ထို့နောက် တပည့်တော်ဆယ့်နှစ်ပါးတွင် တစ်ပါးဖြစ်သော ယုဒရှကာရုတ်သည် ယဇ်ပုရောဟိတ်ခေါင်းဆောင်များထံသို့ သွားရောက်ပြီးလျှင်
မဿဲ 10:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မျိုးချစ်စိတ်ထက်သန်သူ ရှိမုန်နှင့် ယေရှုအား သစ္စာဖောက်သောယုဒရှကာရုတ်တို့ ဖြစ်ကြ၏။ Common Language Bible မျိုးချစ်စိတ်ထက်သန်သူရှိမုန်နှင့်ကိုယ်တော်ကို သစ္စာဖောက်သူယုဒရှကာရုတ်တို့တည်း။ Garrad Bible အာ လ ဖဲ၏ သား ယာ ကုပ် နှင့် သ ဒ္ဒဲ၊ ဝံ သာ နု ရှိ မုန် နှင့် ကိုယ် တော် ကို ပို့ အပ် သော ယု ဒ ဣ ရှ ကာ ရုတ် တို့ တည်း။ Judson Bible ကာနနိတ်လူရှိမုန်နှင့် ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ် ပေတည်း။ မြန်မာ့စံမီသမ္မာကျမ်း မျိုးချစ်ပုဂ္ဂိုလ်ရှိမုန်နှင့် ကိုယ်တော်ကိုအပ်နှံသည့် ယုဒဣရှကာရုတ်တို့ဖြစ်ကြ၏။ မြန်မာ ကာနနိတ်လူရှိမုန်နှင့် ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ် ပေတည်း။ |
ထို့နောက် တပည့်တော်ဆယ့်နှစ်ပါးတွင် တစ်ပါးဖြစ်သော ယုဒရှကာရုတ်သည် ယဇ်ပုရောဟိတ်ခေါင်းဆောင်များထံသို့ သွားရောက်ပြီးလျှင်
“ယေရှုကို သင်တို့ထံ အပ်လျှင် ကျွန်ုပ်အား ငွေမည်မျှ ပေးမည်နည်း” ဟု မေးလေ၏။ သူတို့ကလည်း ငွေဒင်္ဂါးပြားသုံးဆယ်ပေးကြ၏။
“သင်တို့ သိနှင့်ပြီးဖြစ်သည့်အတိုင်း နှစ်ရက်ကြာလျှင် ပသခါပွဲတော်ကျရောက်မည်။ ထိုအခါ လူသားကို လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ရန် ရန်သူ့လက်သို့ အပ်နှံကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုသို့ မိန့်တော်မူစဉ် တပည့်တော်ဆယ့်နှစ်ပါးအနက် တစ်ပါးဖြစ်သော ယုဒသည် တုတ်နှင့်ဓားများကို ကိုင်ဆောင်သောလူအုပ်ကြီးနှင့်အတူ ရောက်လာ၏။ ထိုသူတို့သည် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် အကြီးအကဲတို့က လွှတ်လိုက်သောလူအုပ် ဖြစ်၏။
ထိုအခါ ကိုယ်တော်ကို သစ္စာဖောက်အပ်နှံခဲ့သော ယုဒသည် ယေရှု သေဒဏ်ချမှတ်ခံရသည်ကို ကြားသိသောအခါ နောင်တရလေ၏။ ထို့ကြောင့် ငွေဒင်္ဂါးပြားသုံးဆယ်ကို ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် လူထုအကြီးအကဲများထံသို့ ပြန်ယူလာခဲ့ပြီးလျှင်
ထို့နောက် တပည့်တော်ဆယ့်နှစ်ပါးတွင် တစ်ပါးဖြစ်သော ယုဒရှကာရုတ်သည် ယဇ်ပုရောဟိတ်ခေါင်းဆောင်များလက်သို့ ယေရှုကို အပ်ရန် သူတို့ထံသို့ ထွက်သွားလေ၏။
ထိုသို့ မိန့်တော်မူစဉ် တပည့်တော်ဆယ့်နှစ်ပါးအနက် တစ်ပါးဖြစ်သော ယုဒသည် တုတ်နှင့်ဓားများကို ကိုင်ဆောင်သောလူအုပ်ကြီးနှင့်အတူ ရောက်လာ၏။ ထိုသူတို့သည် ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများနှင့် အကြီးအကဲတို့မှ လွှတ်လိုက်သောလူအုပ် ဖြစ်၏။
ထိုအခါ စာတန်မာရ်နတ်သည် တပည့်တော်ဆယ့်နှစ်ပါးထဲမှ တစ်ပါးဖြစ်သည့် ရှကာရုတ်ဟု ခေါ်သော ယုဒထဲသို့ ဝင်လေ၏။
ထိုသို့မိန့်တော်မူနေစဉ် လူတစ်စုရောက်လာ၏။ တပည့်တော်ဆယ့်နှစ်ပါးအနက် တစ်ပါးဖြစ်သည့် ယုဒသည် ထိုလူစုကို ဦးဆောင်၍ ခေါ်လာ၏။ သူသည် ယေရှုကို အနမ်းဖြင့် နှုတ်ဆက်ရန် ချဉ်းကပ်လေ၏။
ကိုယ်တော်နှင့် တပည့်တော်တို့သည် ညစာစားလျက်နေကြ၏။ ထိုအချိန်တွင် ရှိမုန်ရှကာရုတ်၏သား ယုဒ၏စိတ်၌ ယေရှုကို သစ္စာဖောက်ရန် မာရ်နတ်သည် လှုံ့ဆော်ထားပြီးဖြစ်၏။
သို့သော်လည်း သင်တို့ထဲမှ တချို့သည် ငါ့ကို မယုံကြည်ကြ” ဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူရခြင်းမှာ ယေရှုသည် မည်သူတို့ မယုံကြည်ဘဲနေသည်ကိုလည်းကောင်း၊ မည်သူ မိမိကို သစ္စာဖောက်မည်ကိုလည်းကောင်း အစဦးကပင် သိတော်မူသောကြောင့်ဖြစ်၏။
ထိုသို့ မိန့်တော်မူသည်မှာ မိမိအား သစ္စာဖောက်မည့် ယုဒရှကာရုတ်ကို ဆိုလိုခြင်းဖြစ်၏။ ထိုသူသည် ရှိမုန်၏ သားဖြစ်ပြီး တပည့်တော်ဆယ့်နှစ်ပါးထဲမှ တစ်ပါးဖြစ်၏။
ထိုမြို့သို့ ဝင်ကြသောအခါ သူတို့သည် မိမိတို့ တည်းခိုနေသောအိမ်၏အပေါ်ထပ်အခန်းသို့ တက်သွားကြ၏။ ထိုသူတို့မှာ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ မျိုးချစ်စိတ်ထက်သန်သူရှိမုန်၊ ယာကုပ်၏သား ယုဒတို့ ဖြစ်ကြ၏။