သို့သော် ယေရှုက “မစိုးရိမ်နှင့်။ ငါပင်ဖြစ်၏။ မကြောက်ရွံ့ကြနှင့်” ဟု သူတို့အား ချက်ချင်းမိန့်တော်မူ၏။
ဗျာဒိတ် 1:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူကို တွေ့သောအခါ ကျွန်ုပ်သည် သေသွားသကဲ့သို့ သူ၏ ခြေရင်း၌ လဲကျသွား၏။ ထိုအခါ သူသည် လက်ယာလက်ကို ကျွန်ုပ်အပေါ်တင်၍ အောက်ပါအတိုင်း ဆို၏။ “မကြောက်နှင့်။ ငါသည် အစဦးဆုံးသောသူနှင့် နောက်ဆုံးသောသူဖြစ်၏။ Common Language Bible ထိုအရှင်ကိုတွေ့သောအခါငါသည်သူသေ သဖွယ် ခြေတော်ရင်း၌လဲကျသွားလေသည်။ ကိုယ်တော်သည်ငါ့အပေါ်သို့လက်ယာလက် တော်ကိုတင်တော်မူပြီးလျှင်``မကြောက်နှင့် ငါသည်အစနှင့်အဆုံးဖြစ်၏။- Garrad Bible ထို ပု ဂ္ဂိုလ် ကို မြင် သော် ခြေ ရင်း တော်၌ ပြို လဲ၍ သူ သေ ကဲ့ သို့ ဖြစ် သော ငါ့ အ ပေါ် မှာ ညာ လက် တော် ကို တင် လျက် ကိုယ် တော် က၊ မ ကြောက် လင့်။ Judson Bible ထိုသူကိုငါမြင်သောအခါ၊ သေမတတ်ဖြစ်၍ ခြေတော်ရင်း၌ လဲလျက်နေ၏။ ထိုသူသည် လက်ယာလက်တော်ကို ငါ့အပေါ်သို့ တင်လျက်၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် ထိုသူကိုမြင်ရသောအခါ သူ၏ခြေရင်း၌လဲကျ၍ လူသေကဲ့သို့ဖြစ်၏။ ထိုအခါ သူသည် ငါ့အပေါ်၌ သူ၏လက်ယာလက်ကိုတင်လျက်“မကြောက်နှင့်။ ငါသည် အဦးဆုံးနှင့်နောက်ဆုံးဖြစ်၏။ |
သို့သော် ယေရှုက “မစိုးရိမ်နှင့်။ ငါပင်ဖြစ်၏။ မကြောက်ရွံ့ကြနှင့်” ဟု သူတို့အား ချက်ချင်းမိန့်တော်မူ၏။
အစောင့်တပ်သားများသည် ကောင်းကင်တမန်ကို မြင်သောအခါ ကြောက်လန့်တုန်လှုပ်၍ လူသေကဲ့သို့ ဖြစ်သွားကြ၏။
ကောင်းကင်တမန်က အမျိုးသမီးတို့အား “မကြောက်နှင့်။ လက်ဝါးကပ်တိုင်ပေါ်တွင် အသတ်ခံရသည့်ယေရှုအား ရှာနေကြသည်ကို ငါသိ၏။
ပေတရုသည် လှည့်၍ ကြည့်သောအခါ ယေရှုချစ်တော်မူသောတပည့်တော်သည် နောက်မှ လိုက်လာသည်ကို မြင်၏။ ထိုတပည့်တော်မှာ ညစာစားသောက်ခဲ့ကြစဉ်က ယေရှုပေါ်သို့ မှီ၍ “သခင်… သခင့်ကို သစ္စာဖောက်မည့်သူသည် မည်သူနည်း” ဟု မေးခဲ့သောသူဖြစ်၏။
ထိုအသံက “သင်မြင်သောအရာကို စာစောင်တွင် ရေး၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့များရှိ အသင်းတော်ခုနစ်ပါးထံသို့ ပေးပို့လော့” ဟု ဆို၏။
ကျွန်ုပ်ယောဟန်သည် အာရှပြည်၌ရှိသော အသင်းတော်ခုနစ်ပါးထံသို့ စာရေးလိုက်ပါ၏။ ယခုရှိလျက်၊ ယခင်ကလည်းရှိလျက် နောင်အခါ၌လည်းကြွလာမည့် ဘုရားသခင်ထံမှလည်းကောင်း၊ ပလ္လင်တော်ရှေ့၌ ရှိသောဝိညာဉ်ခုနစ်ပါးထံမှလည်းကောင်း၊
ယခုရှိလျက်၊ ယခင်ကလည်းရှိလျက် နောင်အခါ၌လည်းကြွလာမည့် အနန္တတန်ခိုးရှင်ဘုရားသခင်က “ငါသည် အာလဖာနှင့် အိုမီဂါ ဖြစ်၏” ဟု မိန့်တော်မူ၏။
စမုရနမြို့၌ရှိသော အသင်းတော်၏ကောင်းကင်တမန်ထံသို့ စာရေးလော့။ အစဦးဆုံးနှင့် နောက်ဆုံးဖြစ်သောသူ၊ အသေခံပြီး အသက်ပြန်ရှင်လာသောသူက ဤသို့မိန့်တော်မူ၏။
ငါသည် အာလဖာနှင့် အိုမီဂါ၊ အစဦးဆုံးသောသူနှင့် နောက်ဆုံးသောသူ၊ အစနှင့် အဆုံးဖြစ်၏။