အဘယ်ကြောင့်ဆိုသော် သင်တို့၏ရန်သူအပေါင်းတို့က သင်တို့ကို ဆန့်ကျင်ငြင်းဆို၍ မရနိုင်အောင် ပြောဆိုရမည့်စကားနှင့် ဉာဏ်ပညာကို သင်တို့အား ငါပေးမည်ဖြစ်သောကြောင့်ပင်။
တမန်တော်ဝတ္ထု 9:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ရှောလုသည်လည်း ပိုမို၍ စိတ်အားထက်သန်လာကာ ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း သက်သေထူခြင်းအားဖြင့် ဒမတ်စကပ်မြို့ရှိ ဂျူးလူမျိုးများအား အံ့ဩတွေဝေစေ၏။ Common Language Bible သို့သော်ရှောလုကသခင်ယေရှုသည်မေရှိယ ဖြစ်တော်မူကြောင်းကို ပိုင်ပိုင်နိုင်နိုင်သက်သေပြ ၍ဟောပြောရာ ဒမာသက်မြို့ရှိယုဒအမျိုး သားတို့ပြန်လည်၍မချေပနိုင်ကြပေ။ Garrad Bible ရှော လု မှာ မူ ခွန် အား တိုး တက် လျက် ယေ ရှု သည် ခ ရစ် တော် မှန် ကြောင်း ထင် ရှား စွာ ဖော် ပြ သ ဖြင့် ဒ မာ သက် မြို့ နေ ယု ဒ လူ မျိုး တို့ စိတ် ရှုပ် ထွေး လျက် နေ ကြ၏။ Judson Bible ရှောလုသည်လည်း အားတိုးပွားသဖြင့် ဒမာသက်မြို့၌နေသော ယုဒလူတို့သည် ပြောသမျှသော စကားကိုချေ၍၊ ယေရှုသည် ခရစ်တော်ဖြစ်ကြောင်းကို ထင်ရှားစွာပြ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် ရှောလုသည် ခွန်အားနှင့် ပို၍ပြည့်စုံလာပြီး ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း သက်သေထူကာ ဒမတ်စကပ်မြို့၌နေထိုင်ကြသောဂျူးလူမျိုးတို့ကို အံ့ဩတွေဝေစေ၏။ |
အဘယ်ကြောင့်ဆိုသော် သင်တို့၏ရန်သူအပေါင်းတို့က သင်တို့ကို ဆန့်ကျင်ငြင်းဆို၍ မရနိုင်အောင် ပြောဆိုရမည့်စကားနှင့် ဉာဏ်ပညာကို သင်တို့အား ငါပေးမည်ဖြစ်သောကြောင့်ပင်။
ခရစ်တော်သည် ဒုက္ခဝေဒနာကိုခံစားရပြီး သေခြင်းမှ ရှင်ပြန်ထမြောက်ရမည်ဖြစ်ကြောင်း အထောက်အထားများနှင့်တကွ ရှင်းလင်းဖော်ပြပြီးလျှင် “သင်တို့အား ကျွန်ုပ်ပြောပြသောယေရှုသည် ခရစ်တော်ပင်ဖြစ်သည်” ဟု ပြောလေ၏။
သိလနှင့် တိမောသေတို့သည် မာကေဒေါနိပြည်မှ ရောက်လာကြသောအခါ ပေါလုသည် တရားဟောပြောခြင်းအမှုကိုသာ ဆောင်ရွက်လျက် ယေရှုသည် ခရစ်တော်ဖြစ်ကြောင်းကို ဂျူးတို့အား သက်သေခံ၍ ဟောပြောလေ၏။
ထို့နောက် သူတို့သည် ပေါလုနှင့်တွေ့ဆုံရန် ရက်ချိန်းရွေးကြ၏။ ချိန်းသည့်နေ့ရောက်သော် သူတို့သည် လူပေါင်းများစွာနှင့်တကွ ပေါလုတည်းခိုရာနေရာသို့ရောက်လာကြ၏။ ပေါလုသည် နံနက်အချိန်မှ ညအချိန်တိုင်အောင် ထိုသူတို့အား ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုရှင်းပြလျက် သက်သေခံလေ၏။ မောရှေ၏ပညတ်တရားနှင့် ပရောဖက်ကျမ်းများကိုလည်း ကိုးကား၍ ယေရှုအကြောင်းကို လက်ခံယုံကြည်လာရန် ကြိုးစားဟောပြောလေ၏။
ထို့နောက် ချက်ချင်းပင် ရှောလုက “ယေရှုသည် ဘုရားသားတော်ဖြစ်ပေသည်” ဟူ၍ ဂျူးဝတ်ပြုဆောင်များတွင် ဟောပြောလေ၏။
ကြားသောသူအပေါင်းတို့သည် အံ့အားသင့်၍ “ဤသူသည် ဂျေရုဆလင်မြို့ရှိ ယေရှု၏နောက်လိုက်များကို ဖျက်ဆီးသူမဟုတ်လော။ ဤမြို့တွင်လည်း ထိုသူတို့ကို ဖမ်းဆီး၍ ယဇ်ပုရောဟိတ်ခေါင်းဆောင်များထံ ပို့ဆောင်ရန် ဤနေရာသို့ ရောက်လာသည်မဟုတ်လော” ဟု ပြောဆိုကြ၏။
သို့သော် ဗာနဗသည် သူ့ကိုတမန်တော်များထံသို့ ခေါ်ဆောင်လာခဲ့ပြီး ရှောလုသည် လမ်းခရီးတွင် သခင်ဘုရားကို မည်သို့ တွေ့မြင်ခဲ့ပုံ၊ သခင်ဘုရားက သူ့အား မည်သို့မိန့်တော်မူခဲ့ပုံနှင့် ဒမတ်စကပ်မြို့တွင်လည်း ယေရှု၏အမည်နာမကိုအမှီပြု၍ ရဲဝံ့စွာဟောပြောခဲ့ပုံတို့ကို ပြောပြလေ၏။
သို့သော် ဘုရားသခင်သည် ပညာရှင်တို့ကို အရှက်ရစေရန် လောကတွင် ပညာမဲ့သောသူတို့ကို ရွေးချယ်တော်မူ၏။ ခွန်အားကြီးသောသူတို့ကို အရှက်ရစေရန် အားနည်းသောသူတို့ကို ရွေးချယ်တော်မူ၏။
ထို့နောက် သုံးနှစ်ကြာသော် ကျွန်ုပ်သည် ပေတရုနှင့် အကျွမ်းဝင်ရန် ဂျေရုဆလင်မြို့သို့ သွား၍ သူနှင့်အတူ ဆယ့်ငါးရက် နေထိုင်ခဲ့၏။
ကျွန်ုပ်ကို ခွန်အားပေးတော်မူသော ခရစ်တော်အားဖြင့် ထိုအခြေအနေအားလုံးကို ကျွန်ုပ်ရင်ဆိုင်နိုင်၏။
ကျွန်ုပ်ကို ခွန်အားပေးတော်မူသော ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်သည် ကျွန်ုပ်ကို ယုံကြည်ထိုက်သူဟု မှတ်ယူကာ အမှုတော်ကို ဆောင်ရွက်ရန် ခန့်အပ်ထားသောကြောင့် ထိုသခင်ကို ကျွန်ုပ်ကျေးဇူးတင်၏။