ဖိလိပ္ပိ 1:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်အကျဉ်းချခံရခြင်းကြောင့် အများစုသော ညီအစ်ကိုမောင်နှမတို့သည် သခင်ဘုရားအပေါ် စိတ်ချယုံကြည်လျက် မကြောက်ရွံ့ဘဲ သတင်းကောင်းကို ဟောပြောရန် ပိုမိုရဲရင့်လာကြ၏။ Common Language Bible ဤသို့ငါအကျဉ်းခံရခြင်းကြောင့်ခရစ်ယာန် ညီအစ်ကိုအများပင်သခင်ဘုရားအပေါ်တွင် ပို၍ယုံကြည်စိတ်ချလာကြ၏။ သို့ဖြစ်၍သူတို့ သည်မကြောက်မရွံ့ဘဲနှုတ်ကပတ်တရားတော် ကိုပိုမို၍ဟောပြောဝံ့ကြပေသည်။ Garrad Bible ညီ အစ် ကို များ တို့ လည်း ငါ အ ကျဉ်း ခံ ရ ခြင်း ကြောင့် အ ရှင် ဘု ရား ကို ယုံ ကြည် စိတ် ချ၍ ကြောက် ရွံ ခြင်း မ ရှိ ဘဲ ဘု ရား သ ခင် တ ရား တော် ကို သာ၍ ဟော ပြော ဝံ့ ကြ ကြောင်း ငါ သိ စေ လို၏။ Judson Bible သခင်ဘုရား၌ ညီအစ်ကိုအများတို့သည် ငါခံရသော ချည်နှောင်ခြင်းကြောင့် ယုံမှားသောစိတ်နှင့် ကင်းလွတ်၍ ကြောက်ရွံ့ခြင်း မရှိဘဲ၊ နှုတ်ကပတ်တရားတော်ကို သာ၍ ဟောပြောဝံ့ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း များစွာသောညီအစ်ကိုတို့သည် ငါအချုပ်အနှောင်ခံရခြင်းကြောင့် သခင်ဘုရား၌ ယုံကြည်စိတ်ချလျက် ကြောက်ရွံ့ခြင်းမရှိဘဲ နှုတ်ကပတ်တရားကိုဟောပြောရန် ပိုမိုရဲရင့်လာကြ၏။ |
ကျွန်ုပ်သည် သင်တို့ကို အလွန်ယုံကြည်စိတ်ချ၍ သင်တို့အတွက် ဂုဏ်ယူ၏။ ကျွန်ုပ်သည် နှစ်သိမ့်မှုကို အပြည့်အဝရရှိသဖြင့် ဆင်းရဲဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်ရသော်လည်း ဝမ်းမြောက်လျက်ရှိ၏။
သို့ဖြစ်၍ သင်တို့အတွက် ကျွန်ုပ် ခံရသော ဆင်းရဲဒုက္ခကြောင့် စိတ်ပျက်အားလျော့ခြင်း မရှိကြရန် ကျွန်ုပ် တောင်းပန်လို၏။ ထိုအရာများအတွက် သင်တို့ ဂုဏ်ယူသင့်၏။
ကျွန်ုပ်သည် မည်သည့်အခါမျှ မရှက်ကြောက်ဘဲ ယခင်ကကဲ့သို့ ယခုအချိန်တွင်လည်း အစဉ်ရဲရင့်နိုင်မည်ဟု အပြည့်အဝယုံကြည်၍ မျှော်လင့်ပါ၏။ ကျွန်ုပ်အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ကျွန်ုပ်ပြောဆိုပြုမူသောအရာများကြောင့် ခရစ်တော်သည် ချီးမွမ်းခံရမည်ဖြစ်ကြောင်း ကျွန်ုပ်ယုံကြည်၏။
သင်တို့အားလုံးသည် ကျွန်ုပ်၏ နှလုံးသားထဲ၌ ရှိသောသူများ ဖြစ်သောကြောင့် သင်တို့နှင့် ပတ်သက်၍ အထက်ပါအတိုင်း ကျွန်ုပ်သဘောထားလျှင် သင့်လျော်ပေ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့အားလုံးသည် ကျွန်ုပ် အကျဉ်းချခံရချိန်၌ဖြစ်စေ၊ သတင်းကောင်းအတွက် ချေပပြောဆို၍ မှန်ကန်ကြောင်း အတည်ပြုချိန်၌ ဖြစ်စေ ကျွန်ုပ်နှင့်အတူ ဘုရားသခင်၏ ကျေးဇူးတော်ကို မျှဝေခံစားကြသောကြောင့် ဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့ကို ကျွန်ုပ် အလွန်ချစ်၍ လွမ်းဆွတ်သတိရပါ၏။ သင်တို့ကြောင့် ကျွန်ုပ်ဝမ်းမြောက်ရပြီး သင်တို့သည် ကျွန်ုပ်ရရှိသော ဆုသရဖူ ဖြစ်ပါ၏။ ချစ်ရသောသူတို့… ကျွန်ုပ်ပြောဆိုခဲ့သည့်အတိုင်း သခင်ဘုရားအား သစ္စာရှိလျက် ခိုင်မြဲစွာ ရပ်တည်ကြလော့။
ကျွန်ုပ်ဟောပြောသင့်သည့်အတိုင်း ထိုလျှို့ဝှက်နက်နဲသောတရားတော်ကို ရှင်းလင်းစွာ ဟောပြောနိုင်ရန် ဆုတောင်းပေးကြလော့။
ကျွန်ုပ်နှင့် အစေခံချင်း ဖြစ်သူ၊ သခင်ဘုရားအတွက် သစ္စာရှိစွာ အမှုဆောင်သည့် ချစ်ခင်ရသောညီ တုခိတ်က သင်တို့ကို ကျွန်ုပ်၏ အကြောင်းအရာအားလုံး ပြောပြပါလိမ့်မည်။
ကျွန်ုပ်တို့သည် ဖိလိပ္ပိမြို့၌ ဒုက္ခဆင်းရဲခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများကို ခံခဲ့ကြောင်း သင်တို့သိကြ၏။ သို့သော်လည်း ဘုရားသခင် ကူညီမစတော်မူသောကြောင့် ပြင်းထန်သည့် ဆန့်ကျင်တိုက်ခိုက်မှုကြားကပင် ကိုယ်တော်၏ သတင်းကောင်းကို သင်တို့ထံ ရဲဝံ့စွာ ဟောပြောခဲ့ကြ၏။
ဤသတင်းကောင်းကြောင့် ကျွန်ုပ်သည် ရာဇဝတ်သားတစ်ယောက်ကဲ့သို့ပင် အကျဉ်းချခံ၍ ဆင်းရဲဒုက္ခခံခဲ့ရသော်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်ကိုမူ အကျဉ်းချ၍ မရ။