုရားတရား​ကိုင်းရှိုင်းသူတို့​ကို ဆင်းရဲဒုက္ခ​ထဲမှ မည်သို့​ကယ်တင်​ရမည်​ကို​လည်းကောင်း၊ မဖြောင့်မတ်သောသူတို့​ကို တရားစီရင်ရာနေ့​တိုင်အောင် မည်သို့​အပြစ်ဒဏ်ပေး​၍ ထိန်းသိမ်းထား​ရမည်​ကို​လည်းကောင်း သိတော်မူ၏။


ဘုရားသခင်​သည် ထို​နှုတ်ကပတ်တော်​အားဖြင့် ယခု​လက်ရှိ ကောင်းကင်​နှင့် မြေကြီး​ကို မီး​နှင့် တရားစီရင်မည့်​နေ့​တိုင်အောင် ဆက်လက်​တည်ရှိစေတော်မူ၏။ ထို​နေ့​၌ ကောင်းကင်​နှင့် မြေကြီး​သည် မီး​နှင့် ဖျက်ဆီးခြင်း​ကို ခံရ​၍ ဘုရားတရား​မဲ့သော​သူတို့​သည်လည်း ဖျက်ဆီးခြင်း​ကို ခံရ​လိမ့်မည်။


ကျွန်ုပ်တို့​သည် ဤ​လောက​တွင် ကိုယ်တော်​ကဲ့သို့ ဖြစ်ကြ​၍ ချစ်ခြင်းမေတ္တာတော်​သည် ကျွန်ုပ်တို့​၌ ပြည့်စုံနေ​သောကြောင့် တရားစီရင်တော်မူရာ​နေ့​၌ စိတ်ချယုံကြည်မှု ရှိကြ​လိမ့်မည်။


ထိုအခါ ရာဇပလ္လင်​ဖြူကြီး​နှင့် ထို​ပလ္လင်​ပေါ်တွင် ထိုင်တော်မူသော​အရှင်​ကို ကျွန်ုပ်​မြင်ရ၏။ မြေကြီး​နှင့် ကောင်းကင်​သည် ထို​အရှင်​ရှေ့မှ ပျောက်ကွယ်သွား​၍ ၎င်းတို့​အတွက် နေရာ​မရှိတော့ပေ။


သေလွန်သောသူ အကြီး​အငယ်တို့​သည် ရာဇပလ္လင်တော်​ရှေ့​၌ ရပ်နေကြသည်​ကို ကျွန်ုပ်​မြင်ရ၏။ စာစောင်များ​ကို ဖွင့်ထား၏။ အသက်​စာစောင်​ဖြစ်သော အခြား​စာစောင်​တစ်စောင်​ကိုလည်း ဖွင့်ထား၏။ သေလွန်သော​သူတို့​သည် စာစောင်​ထဲတွင် မှတ်တမ်းတင်​ထားသည့်​အတိုင်း မိမိတို့​အကျင့်​နှင့်​အညီ တရားစီရင်​ခံရ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