ထိုသူတို့၏ နိဂုံးသည် ပျက်စီးခြင်း ဖြစ်၏။ သူတို့၏ ဘုရားသည် သူတို့၏ ဝမ်းဗိုက် ဖြစ်၏။ မိမိတို့ပြုသော ရှက်ဖွယ်အရာကို ဂုဏ်ယူဝင့်ကြွားကြ၏။ သူတို့သည် လောကီရေးရာကိုသာ စွဲလမ်းကြ၏။
ဗျာဒိတ် 17:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူ၏နဖူးပေါ်၌ “ပြည့်တန်ဆာတို့နှင့် ကမ္ဘာလောကရှိ စက်ဆုပ်ရွံရှာဖွယ်ရာတို့၏ မိခင်၊ ဘေဘီလုံမြို့ကြီး” ဟူသော လျှို့ဝှက်နက်နဲသည့်အမည်ကို ရေးထား၏။ Common Language Bible သူ၏နဖူးပေါ်တွင်``ပြည့်တန်ဆာအပေါင်းနှင့် လောက၌စက်ဆုပ်ဖွယ်ရာများ၏မိခင်၊ ဗာဗု လုန်မြို့ကြီး'' ဟူ၍လျှို့ဝှက်သည့်အနက်ရှိ သောကမ္ပည်းကိုရေးထိုးထား၏။- Garrad Bible န ဖူး တွင် နက် နဲ ရာ က မ္ဗည်း ကား၊ မြေ ကြီး ပေါ် ရှိ ပြည့် တန် ဆာ များ နှင့် စက် ဆုပ် ဖွယ် များ၏ အ မိ၊ ဗာ ဗု လုန် မြို့ ကြီး တည်း ဟူ၍ အ မည် ရေး ထား ၏။ Judson Bible နဖူး၌ အက္ခရာတင်သော ဘွဲ့မူကား၊ နက်နဲသောအရာ၊ ဗာဗုလုန်မြို့ကြီး၊ ပြည့်တန်ဆာတို့၏ အမိ၊ မြေ၌ စက်ဆုပ်ရွံရှာဖွယ်သော အရာတို့၏အမိ ပေတည်း။- မြန်မာ့စံမီသမ္မာကျမ်း သူ၏နဖူးပေါ်၌ရေးထားသည့် လျှို့ဝှက်နက်နဲသောအမည်နာမမှာ “ဘေဘီလုံမြို့ကြီး၊ ပြည့်တန်ဆာတို့နှင့်ကမ္ဘာမြေကြီးပေါ်မှရွံရှာဖွယ်ရာများ၏အမိ”ဟူ၍ဖြစ်၏ ။ |
ထိုသူတို့၏ နိဂုံးသည် ပျက်စီးခြင်း ဖြစ်၏။ သူတို့၏ ဘုရားသည် သူတို့၏ ဝမ်းဗိုက် ဖြစ်၏။ မိမိတို့ပြုသော ရှက်ဖွယ်အရာကို ဂုဏ်ယူဝင့်ကြွားကြ၏။ သူတို့သည် လောကီရေးရာကိုသာ စွဲလမ်းကြ၏။
ထိုတရားမဲ့မှု၏ လျှို့ဝှက်သောတန်ခိုးသည် ယခု လှုပ်ရှားနေပြီဖြစ်၏။ သို့သော်လည်း တားဆီးသူသည် ဖယ်ရှားခံရချိန် မရောက်မီတိုင်အောင် တားဆီးနေလိမ့်မည်။
ငါ၏လက်ယာလက်၌ သင်မြင်တွေ့ရသော ကြယ်ခုနစ်လုံးနှင့် ရွှေဆီမီးတိုင် ခုနစ်တိုင်တို့၏ လျှို့ဝှက်နက်နဲသောအရာမှာ ကြယ်ခုနစ်လုံးသည် အသင်းတော်ခုနစ်ပါး၏ ကောင်းကင်တမန်များဖြစ်ပြီး ရွှေဆီမီးတိုင်ခုနစ်တိုင်သည် အသင်းတော်ခုနစ်ပါးဖြစ်၏။
လက်ဝါးကပ်တိုင်ပေါ်၌ သူတို့၏သခင်ဘုရား အသေခံတော်မူရာအရပ်ဖြစ်သည့် သောဒုံနှင့် အီဂျစ်ဟု ပုံဆောင်ခေါ်ဝေါ်သောမြို့ကြီး၏ လမ်းပေါ်၌ သူတို့၏ အလောင်းများ ရှိကြလိမ့်မည်။
