ပေတရုက “သင်တို့အပြစ်များကို ခွင့်လွှတ်ခြင်းခံရရန် နောင်တရလျက် ယေရှုခရစ်တော်၏အမည်နာမ၌ သင်တို့အားလုံး နှစ်ခြင်းမင်္ဂလာခံယူကြလော့။ ထိုသို့ပြုလျှင် သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော လက်ဆောင်ကို လက်ခံရရှိလိမ့်မည်။
တမန်တော်ဝတ္ထု 9:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ချက်ချင်းပင် ငါးအကြေးခွံကဲ့သို့သော အရာသည် ရှောလု၏မျက်စိမှ ကွာကျ၍ မျက်စိပြန်မြင်လေ၏။ ထိုအခါ သူသည် ထ၍ နှစ်ခြင်းမင်္ဂလာ ခံယူပြီးနောက် Common Language Bible ထိုအခါချက်ချင်းပင်ရှောလုသည်မျက်စိမှ အကြေးများကွာကျသကဲ့သို့ဖြစ်ပြီးလျှင် မျက်စိအလင်းကိုပြန်လည်ရရှိ၏။ သူသည် ထ၍ဗတ္တိဇံမင်္ဂလာကိုခံလေသည်။- Garrad Bible ရှော လု မျက် စိ မှ အ ကြေး သ ဖွယ် ကွာ ကျ သ ဖြင့် မြင် ပြန် သော အ ခါ ထ၍ ဗ တ္တိ ဇံ မင်္ဂ လာ ခံ ပြီး လျှင်၊ Judson Bible ထိုခဏ၌ ရှောလု၏ မျက်စိမှ ငါးကြေးကွာကျသကဲ့သို့ ဖြစ်၍၊ မျက်စိမြင်ပြန်သဖြင့် ထ၍ ဗတ္တိဇံကိုခံပြီးလျှင်၊ အစာအာဟာရကို သုံးဆောင်၍ အားဖြည့်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုခဏချင်းတွင် ငါးအကြေးခွံကဲ့သို့သောအရာသည် ရှောလု၏မျက်စိမှ ကွာကျ၍ သူသည် မျက်စိပြန်မြင်လေ၏။ သူသည် ထ၍ ဗတ္တိဇံခံပြီး |
ပေတရုက “သင်တို့အပြစ်များကို ခွင့်လွှတ်ခြင်းခံရရန် နောင်တရလျက် ယေရှုခရစ်တော်၏အမည်နာမ၌ သင်တို့အားလုံး နှစ်ခြင်းမင်္ဂလာခံယူကြလော့။ ထိုသို့ပြုလျှင် သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော လက်ဆောင်ကို လက်ခံရရှိလိမ့်မည်။
ပေတရု၏ဟောပြောသွန်သင်ချက်ကို လက်ခံယုံကြည်သောသူတို့သည် နှစ်ခြင်းမင်္ဂလာခံယူကြသဖြင့် ထိုနေ့၌ ယုံကြည်သည့်လူဦးရေသုံးထောင်ခန့် တိုးပွားလာ၏။
ယခုလည်း သင်သည် အဘယ်ကြောင့်စောင့်ဆိုင်းနေသနည်း။ ထ၍ နှစ်ခြင်းမင်္ဂလာခံယူလော့။ ဘုရားသခင်၏အမည်နာမကို အမှီပြုဆုတောင်း၍ သင့်အပြစ်များကို ဆေးကြောလော့’ ဟု ဆိုလေ၏။
ထို့ကြောင့် အာနနိသည် သွား၍ အိမ်ထဲသို့ ဝင်လေ၏။ သူ၏လက်ကို ရှောလုပေါ်သို့ တင်လျက် “ငါ့ညီရှောလု… သင်လာသောလမ်းတွင် သင့်အားကိုယ်ထင်ပြသော သခင်ယေရှုက သင့်မျက်စိပြန်မြင်စေရန်နှင့် သင့်ကို သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝစေရန် ငါ့ကိုစေလွှတ်လိုက်ပါ၏” ဟု ပြော၏။
အစာစားသဖြင့် ခွန်အားပြန်လည် ပြည့်လေ၏။ ရှောလုသည် ဒမတ်စကပ်မြို့မှ တပည့်တော်များနှင့် ရက်အနည်းငယ် နေထိုင်လေ၏။
ရှောလုသည် မြေပြင်မှထ၍ မျက်စိကို ဖွင့်သော်လည်း မည်သည့်အရာကိုမျှ မမြင်ရပေ။ ထို့ကြောင့် ထိုသူတို့က သူ့အား တွဲခေါ်၍ ဒမတ်စကပ်မြို့သို့ ခေါ်ဆောင်သွားကြ၏။
ထိုအစ္စရေးလူမျိုးတို့၏ စိတ်နှလုံးသည် မာကျောလျက်ရှိခဲ့၏။ ယနေ့တိုင်အောင် ပဋိညာဉ်တရားဟောင်းကို ဖတ်သောအခါ ထိုပဝါသည် သူတို့၏ စိတ်နှလုံးကို ဖုံးအုပ်လျက်ရှိ၏။ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာ ထိုပဝါကို ဖယ်ရှားနိုင်၏။
“အမှောင်ထဲမှ အလင်းထွန်းလင်းစေ” ဟု မိန့်တော်မူသော ဘုရားသခင်သည် ယေရှုခရစ်တော်၏ မျက်နှာတော်၌ ထွန်းလင်းသည့် မိမိဘုန်းတော်ကို သိနိုင်သောဉာဏ်အလင်းကို ကျွန်ုပ်တို့၏နှလုံးသားထဲ၌ ထွန်းလင်းစေတော်မူ၏။