မြွေဆိုးအမျိုးတို့… ဆိုးသွမ်းသောသင်တို့သည် ကောင်းမြတ်၍ မှန်ကန်သောစကားကို မည်သို့ ပြောဆိုနိုင်မည်နည်း။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံးထဲ၌ ပြည့်နေသောအရာများကို နှုတ်ဖြင့် ထုတ်ဖော်ပြောဆိုတတ်သောကြောင့်ဖြစ်၏။
ဗျာဒိတ် 14:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် လိမ်လည်ပြောဆိုသူများမဟုတ်ဘဲ အပြစ်အနာအဆာကင်းစင်သူများဖြစ်ကြ၏။ Common Language Bible သူတို့သည်အဘယ်အခါမျှ လိမ်လည်၍ မပြောတတ်။ အပြစ်ကင်းစင်သူများဖြစ် ပေသည်။ Garrad Bible မု သာ ကင်း သော နှုတ် ရှိ သူ၊ အ ပြစ် အ နာ ကင်း စင် သူ များ ဖြစ် ကြ သ တည်း။ Judson Bible အပြစ်နှင့် ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသားမရှိ။ မြန်မာ့စံမီသမ္မာကျမ်း သူတို့၏နှုတ်၌ မုသားမရှိ။ သူတို့သည် အပြစ်အနာအဆာကင်းသောသူများဖြစ်ကြ၏။ |
မြွေဆိုးအမျိုးတို့… ဆိုးသွမ်းသောသင်တို့သည် ကောင်းမြတ်၍ မှန်ကန်သောစကားကို မည်သို့ ပြောဆိုနိုင်မည်နည်း။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံးထဲ၌ ပြည့်နေသောအရာများကို နှုတ်ဖြင့် ထုတ်ဖော်ပြောဆိုတတ်သောကြောင့်ဖြစ်၏။
ထိုအခါ ပိလတ်မင်းက ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် လူထုတို့အား “ဤလူထံတွင် မည်သည့်ပြစ်မှုကိုမျှ ငါမတွေ့” ဟု ဆိုလေ၏။
မိမိထံသို့ နာသနေလချဉ်းကပ်လာသည်ကို မြင်တော်မူသောအခါ ယေရှုက “ရိုးသားလှသော အစ္စရေးအမျိုးသားစစ်စစ်ကို ကြည့်ကြလော့” ဟု မိန့်တော်မူ၏။
အစွန်းအထင်း၊ အတွန့်အကြေတို့နှင့် အခြားထိုသို့သောအနာအဆာ တစ်စုံတစ်ခုမျှ မရှိဘဲ သန့်ရှင်းလျက် အပြစ်ကင်းသည့် ဂုဏ်သရေရှိသော အသင်းတော်အဖြစ် မိမိထံ ဆက်သရန် ဖြစ်၏။
ယခုတွင်မူ ကိုယ်တော်သည် သွေးသားနှင့် ဖွဲ့စည်းထားသော ခရစ်တော်၏ကိုယ်ခန္ဓာကို အသေခံစေတော်မူခြင်းအားဖြင့် သင်တို့ကို မိမိနှင့် ပြန်လည်သင့်မြတ်စေတော်မူပြီ။ ဤသည်မှာ သင်တို့သည် သန့်ရှင်း၍ အပြစ်အနာအဆာကင်းလျက် အပြစ်ဆိုဖွယ်မရှိသောသူများအဖြစ် ရှေ့တော်၌ ဆက်သနိုင်ရန် ဖြစ်၏။
ထိုသို့ဆိုလျှင် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုနိုင်စေရန် ကျွန်ုပ်တို့၏အသိစိတ်ကို သေခြင်းသို့ ပို့ဆောင်ပေးသောအပြစ်မှ စင်ကြယ်စေရန်အတွက် ထာဝရဝိညာဉ်တော်အားဖြင့် အပြစ်အနာအဆာကင်းသော မိမိကိုယ်ကိုယ် ဘုရားသခင်ထံ ပူဇော်သည့် ခရစ်တော်၏အသွေးတော်သည် ပို၍သာလွန်သည် မဟုတ်ပါလော။
အပြစ်အနာဆာနှင့် အစွန်းအထင်းကင်းသည့် သိုးသငယ်ကဲ့သို့သော ခရစ်တော်၏ အဖိုးတန်သည့် အသွေးတော်ဖြင့် ရွေးနုတ်တော်မူ၏။
ကျမ်းစာ၌ “အသက်ရှင်ရသည်ကို နှစ်သက်၍ နေ့ရက်တို့ကို ပျော်ရွှင်စွာ ဖြတ်သန်းလိုသောသူသည် မိမိလျှာကို မကောင်းသောစကားနှင့် ကင်းစေရမည်။ မိမိနှုတ်ကိုလည်း မုသားစကား ပြောမထွက်စေရ။
သင်တို့အား အပြစ်နွံထဲသို့ လဲကျခြင်းမှ ကင်းဝေးစေနိုင်ပြီး အပြစ်ကင်းစင်လျက် ရွှင်လန်းဝမ်းမြောက်သောစိတ်နှင့် မိမိဘုန်းအသရေတော်ရှေ့သို့ ဝင်ရောက်စေနိုင်သည့်