နောက်တစ်နေ့တွင် မိမိထံသို့ ယေရှုကြွလာသည်ကို မြင်သောအခါ ယောဟန်က “ဤကမ္ဘာလောက၏ အပြစ်ကို ချေဖျက်သော ဘုရားသခင်၏ သိုးသငယ်တော်ကို ကြည့်လော့။
ဗျာဒိတ် 6:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သိုးသငယ်တော်သည် တံဆိပ်ခုနစ်ခုအနက် ပထမတံဆိပ် ဖွင့်သည်ကို ကျွန်ုပ်မြင်၏။ ထို့နောက် သတ္တဝါလေးပါးအနက် တစ်ပါးက မိုးခြိမ်းသံကဲ့သို့သောအသံဖြင့် “လာလော့” ဟု ဆိုသည်ကို ကျွန်ုပ်ကြားရ၏။ Common Language Bible ထိုနောက်သိုးသူငယ်တော်သည်ချိပ်တံဆိပ် ခုနစ်ခုအနက်မှ ပထမတံဆိပ်ဖွင့်သည်ကို ငါမြင်၏။ သက်ရှိသတ္တဝါလေးပါးအနက်တစ် ပါးသည်မိုးကြိုးသံနှင့်တူသောအသံဖြင့်``လာ လော့'' ဟုဆိုသည်ကိုငါကြားရ၏။- Garrad Bible သိုး ငယ် တော် သည် တံ ဆိပ် ခု နစ် ချက် အ နက် တစ် ချက် ကို ဖွင့် တော် မူ သည့် ကာ လ ငါ မျှော် ကြည့် ရာ သ တ္တ ဝါ လေး ပါး အ ဝင် တစ် ပါး က၊ လာ ခဲ့ လော့ ဟု မိုး ချုန်း သံ နှင့် ဆို သည် ကို ငါ ကြား သည့် အ တိုင်း ကြည့် ပြန် ရာ မြင်း ဖြူ တစ် စီး ကို လည်း ကောင်း၊ Judson Bible သိုးသငယ်သည် တံဆိပ်ခုနစ်ချက်တွင် တစ်ချက်ကိုဖွင့်သောအခါ ငါကြည့်လျှင်၊ မိုးကြိုးသံ မြည်သကဲ့သို့၊ သတ္တဝါလေးပါးတွင် တစ်ပါးက၊ လာ၍ ကြည့်လော့ဟု ဆိုသည်ကို ငါကြား၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သိုးသငယ်တော်သည် တံဆိပ်ခုနစ်ခုထဲမှ တစ်ခုကိုဖွင့်သောအခါ ငါကြည့်လျှင် သတ္တဝါလေးပါးတို့ထဲမှတစ်ပါးက မိုးချုန်းသံကဲ့သို့သောအသံဖြင့် “လာလော့”ဟု ဆိုသည်ကို ငါကြားရ၏။ |
နောက်တစ်နေ့တွင် မိမိထံသို့ ယေရှုကြွလာသည်ကို မြင်သောအခါ ယောဟန်က “ဤကမ္ဘာလောက၏ အပြစ်ကို ချေဖျက်သော ဘုရားသခင်၏ သိုးသငယ်တော်ကို ကြည့်လော့။
ကျွန်ုပ်တို့သည် မြင်တွေ့၍ ကြားခဲ့ပြီးသောအရာတို့ကို မဟောပြောဘဲမနေနိုင်ပါ” ဟု ပြန်ဖြေကြ၏။
ထိုအခါ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်၏ ဗိမာန်တော်သည် ပွင့်၍ ကိုယ်တော်၏ဗိမာန်တော်၌ ပဋိညာဉ်သေတ္တာတော်ကို မြင်ရ၏။ ထို့နောက် လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးခြိမ်းခြင်း၊ ငလျင်လှုပ်ခြင်း၊ ကြီးမားသောမိုးသီးကျခြင်းတို့ ဖြစ်လေ၏။
အသေသတ်ခြင်းခံရသော သိုးသငယ်တော်၏ အသက်စာစောင်၌ ကမ္ဘာဦးအစကပင် အမည်စာရင်းပါသောသူများမှလွဲ၍ ကမ္ဘာလောက၌ နေထိုင်ကြသောသူအပေါင်းတို့သည် ထိုသားရဲကို ကိုးကွယ်ကြလိမ့်မည်။
