ထို့နောက် ဒုတိယကောင်းကင်တမန်သည် လိုက်လာ၍ “ဘေဘီလုံမြို့ကြီး ပြိုပျက်ပြီ။ ပြိုပျက်ပြီ။ ထိုမြို့သည် လူမျိုးအပေါင်းတို့အား တရားနှင့် မညီသော မေထုန်ဟူသည့် သူ၏စပျစ်ဝိုင်ကို တိုက်၏” ဟု ဆို၏။
ဗျာဒိတ် 17:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအမျိုးသမီးသည် ခရမ်းရောင်နှင့် အနီရောင်အဝတ်အစားများကို ဝတ်ဆင်ထား၏။ ရွှေ၊ ကျောက်မျက်ရတနာနှင့် ပုလဲတို့ကို ဆင်မြန်းထား၏။ သူ၏ လက်၌ စက်ဆုပ်ရွံရှာဖွယ်ရာများ၊ တရားနှင့်မညီသောမေထုန်မှု၏ညစ်ညမ်းဖွယ်ရာများနှင့် ပြည့်နေသောရွှေခွက်ကို ကိုင်ဆောင်ထား၏။ Common Language Bible အမျိုးသမီးသည်အနီနှင့်မရမ်းစေ့ရောင် အဝတ်များကိုဝတ်လျက်ရွှေတန်ဆာ၊ ငွေတန် ဆာ၊ ကျောက်မျက်ရတနာတန်ဆာ၊ ပုလဲတန် ဆာများကိုဆင်ယင်ထား၏။ သူသည်ကာမ ဂုဏ်လိုက်စားမှုဆိုင်ရာစက်ဆုပ်ရွံရှာဖွယ် ကောင်းသောညစ်ညမ်းမှုများနှင့်ပြည့်နေ သည့်ရွှေဖလားကိုကိုင်ထား၏။- Garrad Bible ထို မိန်း မ သည် အ မောင်း ထည်၊ အ နီ ထည် ဝတ် ခြုံ လျက်၊ ရွှေ၊ ကျောက်၊ ပု လဲ တန် ဆာ များ ကို ဆင် ယင် လျက်၊ ကိုယ့် မ တ ရား သော မေ ထုံ ဆိုင် ရာ ညစ် ညူး စက် ဆုပ် ဖွယ် များ နှင့် ပြည့် သော ရွှေ ဖ လား ကို ကိုင် ထား ၏။ Judson Bible ထိုမိန်းမသည် အဝတ်နီ၊ အဝတ်မောင်းကို ဝတ်လျက်၊ ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာကို ဆင်လျက်ရှိ၏။ စက်ဆုပ်ရွံရှာဖွယ်သော အရာနှင့်လည်းကောင်း၊ မိမိမတရားသော မေထုန်၏ ညစ်ညူးခြင်း နှင့်လည်းကောင်း ပြည့်သောရွှေဖလားကို ကိုင်လျက်ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုမိန်းမသည် ခရမ်းရောင်နှင့် နီမြန်းသောအရောင်တို့ကို ဝတ်ဆင်ထားလျက် ရွှေ၊ ကျောက်မျက်ရတနာနှင့် ပုလဲတို့ဖြင့် တန်ဆာဆင်ထားကာ သူ၏လက်၌ ရွံရှာဖွယ်ရာများနှင့် မိမိ၏တရားနှင့်မညီမေထုန်ပြုခြင်း၏ညစ်ညူးသောအရာများဖြင့်ပြည့်နေသော ရွှေခွက်ကို ကိုင်ထား၏။ |
ထို့နောက် ဒုတိယကောင်းကင်တမန်သည် လိုက်လာ၍ “ဘေဘီလုံမြို့ကြီး ပြိုပျက်ပြီ။ ပြိုပျက်ပြီ။ ထိုမြို့သည် လူမျိုးအပေါင်းတို့အား တရားနှင့် မညီသော မေထုန်ဟူသည့် သူ၏စပျစ်ဝိုင်ကို တိုက်၏” ဟု ဆို၏။
သူတို့၏ကုန်ပစ္စည်းများမှာ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ ပုလဲ၊ ပိတ်ချော၊ ခရမ်းရောင်အထည်၊ ပိုးထည်၊ ဖဲနီထည်၊ သစ်မွှေးအမျိုးမျိုး၊ ဆင်စွယ်တန်ဆာအမျိုးမျိုး၊ အဖိုးတန်သစ်အမျိုးမျိုး၊ ကြေး၊ သံ၊ စကျင်ကျောက်၊
“အလိုလေး… ဖြစ်ရလေချင်း။ ပိတ်ချောထည်၊ ခရမ်းရောင်အထည်၊ ဖဲနီထည်တို့ကို ဝတ်ဆင်လျက် ရွှေ၊ ကျောက်မျက်ရတနာနှင့် ပုလဲတို့ကို ဆင်မြန်းသော မြို့ကြီး…
အဘယ်ကြောင့်ဆိုသော် ကိုယ်တော်၏ စီရင်တော်မူချက်တို့သည် မှန်ကန်၍ တရားမျှတသောကြောင့်ဖြစ်၏။ တရားနှင့်မညီသော မေထုန်ကိုပြုခြင်းဖြင့် ကမ္ဘာလောကကို ပျက်စီးစေသော ပြည့်တန်ဆာကြီးကို စီရင်တော်မူပြီ။ ကိုယ်တော်၏အစေခံတို့ကို သတ်သောကြောင့် လက်တုံ့ပြန်တော်မူပြီ” ဟူ၍ ဖြစ်၏။
မြို့တံခါးတစ်ခုစီကို ပုလဲတစ်လုံးစီဖြင့် ပြုလုပ်ထား၍ တံခါးဆယ့်နှစ်ပေါက်တွင် ပုလဲဆယ့်နှစ်လုံးရှိ၏။ မြို့တော်၏လမ်းမကြီးကို ဖောက်ထွင်းမြင်ရသည့်ဖန်ကဲ့သို့ သန့်စင်သောရွှေဖြင့် ပြုလုပ်ထား၏။
သူတို့သည် မိမိတို့ပြုသည့် လူသတ်ခြင်း၊ ပြုစားခြင်း၊ တရားနှင့်မညီသောမေထုန်ပြုခြင်း၊ ခိုးခြင်းတို့အတွက် နောင်တမရကြ။