ညီအစ်ကိုချင်း တစ်ဦးကိုတစ်ဦး သေစေရန် သစ္စာဖောက်လိမ့်မည်။ ဖခင်သည်လည်း မိမိသားသမီးကို သေစေရန် သစ္စာဖောက်လိမ့်မည်။ သားသမီးတို့သည်လည်း မိဘကို ပုန်ကန်၍ သေစေကြလိမ့်မည်။
မဿဲ 10:35 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သားသည် ဖခင်ကိုလည်းကောင်း၊ သမီးသည် မိခင်ကိုလည်းကောင်း၊ ချွေးမသည် ယောက္ခမကိုလည်းကောင်း၊ အချင်းချင်း ဆန့်ကျင်စေရန် ငါလာ၏။ Common Language Bible သားနှင့်အဖ၊ သမီးနှင့်အမိ၊ ချွေးမနှင့်ယောက္ခမ တို့ရန်ဖက်ဖြစ်စေရန်ငါလာသတည်း။- Garrad Bible သား သည် ဖ ခင် ကို လည်း ကောင်း၊ သ မီး သည် မိ ခင် ကိုလည်း ကောင်း၊ ချွေး မ သည် ယော က္ခ မ မိန်း မ သူ ကိုလည်း ကောင်း၊ ဆန့် ကျင် ဘက် ပြု စေ သည့် ပြင်။ Judson Bible အဘနှင့် သား၊ အမိနှင့် သမီး၊ ယောက္ခမနှင့် ချွေးမအချင်းချင်း ကွဲပြားစေခြင်းငှာ ငါလာသတည်း။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သားကို သူ၏အဖနှင့်လည်းကောင်း၊ သမီးကို သူ၏အမိနှင့်လည်းကောင်း၊ ချွေးမကို သူ၏ယောက္ခမနှင့်လည်းကောင်း စိတ်ဝမ်းကွဲပြားစေရန် ငါလာ၏။ မြန်မာ အဘနှင့် သား၊ အမိနှင့် သမီး၊ ယောက္ခမနှင့် ချွေးမအချင်းချင်း ကွဲပြားစေခြင်းငှာ ငါလာသတည်း။- |
ညီအစ်ကိုချင်း တစ်ဦးကိုတစ်ဦး သေစေရန် သစ္စာဖောက်လိမ့်မည်။ ဖခင်သည်လည်း မိမိသားသမီးကို သေစေရန် သစ္စာဖောက်လိမ့်မည်။ သားသမီးတို့သည်လည်း မိဘကို ပုန်ကန်၍ သေစေကြလိမ့်မည်။
ထိုကာလ၌ လူများစွာတို့သည် ယုံကြည်ခြင်းမှ လမ်းလွဲ၍ အချင်းချင်း သစ္စာဖောက်လျက် မုန်းတီးကြလိမ့်မည်။
ညီအစ်ကိုချင်း တစ်ဦးကိုတစ်ဦး သေစေရန် သစ္စာဖောက်လိမ့်မည်။ ဖခင်သည်လည်း မိမိသားသမီးကို သေစေရန် သစ္စာဖောက်လိမ့်မည်။ သားသမီးတို့သည်လည်း မိဘကို ပုန်ကန်၍ သေစေကြလိမ့်မည်။
ထိုအိမ်ထောင်တွင် ဖခင်သည် သားကိုလည်းကောင်း၊ သားသည် ဖခင်ကိုလည်းကောင်း၊ မိခင်သည် သမီးကိုလည်းကောင်း၊ သမီးသည် မိခင်ကိုလည်းကောင်း၊ ယောက္ခမသည် ချွေးမကိုလည်းကောင်း၊ ချွေးမသည် ယောက္ခမကိုလည်းကောင်း အချင်းချင်းဆန့်ကျင်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
မိဘ၊ ညီအစ်ကိုများ၊ ဆွေမျိုးများနှင့် မိတ်ဆွေများပင်လျှင် သင်တို့ကို သစ္စာဖောက်ကြလိမ့်မည်။ သင်တို့ထဲမှ အချို့သောသူတို့ကို သတ်ကြလိမ့်မည်။