ထို့ကြောင့် ကျရောက်လာမည့် ဘေးတို့မှ လွတ်မြောက်ရေးအတွက် အားအင်ရရှိရန်နှင့် လူသားရှေ့တော်မှောက်တွင် ရပ်နိုင်ရန် အချိန်တိုင်း ဆုတောင်း၍ သတိနှင့်နေကြလော့” ဟု မိန့်တော်မူ၏။
ဗျာဒိတ် 6:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ထိုအရှင်တို့၏ အမျက်တော်ထွက်သောနေ့ရက်ကြီး ရောက်လာသောကြောင့်ဖြစ်၏။ ထိုအမျက်တော်ကို မည်သူခံရပ်နိုင်မည်နည်း” ဟု ပြောဆိုကြ၏။ Common Language Bible ထိုအရှင်တို့၏အမျက်တော်သင့်မည့်နေ့ရက် ကာလကျရောက်လာလေပြီ။ ထိုအမျက်တော် ကိုအဘယ်သူသည်ရပ်ခံနိုင်ပါမည်နည်း'' ဟု ဆိုကြ၏။ Garrad Bible ထို အ ရှင် တို့ အ မျက် ဒဏ် နေ့ တော် ကြီး တိုင် ရောက် ပြီ ဖြစ်၍ မည် သူ ခံ ရပ် နိုင် အံ့ နည်း ဟု ဟစ် ကြွေး ကြ ၏။ Judson Bible အမျက်တော် ထင်ရှားသောနေ့ကြီး ရောက်ပါပြီတကား။ အဘယ်သူသည် ခံရပ်နိုင်မည်နည်းဟု ပြောဆိုကြ၏။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား အမျက်တော်ထင်ရှားရာနေ့ရက်ကြီးကျရောက်လာပြီဖြစ်၍ မည်သူသည် ခံရပ်နိုင်မည်နည်း”ဟု ပြောဆိုကြ၏။ |
ထို့ကြောင့် ကျရောက်လာမည့် ဘေးတို့မှ လွတ်မြောက်ရေးအတွက် အားအင်ရရှိရန်နှင့် လူသားရှေ့တော်မှောက်တွင် ရပ်နိုင်ရန် အချိန်တိုင်း ဆုတောင်း၍ သတိနှင့်နေကြလော့” ဟု မိန့်တော်မူ၏။
ထိုသို့ သင်သည် ခေါင်းမာ၍ နောင်တရသောစိတ်မရှိ။ ထို့ကြောင့် ဘုရားသခင်၏ ဖြောင့်မတ်သော တရားစီရင်ခြင်း ထင်ရှားလာမည့်အချိန်ဖြစ်သည့် အမျက်တော်နေ့တွင် ပို၍ကြီးလေးသောပြစ်ဒဏ်ကို သင်ခံရလိမ့်မည်။
ထို့ပြင် မိမိတို့ရရှိထားသည့်အခွင့်အာဏာနှင့် မတင်းတိမ်ဘဲ နေရင်းအရပ်ကို စွန့်ခွာသွားကြသော ကောင်းကင်တမန်များအား ကိုယ်တော်သည် တရားစီရင်တော်မူမည့်နေ့ရက်ကြီးအတွက် ထာဝရအချုပ်အနှောင်ဖြင့် အမှောင်ထဲ၌ သံကြိုးနှင့် ချည်နှောင်ကာ ထိန်းသိမ်းထားတော်မူ၏။
လူမျိုးတို့သည် အမျက်ထွက်ကြ၏။ သို့သော် ယခု ကိုယ်တော်၏အမျက်ထွက်ချိန် ရောက်လာပြီ။ သေလွန်သောသူတို့ကို တရားစီရင်ရသောအချိန် ရောက်လာပြီ။ ကိုယ်တော်၏အစေခံဖြစ်သော ပရောဖက်များ၊ သန့်ရှင်းသူများနှင့် ကိုယ်တော်ကို ကြောက်ရွံ့သည့် လူတန်းစားအနိမ့်အမြင့်လူအပေါင်းတို့အား ဆုလာဘ်ကို ပေးလိမ့်မည်။ ကိုယ်တော်သည် ကမ္ဘာလောကကို ဖျက်ဆီးသောသူတို့ကို ဖျက်ဆီးတော်မူလိမ့်မည်” ဟု ဆိုကြ၏။
သူတို့သည် နိမိတ်လက္ခဏာများကို ပြနိုင်သော နတ်ဆိုးတို့၏ဝိညာဉ်များဖြစ်ကြ၏။ ၎င်းတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ တရားစီရင်ရာနေ့ရက်ကြီးတွင် ဆင်နွှဲမည့်စစ်ပွဲအတွက် ကမ္ဘာတစ်ဝန်းလုံးရှိ ရှင်ဘုရင်များကို စုဝေးရန် ထွက်ခွာသွားကြ၏။