ယေရှုသည် ထိုချဉ်သောစပျစ်ဝိုင်ကို မြည်းစမ်းတော်မူပြီးမှ “အမှုပြီးပြီ” ဟု မိန့်တော်မူ၏။ ထို့နောက် ဦးခေါင်းတော်ငိုက်၍ အသက်ချုပ်တော်မူ၏။
ဗျာဒိတ် 16:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် သတ္တမကောင်းကင်တမန်သည် သူ၏ ဖလားကို လေထဲသို့ သွန်းလောင်းလိုက်သောအခါ “အမှုပြီးမြောက်ပြီ” ဟု ဗိမာန်တော်အတွင်းရှိ ရာဇပလ္လင်တော်မှ ကျယ်လောင်စွာ ပြောဆိုသောအသံ ထွက်လာ၏။ Common Language Bible သတ္တမကောင်းကင်တမန်သည်မိမိဖလားမှ အမျက်တော်ကို လေထဲသို့သွန်းလောင်းလိုက် ၏။ ထိုအခါဗိမာန်တော်အတွင်းရှိပလ္လင်တော် မှ``အမှုပြီးဆုံးလေပြီ'' ဟုကျယ်စွာသော အသံထွက်ပေါ်၍လာ၏။- Garrad Bible သ တ္တ မ စေ တ မန် တော် သည် ကိုယ့် ဖ လား ကို ကောင်း ကင် လေ ပေါ် သို့ သွန်း လောင်း သော် အ ဆုံး သတ် ပြီ ဟူ၍ ဗိ မာန် တော် ရာ ဇ ပ လ္လင် တော် မှ ကျယ် သော ကြွေး ကြော် သံ ရောက် လာ ရာ၊ Judson Bible သတ္တမကောင်းကင်တမန်သည် မိမိဖလားကို အာကသကောင်းကင်ပေါ်သို့ သွန်းလောင်းလျှင်၊ ပြီးပြီဟု ကြီးသောအသံသည် ကောင်းကင်ဗိမာန်တော်၌ ရှိသော ပလ္လင်တော်ထဲက ထွက်၏။- မြန်မာ့စံမီသမ္မာကျမ်း သတ္တမကောင်းကင်တမန်သည် သူ၏ဖလားကို အာကာသထဲသို့သွန်းလောင်းသောအခါ ဗိမာန်တော်ထဲရှိ ပလ္လင်တော်မှ ကျယ်လောင်သောအသံထွက်ပေါ်လာ၍ “အမှုပြီးမြောက်ပြီ”ဟု ဆို၏။ |
ယေရှုသည် ထိုချဉ်သောစပျစ်ဝိုင်ကို မြည်းစမ်းတော်မူပြီးမှ “အမှုပြီးပြီ” ဟု မိန့်တော်မူ၏။ ထို့နောက် ဦးခေါင်းတော်ငိုက်၍ အသက်ချုပ်တော်မူ၏။
ထိုသို့ သင်တို့သည် ဘုရားသခင်ကို မနာခံသောသူတို့ထဲ၌ သက်ဝင်လှုပ်ရှားလျက်ရှိသော ဝိညာဉ် ဖြစ်သည့် အာကာသဆိုင်ရာ တန်ခိုးများကို ကြီးစိုးသောမင်းကို နာခံ၍ လောကီသားများ၏လမ်းစဉ်အတိုင်း အပြစ်ပြုလျက် နေထိုင်ကြ၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် အသွေးအသား ရှိသောသူတို့နှင့် ရင်ဆိုင်တိုက်ခိုက်နေကြသည် မဟုတ်။ ကောင်းကင်အရပ်ရှိ ဝိညာဉ်ဆိုးများ၊ အမှောင်လောကကို အစိုးရသောမင်းများ၊ အုပ်ချုပ်သူများ၊ အာဏာရှိသူများနှင့် ရင်ဆိုင်တိုက်ခိုက်နေကြခြင်း ဖြစ်၏။
သတ္တမကောင်းကင်တမန်သည် တံပိုးခရာမှုတ်သောအခါ “ဤလောကီနိုင်ငံသည် ယခု ငါတို့အရှင်နှင့် ထိုအရှင်၏ခရစ်တော်စိုးပိုင်သောနိုင်ငံဖြစ်လေပြီ။ ကိုယ်တော်သည် အစဉ်ထာဝရအုပ်စိုးတော်မူလိမ့်မည်” ဟု ကောင်းကင်မှ ကျယ်လောင်စွာ ပြောဆိုသံများထွက်ပေါ်လာ၏။
ထိုအခါ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်၏ ဗိမာန်တော်သည် ပွင့်၍ ကိုယ်တော်၏ဗိမာန်တော်၌ ပဋိညာဉ်သေတ္တာတော်ကို မြင်ရ၏။ ထို့နောက် လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးခြိမ်းခြင်း၊ ငလျင်လှုပ်ခြင်း၊ ကြီးမားသောမိုးသီးကျခြင်းတို့ ဖြစ်လေ၏။
ထို့နောက် အခြားကောင်းကင်တမန်တစ်ပါးသည် ဗိမာန်တော်မှထွက်လာ၍ မိုးတိမ်ပေါ်တွင် ထိုင်နေသောသူအား “မြေကြီးပေါ်၌ သီးနှံများ ဝင်းမှည့်၍ ရိတ်သိမ်းချိန်ရောက်ပြီဖြစ်သောကြောင့် ကိုယ်တော်၏ တံစဉ်ကို ယူ၍ ရိတ်သိမ်းတော်မူပါ” ဟု ကျယ်လောင်စွာ ကြွေးကြော်၏။
ထို့နောက် ကောင်းကင်ဘုံ၌ရှိသော ဗိမာန်တော်ထဲမှ အခြားကောင်းကင်တမန်တစ်ပါးထွက်လာ၏။ သူ၏ လက်ထဲတွင်လည်း ထက်သောတံစဉ်ပါရှိ၏။
ထို့နောက် ဗိမာန်တော်ထဲမှ “သွားလော့။ ဘုရားသခင်၏ အမျက်တော်နှင့်ပြည့်နေသောဖလား ခုနစ်လုံးကို ကမ္ဘာမြေပေါ်သို့ သွန်းလောင်းလော့” ဟု ကောင်းကင်တမန်ခုနစ်ပါးတို့အား ကျယ်လောင်စွာ ပြောသည့်အသံကို ကျွန်ုပ်ကြားရ၏။
ကိုယ်တော်က “အမှုပြီးပြီ။ ငါသည် အာလဖာနှင့် အိုမီဂါ၊ အစဦးဆုံးသောသူနှင့် နောက်ဆုံးသောသူဖြစ်၏။ ရေငတ်သောသူအား အသက်စမ်းရေကို အခမဲ့ ငါပေးမည်။