ထို့ပြင် သင်တို့၏ မိတ်ဆွေများကိုသာ နှုတ်ဆက်လျှင် အခြားသူများနှင့် မည်သို့ခြားနားမှုရှိမည်နည်း။ ဘုရားသခင်ကို မကိုးကွယ်သောသူများပင် ထိုသို့ပြုကြသည် မဟုတ်လော။
တိတု 3:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်နှင့်အတူရှိသောသူအားလုံးသည် သင့်အား နှုတ်ဆက်လိုက်ပါ၏။ ယုံကြည်ခြင်းနှင့်တကွ ကျွန်ုပ်တို့ကို ချစ်ကြသောသူများအားလည်း နှုတ်ဆက်ပေးလော့။ ကျေးဇူးတော်သည် သင်တို့အားလုံးအပေါ် သက်ရောက်ပါစေသော။ တိတုဩဝါဒစာ ပြီးပါပြီ။ Common Language Bible ငါနှင့်အတူနေသူအပေါင်းတို့ကသင့်အား နှုတ်ဆက်လိုက်၏။ ယုံကြည်ခြင်းတရား၌ငါ တို့၏မိတ်ဆွေများအားနှုတ်ဆက်လော့။ ဘုရားသခင်၏ကျေးဇူးတော်ကိုသင်တို့ အားလုံးခံစားရကြပါစေသော။ တိတုသြဝါဒစာပြီး၏။ Garrad Bible ငါ နှင့် အ တူ ရှိ သ မျှ သော သူ တို့ က သင့် ကို နှုတ် ဆက် လိုက် ကြ၏။ ယုံ ကြည် ခြင်း တ ရား၌ ငါ တို့ ကို ချစ် ခင် သူ တို့ အား နှုတ် ဆက် လော့။ ကျေး ဇူး တော် သည် သင် တို့ အ ပေါင်း နှင့် အ တူ တည် ရှိ စေ သ တည်း။ Judson Bible ငါ့ထံမှာရှိသောသူအပေါင်းတို့သည် သင့်ကို နှုတ်ဆက်ကြ၏။ ယုံကြည်ခြင်းနှင့်တကွ ငါတို့ကို ချစ်သောသူများကို နှုတ်ဆက်လော့။ သင်တို့အပေါင်း၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။ တိတုဩဝါဒစာပြီး၏။ မြန်မာ့စံမီသမ္မာကျမ်း ငါနှင့်အတူရှိသောသူအားလုံးတို့သည် သင့်ကိုနှုတ်ဆက်ကြ၏။ ယုံကြည်ခြင်းအားဖြင့် ငါတို့အားချစ်ခင်သောသူများကို နှုတ်ဆက်ပေးလော့။ ကျေးဇူးတော်သည် သင်တို့အားလုံးနှင့်အတူရှိပါစေသော။ |
ထို့ပြင် သင်တို့၏ မိတ်ဆွေများကိုသာ နှုတ်ဆက်လျှင် အခြားသူများနှင့် မည်သို့ခြားနားမှုရှိမည်နည်း။ ဘုရားသခင်ကို မကိုးကွယ်သောသူများပင် ထိုသို့ပြုကြသည် မဟုတ်လော။
ကျွန်ုပ်နှင့် လုပ်ဖော်ကိုင်ဖက်များ၏လိုအပ်သောအရာများအတွက် ကျွန်ုပ်ကိုယ်တိုင် အလုပ်လုပ်၍ ထောက်ပံ့နိုင်ခဲ့သည်ကို သင်တို့သိကြ၏။
အဘယ်ကြောင့်ဆိုသော် ယေရှုခရစ်တော်ကို ယုံကြည်လျှင် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူပြီးသည်ဖြစ်စေ၊ မခံယူဘဲနေသည်ဖြစ်စေ အရေးမကြီးသောကြောင့်ဖြစ်၏။ အရေးကြီးသည့်အချက်မှာ ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းဖြစ်ပြီး သူတစ်ပါးအပေါ် မေတ္တာထားခြင်းဖြင့် ထိုသို့ယုံကြည်ကြောင်း ပေါ်လွင်ရန် ဖြစ်၏။
ကျွန်ုပ်ပေါလုကိုယ်တိုင် ဤနှုတ်ဆက်စကားကို ကျွန်ုပ်လက်နှင့် ရေးလိုက်ပါ၏။ ကျွန်ုပ် အကျဉ်းချခံရခြင်းကို သတိရဆုတောင်းပေးကြလော့။ ခရစ်တော်၏ ကျေးဇူးတော်ကို သင်တို့ခံစားရပါစေသော။ ကောလောသဲဩဝါဒစာ ပြီးပါပြီ။
သခင်ဘုရားကို ယုံကြည်သောကြောင့် ကျွန်ုပ်၏ သားအရင်းအချာသဖွယ်ဖြစ်သော တိမောသေထံသို့ ဤစာကို ပို့လိုက်၏။ ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်၊ ကရုဏာနှင့် ငြိမ်းချမ်းခြင်းသည် သင့်အပေါ် သက်ရောက်ပါစေသော။
ဤသို့ ညွှန်ကြားရသည့် ရည်ရွယ်ချက်မှာ ဖြူစင်သောနှလုံးသား၊ စစ်မှန်သောယုံကြည်ခြင်း၊ လိပ်ပြာသန့်သောစိတ်တို့မှ ဖြစ်ပေါ်လာသော ချစ်ခြင်းမေတ္တာနှင့် အချင်းချင်းချစ်ကြရန် ဖြစ်၏။
သခင်ဘုရားသည် သင်နှင့်အတူ ရှိပါစေသော။ ကျေးဇူးတော်သည် သင်တို့အပေါ် သက်ရောက်ပါစေသော။ တိမောသေဩဝါဒစာ ဒုတိယစောင် ပြီးပါပြီ။
အဘယ်ကြောင့်ဆိုသော် သင်သည် ယုံကြည်သူအပေါင်းတို့ကို ချစ်၍ သခင်ယေရှုခရစ်တော်ကို ယုံကြည်ကြောင်း ကျွန်ုပ်ကြားရသောကြောင့် ဖြစ်၏။
အသက်ကြီးသူဖြစ်သော ကျွန်ုပ်ယောဟန်သည် ကျွန်ုပ်အမှန်တကယ်ချစ်ခင်ရသည့် ဂါယုထံသို့ စာရေးလိုက်ပါ၏။