ထို့နောက် ဒုတိယကောင်းကင်တမန်သည် လိုက်လာ၍ “ဘေဘီလုံမြို့ကြီး ပြိုပျက်ပြီ။ ပြိုပျက်ပြီ။ ထိုမြို့သည် လူမျိုးအပေါင်းတို့အား တရားနှင့် မညီသော မေထုန်ဟူသည့် သူ၏စပျစ်ဝိုင်ကို တိုက်၏” ဟု ဆို၏။
မြို့ကြီးသည် သုံးပိုင်းကွဲ၍ တိုင်းနိုင်ငံများ၏ မြို့များသည်လည်း ပြိုပျက်ကုန်၏။ ဘုရားသခင်သည် ဘေဘီလုံမြို့ကြီး၏ အပြစ်များကို သတိရတော်မူလျက် အမျက်တော်နှင့် ပြည့်နေသော စပျစ်ဝိုင်ကို ထိုမြို့အား တိုက်တော်မူ၏။
ဖလားခုနစ်လုံးကိုင်ဆောင်ထားသော ကောင်းကင်တမန်ခုနစ်ပါးအနက် တစ်ပါးသည် လာ၍ ကျွန်ုပ်အား “လာလော့။ မြစ်များစွာရှိရာ၌ တည်ရှိသည့်ဆိပ်ကမ်းမြို့ကြီးဖြစ်သောပြည့်တန်ဆာမကြီး ခံရမည့် ပြစ်ဒဏ်များကို သင့်အား ငါပြမည်။
ဤလောကီ ဘုရင်တို့သည် တရားနှင့်မညီသော မေထုန်ပြုခြင်းကို ထိုပြည့်တန်ဆာမကြီးနှင့် ကျူးလွန်ကြ၏။ ကမ္ဘာလောကတွင် နေထိုင်ကြသောသူအပေါင်းတို့သည်လည်း တရားနှင့်မညီသော မေထုန်ပြုခြင်းဟူသည့် သူ၏စပျစ်ဝိုင်ကို သောက်၍ ယစ်မူးကြပြီ” ဟု ပြော၏။
ထိုအခါ ကောင်းကင်တမန်က “အဘယ်ကြောင့် အံ့သြနေသနည်း။ ထိုအမျိုးသမီး၏ လျှို့ဝှက်နက်နဲသောအကြောင်းအရာကိုလည်းကောင်း၊ ထိုအမျိုးသမီး ထိုင်နေသော ခေါင်းခုနစ်လုံးနှင့် ဦးချိုဆယ်ချောင်း ရှိသည့် သားရဲ၏ လျှို့ဝှက်နက်နဲသောအကြောင်းအရာများကိုလည်းကောင်း ငါပြောပြမည်။
ထိုကောင်းကင်တမန်က “ဘေဘီလုံမြို့ကြီး ပြိုပျက်ပြီ။ ပြိုပျက်ပြီ။ ဤမြို့သည် နတ်ဆိုးတို့ နေထိုင်ရာအရပ်၊ ညစ်ညမ်းသောနတ်တို့ ခိုအောင်းရာအရပ်၊ ညစ်ညမ်းသောငှက်တို့ ခိုအောင်းရာအရပ်၊ ညစ်ညမ်းမုန်းတီးဖွယ်တိရစ္ဆာန်တို့ ခိုအောင်းရာအရပ် ဖြစ်လေပြီ။
ထို့နောက် တန်ခိုးကြီးသောကောင်းကင်တမန်တစ်ပါးသည် ကြိတ်ဆုံကျောက်ကဲ့သို့သော ကျောက်တုံးကြီးတစ်တုံးကို ယူ၍ ပင်လယ်ထဲသို့ ပစ်ချလိုက်ပြီးလျှင် “ဘေဘီလုံမြို့ကြီးသည် ဤကဲ့သို့ပင် ပြင်းထန်စွာ ပစ်ချခံရပြီး မည်သည့်အခါမျှ တွေ့ရတော့မည် မဟုတ်။
အဘယ်ကြောင့်ဆိုသော် ကိုယ်တော်၏ စီရင်တော်မူချက်တို့သည် မှန်ကန်၍ တရားမျှတသောကြောင့်ဖြစ်၏။ တရားနှင့်မညီသော မေထုန်ကိုပြုခြင်းဖြင့် ကမ္ဘာလောကကို ပျက်စီးစေသော ပြည့်တန်ဆာကြီးကို စီရင်တော်မူပြီ။ ကိုယ်တော်၏အစေခံတို့ကို သတ်သောကြောင့် လက်တုံ့ပြန်တော်မူပြီ” ဟူ၍ ဖြစ်၏။
“ဘုရားသခင်၏အစေခံတို့ကို နဖူး၌တံဆိပ်မခတ်မီအထိ မြေကြီး၊ ပင်လယ်နှင့် သစ်ပင်တို့ကို မဖျက်ဆီးနှင့်” ဟူ၍ဖြစ်၏။