ထိုအခါ ငါသည် သူတို့အား ‘အို မတရားမှုပြုသောသူတို့… သင်တို့ကို မည်သည့်အခါကမျှ ငါမသိခဲ့။ ငါ့ထံမှ ထွက်သွားကြ’ ဟု ပြောမည်။
ဗျာဒိတ် 2:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်၏လုပ်ဆောင်မှု၊ သင်၏ကြိုးပမ်းအားထုတ်မှုနှင့် သင်၏သည်းခံမှုတို့ကို ငါသိ၏။ သင်သည် ဆိုးညစ်သူများကို လက်မခံကြောင်းကိုလည်း ငါသိ၏။ တမန်တော်မဟုတ်ဘဲ တမန်တော်ဖြစ်ယောင်ဆောင်သောသူတို့ကို ပိုင်းခြားစစ်ဆေး၍ အတုအယောင်များဖြစ်သည်ဟု ဖော်ထုတ်နိုင်ကြောင်းကိုလည်း ငါသိ၏။ Common Language Bible သင်ပြုသောအမှုကိုငါသိ၏။ သင်မည်မျှ ကြိုးပမ်းလုပ်ဆောင်သည်၊ မည်မျှရဲရင့်သည်၊ မည် မျှခံနိုင်ရည်ရှိသည်ကိုငါသိ၏။ သင်သည်ဆိုး ညစ်သူတို့ကိုသည်းမခံနိုင်ကြောင်း၊ တမန် တော်မဟုတ်ဘဲလျက် မိမိတို့ကိုယ်ကိုတမန် တော်ဟုခေါ်ဆိုကြသူတို့အားစစ်ဆေး၍ လူလိမ်များဖြစ်သည်ကိုသိရှိကြောင်းငါ သိ၏။- Garrad Bible သင့် အ ကျင့် အ ကြံ များ ကိုလည်း ကောင်း၊ ကြိုး စား ခြင်း နှင့် တည် ကြည် ခြင်း ကိုလည်း ကောင်း၊ လူ ဆိုး တို့ ကို သည်း မ ခံ နိုင် သည့် အ ပြင်၊ တ မန် တော် မ ဟုတ် ဘဲ တ မန် တော် ဟု ကိုယ် ကို ခေါ် သော သူ တို့ အား စစ် ဆေး၍ မ မှန် ကြောင်း တွေ့ မြင် သည် ကို လည်း ကောင်း၊ Judson Bible သင်သည် မတရားသောသူတို့ကို လက်မခံနိုင်ကြောင်းကိုလည်းကောင်း၊ တမန်တော်မဟုတ်ဘဲ၊ တမန်တော် ဖြစ်ယောင်ဆောင်သောသူတို့ကို စစ်ဆေး၍ လှည့်ဖြားသောသူဖြစ်သည်ဟု သိကြောင်းကိုလည်းကောင်း၊- မြန်မာ့စံမီသမ္မာကျမ်း သင်၏လုပ်ဆောင်မှုများမှစ၍ သင်၏ကြိုးပမ်းအားထုတ်မှုနှင့် သည်းခံမှုတို့ကိုငါသိ၏။ သင်သည် ဆိုးယုတ်သောသူတို့ကို လက်မခံနိုင်ကြောင်းနှင့် မိမိတို့ကိုယ်ကို တမန်တော်ဟုခေါ်ဆိုကြသော်လည်း တမန်တော်မဟုတ်သောသူတို့ကို စမ်းသပ်စစ်ဆေး၍ သူတို့သည် လိမ်လည်သောသူများဖြစ်ကြသည်ဟု သင်တွေ့ရှိကြောင်းကိုလည်း ငါသိ၏။ |
ထိုအခါ ငါသည် သူတို့အား ‘အို မတရားမှုပြုသောသူတို့… သင်တို့ကို မည်သည့်အခါကမျှ ငါမသိခဲ့။ ငါ့ထံမှ ထွက်သွားကြ’ ဟု ပြောမည်။
ကိုယ်တော်သည် မိမိမည်သို့ လုပ်ဆောင်မည်ကို သိနှင့်တော်မူသော်လည်း ဖိလိပ္ပုကို စမ်းသပ်ရန် ထိုသို့ မေးတော်မူခြင်းဖြစ်၏။
အမှန်တွင်မူ အခြားသတင်းကောင်းဟူ၍ မရှိပါ။ အချို့က သင်တို့ကို စိတ်ရှုပ်ထွေးစေ၍ ခရစ်တော်၏ သတင်းကောင်းကို မှောက်လှန်လိုခြင်းသာ ဖြစ်၏။
ထိုအခါ ကျွန်ုပ်တို့သည် မရင့်ကျက်သေးသော ကလေးသူငယ်များကဲ့သို့ ဖြစ်တော့မည် မဟုတ်ပေ။ လှေသည် လှိုင်းလေတို့၌ လွန့်လူးနေသကဲ့သို့ ကျွန်ုပ်တို့သည် ပရိယာယ်ဖြင့် လမ်းလွဲစေရန် လှည့်ဖြားတတ်သော သူတို့၏ အမျိုးမျိုးသော သွန်သင်မှုနောက်သို့ ပါသွားမည် မဟုတ်ပေ။
သို့သော် အရာအားလုံးကို မှန်မမှန် စစ်ဆေးပြီး ကောင်းမွန်သည့် အရာတို့ကို လက်ခံကြလော့။
သို့ရာတွင် ဘုရားသခင်ချထားတော်မူသည့် ခိုင်မာသောအုတ်မြစ်သည် ခိုင်ခံ့မြဲမြံပြီး ဤအုတ်မြစ်ပေါ်တွင် “ဘုရားသခင်သည် မိမိလူတို့ကို သိတော်မူ၏” ဟူ၍လည်းကောင်း၊ “ဘုရားသခင်၏လူဖြစ်ကြောင်း ဝန်ခံသောသူတို့သည် မကောင်းမှုကို စွန့်ရမည်” ဟူ၍လည်းကောင်း တံဆိပ်ခတ်ရေးထိုးထား၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မဖြောင့်မတ်သောအရှင် မဟုတ်။ ဘုရားသခင်သည် သင်တို့ပြုသောအမှုကိုလည်းကောင်း၊ ယုံကြည်သူတို့ကို ယခင်က အစေခံသကဲ့သို့ ယခုဆက်လက် အစေခံရာတွင် ထားသောသင်တို့၏ ချစ်ခြင်းမေတ္တာကိုလည်းကောင်း အသိအမှတ်မပြုဘဲ နေတော်မူမည်မဟုတ်။
ချစ်ရသောသူတို့… ဝိညာဉ်တော်အားဖြင့် ဟောပြောသည်ဟု ပြောဆိုသူတိုင်းကို မယုံကြနှင့်။ ထိုဝိညာဉ်တို့သည် ဘုရားသခင်ထံမှ လာသောဝိညာဉ်တော်ဟုတ်မဟုတ်ကို စမ်းသပ်ကြလော့။ အဘယ်ကြောင့်ဆိုသော် ပရောဖက်အတုအယောင်များစွာတို့သည် ဤလောက၌ ပေါ်လာကြသောကြောင့်ဖြစ်၏။
ထို့ကြောင့် သင်ကျဆင်းသွားသည့်အပိုင်းကို ဆင်ခြင်လော့။ နောင်တရလျက် အစဦး၌ ပြုသကဲ့သို့ ပြုလော့။ ထိုသို့နောင်တမရပါက ငါသည် သင့်ထံသို့လာ၍ သင့်ဆီမီးတိုင်ကို နေရာမှ ဖယ်ရှားမည်။
သို့သော် သင်၌ ကောင်းမွန်သည့် အချက်တစ်ချက်ရှိသေး၏။ နိကောလတပည့်များ၏အကျင့်တို့ကို ငါမုန်းသကဲ့သို့ သင်လည်းမုန်း၏။
သင်၏ဒုက္ခဝေဒနာနှင့်ဆင်းရဲခြင်းကို ငါသိ၏။ အမှန်စင်စစ် သင်သည် ချမ်းသာ၏။ မိမိကိုယ်မိမိ ဂျူးဖြစ်သည်ဟု ဆိုကြသော်လည်း ဂျူးမဟုတ်ဘဲ စာတန်၏အသင်းဝင်များဖြစ်ကြသောသူတို့က သင့်အား အသရေဖျက်ပြောဆိုသည်ကိုလည်း ငါသိ၏။
သာဒိမြို့၌ရှိသော အသင်းတော်၏ ကောင်းကင်တမန်ထံသို့ စာရေးလော့။ ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးနှင့် ကြယ်ခုနစ်လုံးရှိသောသူက ဤသို့မိန့်တော်မူ၏။ သင်၏အပြုအမူကို ငါသိ၏။ သင်သည် အသက်ရှင်သည်ဟု နာမည်ခံထားသော်လည်း သေလျက်နေ၏။
သင်၏လုပ်ဆောင်မှုကို ငါသိ၏။ သင်သည် အအေးလည်းမဟုတ်။ အပူလည်းမဟုတ်။ ငါသည် သင့်အား အအေး၊ သို့မဟုတ် အပူဖြစ်ရန် အလိုရှိ၏။
သင်၏လုပ်ဆောင်မှုကို ငါသိ၏။ သင်သည် အားနည်းသော်လည်း ငါ၏သွန်သင်ချက်ကို လိုက်နာ၍ ငါ၏တပည့်တော်ဖြစ်ကြောင်းကို မငြင်းပယ်ခဲ့။ ထို့ကြောင့် သင့်ရှေ့မှာ တံခါးကို ငါဖွင့်ထားပြီ။ ထိုတံခါးကို မည်သူမျှမပိတ်နိုင်။