ထို့နောက် ဟုန်းဟုန်းမြည်သောရေစီးသံကဲ့သို့လည်းကောင်း၊ ကျယ်လောင်သော မိုးခြိမ်းသံကဲ့သို့လည်းကောင်း ကောင်းကင်ဘုံမှ အသံကို ကျွန်ုပ်ကြားရ၏။ ကျွန်ုပ်ကြားရသောအသံမှာ စောင်းသမားများစောင်းတီးနေသောအသံကဲ့သို့ ဖြစ်၏။
ထို့နောက် လူအုပ်ကြီး၏အသံကဲ့သို့လည်းကောင်း၊ ဟုန်းဟုန်းမြည်သောရေစီးသံကဲ့သို့လည်းကောင်း၊ ကျယ်လောင်သောမိုးခြိမ်းသံကဲ့သို့လည်းကောင်း ထွက်ပေါ်လာသောအသံကို ကျွန်ုပ်ကြားခဲ့ရ၏။ ထိုအသံမှာ “ဟာလေလုယာ။ ကျွန်ုပ်တို့၏ အနန္တတန်ခိုးရှင် ဘုရားသခင်သည် အုပ်စိုးတော်မူ၏။
သတ္တဝါလေးပါးတွင် တောင်ပံခြောက်ခုစီရှိ၍ တောင်ပံအတွင်းနှင့်အပြင်၌ မျက်လုံးများအပြည့်ရှိ၏။ သူတို့က “ယခုရှိလျက်၊ ယခင်ကလည်းရှိလျက် နောင်အခါ၌လည်းကြွလာမည့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏” ဟူ၍ နေ့ညမပြတ် ကြွေးကြော်နေကြ၏။
ထို့နောက် ရာဇပလ္လင်တော်ပေါ်တွင် ထိုင်တော်မူသောအရှင်၏ လက်ယာလက်ထဲတွင် စာလိပ်ကို ကျွန်ုပ်မြင်ရ၏။ ထိုစာလိပ်အတွင်းအပြင်နှစ်ဖက်လုံး၌ စာများရေးထား၍ တံဆိပ်ခုနစ်ခုဖြင့် ခတ်နှိပ်ထား၏။
ထိုသူတို့က “အသေသတ်ခံရသောသိုးသငယ်တော်သည် တန်ခိုး၊ စည်းစိမ်၊ ဉာဏ်ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်အသရေ၊ ဘုန်းအသရေနှင့် ချီးမွမ်းခြင်းတို့ကို ခံယူရန် ထိုက်တန်၏” ဟု ကျယ်လောင်စွာ ကြွေးကြော်ကြ၏။
သိုးသငယ်တော်သည် စာလိပ်ကို ယူသောအခါ သတ္တဝါလေးပါးနှင့် အကြီးအကဲနှစ်ဆယ့်လေးပါးတို့သည် သိုးသငယ်တော်ရှေ့၌ ဝပ်တွားခယကြ၏။ သူတို့တစ်ဦးစီသည် စောင်းကိုလည်းကောင်း၊ အမွှေးနံ့သာနှင့်ပြည့်သော ရွှေဖလားကိုလည်းကောင်း ကိုင်ဆောင်ထားကြ၏။ ထိုရွှေဖလား၌ရှိသော အမွှေးနံ့သာများသည် သန့်ရှင်းသူတို့၏ ဆုတောင်းချက်များကို ကိုယ်စားပြု၏။
သိုးသငယ်တော်သည် ဒုတိယတံဆိပ်ကို ဖွင့်သောအခါ ဒုတိယသတ္တဝါက “လာလော့” ဟုဆိုသည်ကို ကျွန်ုပ်ကြားရ၏။
သိုးသငယ်တော်သည် တတိယတံဆိပ်ကို ဖွင့်သောအခါ တတိယသတ္တဝါက “လာလော့” ဟုဆိုသည်ကို ကျွန်ုပ်ကြားရ၏။ ထို့နောက် ကျွန်ုပ်ကြည့်လိုက်ရာ မြင်းနက်တစ်ကောင်ကို မြင်ရ၏။ ထိုမြင်းကို စီးသောသူသည် လက်ထဲတွင် ချိန်ခွင်တစ်ခုကို ကိုင်ထား၏။
သိုးသငယ်တော်သည် စတုတ္ထတံဆိပ်ကိုဖွင့်သောအခါ စတုတ္ထသတ္တဝါက “လာလော့” ဟုဆိုသည်ကို ကျွန်ုပ်ကြားရ၏။
သိုးသငယ်တော်သည် သတ္တမတံဆိပ်ကိုဖွင့်သောအခါ ကောင်းကင်ဘုံ၌ နာရီဝက်ခန့် တိတ်ဆိတ်နေ၏။