Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တိ​တု 3:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ငါ​နှင့်အတူ​ရှိ​သော​သူ​အားလုံး​တို့​သည် သင့်​ကို​နှုတ်ဆက်​ကြ​၏။ ယုံကြည်​ခြင်း​အားဖြင့် ငါ​တို့​အား​ချစ်ခင်​သော​သူ​များ​ကို နှုတ်ဆက်​ပေး​လော့။ ကျေးဇူး​တော်​သည် သင်​တို့​အားလုံး​နှင့်အတူ​ရှိ​ပါစေသော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 ငါ​နှင့်​အ​တူ​နေ​သူ​အ​ပေါင်း​တို့​က​သင့်​အား နှုတ်​ဆက်​လိုက်​၏။ ယုံ​ကြည်​ခြင်း​တ​ရား​၌​ငါ တို့​၏​မိတ်​ဆွေ​များ​အား​နှုတ်​ဆက်​လော့။ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​သင်​တို့ အား​လုံး​ခံ​စား​ရ​ကြ​ပါ​စေ​သော။ တိ​တု​သြ​ဝါ​ဒ​စာ​ပြီး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ငါ နှင့် အ တူ ရှိ သ မျှ သော သူ တို့ က သင့် ကို နှုတ် ဆက် လိုက် ကြ၏။ ယုံ ကြည် ခြင်း တ ရား၌ ငါ တို့ ကို ချစ် ခင် သူ တို့ အား နှုတ် ဆက် လော့။ ကျေး ဇူး တော် သည် သင် တို့ အ ပေါင်း နှင့် အ တူ တည် ရှိ စေ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ငါ့​ထံ​မှာ​ရှိ​သော​သူ​အ​ပေါင်း​တို့​သည် သင့်​ကို နှုတ်​ဆက်​ကြ၏။ ယုံ​ကြည်​ခြင်း​နှင့်​တ​ကွ ငါ​တို့​ကို ချစ်​သော​သူ​များ​ကို နှုတ်​ဆက်​လော့။ သင်​တို့​အ​ပေါင်း၌ ကျေး​ဇူး​တော်​ရှိ​စေ​သ​တည်း။ အာ​မင်။ တိ​တု​ဩ​ဝါ​ဒ​စာ​ပြီး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 ကျွန်ုပ်​နှင့်အတူ​ရှိသောသူ​အားလုံး​သည် သင့်​အား နှုတ်ဆက်လိုက်ပါ၏။ ယုံကြည်ခြင်း​နှင့်တကွ ကျွန်ုပ်တို့​ကို ချစ်ကြသောသူများ​အားလည်း နှုတ်ဆက်ပေးလော့။ ကျေးဇူးတော်​သည် သင်တို့​အားလုံး​အပေါ် သက်ရောက်ပါစေသော။ တိတု​ဩဝါဒစာ ပြီးပါပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




တိ​တု 3:15
14 ပူးပေါင်းရင်းမြစ်များ  

ထို့ပြင် သင်​တို့​သည် သင်​တို့​၏​ညီအစ်ကို​များ​ကို​သာ နှုတ်ဆက်​လျှင် မည်သည့်​သာလွန်​ထူးခြား​မှု​ကို ပြု​ကြ​သနည်း။ သာသနာပ​လူမျိုးခြား​တို့​ပင်လျှင် ထိုသို့​ပြု​ကြ​သည်​မ​ဟုတ်​လော။


ငါ​သည် ဤ​လက်​များ​ဖြင့် ငါ​မှစ၍ ငါ​နှင့်အတူ​ရှိ​သော​သူ​တို့​၏​လိုအပ်​ချက်​များ​အတွက် လုပ်ဆောင်​ခဲ့​ကြောင်း သင်​တို့​ကိုယ်တိုင်​သိ​ကြ​၏။


သခင်​ယေရှု​၏​ကျေးဇူး​တော်​သည် သင်​တို့​နှင့်အတူ​ရှိ​ပါစေသော။


ခရစ်တော်​ယေရှု​၌​မူကား အရေဖျား​လှီး​ခြင်း​ဖြစ်စေ၊ အရေဖျား​မ​လှီး​ခြင်း​ဖြစ်စေ မည်သည့်​အရာ​ကို​မျှ မ​စွမ်းဆောင်​နိုင်။ မေတ္တာ​အားဖြင့်​လုပ်ဆောင်​သော ယုံကြည်​ခြင်း​က​သာ စွမ်းဆောင်​နိုင်​၏။


ဤ​နှုတ်ဆက်​စကား​ကို ငါ​ပေါလု​ကိုယ်တိုင် ငါ့​လက်​ဖြင့်​ရေး​လိုက်​ပါ​၏။ ငါ​ခံရ​သော​အချုပ်အနှောင်​ကို သတိရ​ကြ​လော့။ ကျေးဇူး​တော်​သည် သင်​တို့​နှင့်အတူ​ရှိ​ပါစေသော။


ယုံကြည်​ခြင်း​အားဖြင့် ငါ့​သား​စစ်​ဖြစ်​သော​တိမောသေ​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ခမည်းတော်​ဘုရားသခင်​နှင့် ငါ​တို့​၏​သခင်​ခရစ်တော်​ယေရှု​ထံမှ ကျေးဇူး​တော်၊ ကရုဏာ​တော်​နှင့် ငြိမ်သက်​ခြင်း​သည် သင်​၌​ရှိ​ပါ​စေ​သော။


ဤ​ညွှန်ကြားချက်​၏​ရည်ရွယ်ချက်​ပန်းတိုင်​ကား စင်ကြယ်​သော​စိတ်နှလုံး၊ ကြည်လင်​သော​အသိစိတ်​နှင့် ဟန်ဆောင်​မှု​ကင်း​သော​ယုံကြည်​ခြင်း​တို့​မှ​ဖြစ်ပေါ်​လာ​သည့် ချစ်​ခြင်း​မေတ္တာ​ဖြစ်​၏။


သခင်​ဘုရား​သည် သင်​၏​စိတ်​ဝိညာဉ်​နှင့်အတူ​ရှိ​ပါစေသော။ ကျေးဇူး​တော်​သည် သင်​တို့​နှင့်အတူ​ရှိ​ပါစေသော။


အဘယ်ကြောင့်​ဆိုသော် သခင်​ယေရှု​နှင့် သန့်ရှင်း​သူ​အပေါင်း​တို့​အပေါ်​၌ သင်​ထားရှိ​သော သင်​၏​ချစ်​ခြင်း​မေတ္တာ​နှင့်​ယုံကြည်​ခြင်း​အကြောင်း​ကို ငါ​တို့​ကြား​ရ​သောကြောင့်​ဖြစ်​၏။


ကျေးဇူး​တော်​သည် သင်​တို့​အားလုံး​နှင့်အတူ​ရှိ​ပါစေသော။


သက်ကြီးဝါကြီး​ဖြစ်​သော​ငါ​သည် သမ္မာတရား​၌ ငါ​ချစ်​သည့် ချစ်​ရ​သော​ဂါယု​ထံသို့ စာ​ရေး​လိုက်​ပါ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