ယေရှုသည် ထိုတမန်တော် ဆယ့်နှစ်ပါးတို့အား စေလွှတ်တော်မူ၍ “လူမျိုးခြားများထံသို့ မသွားကြနှင့်။ ရှမာရိလူမျိုးတို့၏မြို့ရွာများသို့ မသွားကြနှင့်။
တမန်တော်ဝတ္ထု 8:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပေတရုနှင့် ယောဟန်တို့သည် သခင်ဘုရား၏နှုတ်ကပတ်တရားတော်အား သက်သေခံဟောပြောပြီးသည့်နောက် ဂျေရုဆလင်မြို့သို့ ပြန်သွားကြကာ ရှမာရိရွာများ၌ သတင်းကောင်းကို ဟောပြောကြ၏။ Common Language Bible ပေတရုနှင့်ယောဟန်တို့သည်သခင်ယေရှု အကြောင်းဆိုင်ရာ ကိုယ်တွေ့မျက်မြင်အဖြစ် အပျက်များကိုသက်သေခံလျက် သခင်ဘုရား ၏တရားတော်ကိုဟောပြောပြီးနောက် ယေရု ရှလင်မြို့သို့ပြန်သွားကြ၏။ အပြန်လမ်း ခရီးတွင်များစွာသောရှမာရိရွာတို့၌ သတင်းကောင်းကို ဟောပြောကြေညာကြ၏။ Garrad Bible တ မန် တော် တို့ သည် အ ရှင် ဘု ရား၏ တ ရား တော် ကို ထို သို့ သက် သေ ခံ၍ ဟော ပြော ကြ ပြီး နောက်၊ ရှ မာ ရိ မြို့ ရွာ အ များ တွင် သ တင်း တော် မြတ် ကို ကြား ပြော လျက် ယေ ရု ရှ လင် မြို့ သို့ ပြန် သွား ကြ၏။ Judson Bible တမန်တော်တို့သည် သက်သေခံ၍ သခင်ဘုရား၏ နှုတ်ကပတ်တရားတော်ကို ဟောပြီးမှ၊ ယေရုရှလင်မြို့သို့ ပြန်သွားရာ၊ ရှမာရိရွာများတို့၌လည်း ဧဝံဂေလိတရားကို ဟောပြောကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ပေတရုနှင့်ယောဟန်တို့သည် သခင်ဘုရား၏နှုတ်ကပတ်တရားကို သက်သေခံ၍ဟောပြောကြပြီးနောက် ဂျေရုဆလင်မြို့သို့ပြန်သွားရင်း ရှမာရိနယ်သားတို့၏ကျေးရွာများစွာတို့၌ ကောင်းမြတ်သောသတင်းကိုဟောပြောကြ၏။ |
ယေရှုသည် ထိုတမန်တော် ဆယ့်နှစ်ပါးတို့အား စေလွှတ်တော်မူ၍ “လူမျိုးခြားများထံသို့ မသွားကြနှင့်။ ရှမာရိလူမျိုးတို့၏မြို့ရွာများသို့ မသွားကြနှင့်။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တွင် ညီငါးယောက်ရှိ၏။ ဤပြင်းထန်သောဝေဒနာခံစားရသည့်နေရာသို့ သူတို့ရောက်မလာစေရန် လာဇရုကို သူတို့ထံသို့ သွား၍ သတိပေးစေလိုပါသည်’ ဟု တောင်းပန်ပြောဆိုလေ၏။
သင်တို့သည်လည်း ငါအမှုတော်လုပ်ငန်း စတင်စဉ်ကပင် ငါနှင့်အတူ ရှိနေခဲ့သောကြောင့် ငါ့အကြောင်းကို သက်သေခံကြရမည်။
သို့ရာတွင် သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုရရှိ၍ ဂျေရုဆလင်မြို့၊ ယုဒပြည်၊ ရှမာရိပြည်၊ ကမ္ဘာမြေအဆုံးတိုင်အောင် ငါ၏သက်သေခံများဖြစ်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
မြို့ဝန်မင်းသည် ထိုအဖြစ်အပျက်ကို မြင်သောအခါ သခင်ဘုရား၏တရားတော်ကို အံ့ဩမိန်းမော၍ ယုံကြည်သက်ဝင်လေ၏။
သိလနှင့် တိမောသေတို့သည် မာကေဒေါနိပြည်မှ ရောက်လာကြသောအခါ ပေါလုသည် တရားဟောပြောခြင်းအမှုကိုသာ ဆောင်ရွက်လျက် ယေရှုသည် ခရစ်တော်ဖြစ်ကြောင်းကို ဂျူးတို့အား သက်သေခံ၍ ဟောပြောလေ၏။
နောင်တရ၍ ဘုရားသခင်ထံတော်သို့ ပြန်လာကြစေရန်နှင့် ကျွန်ုပ်တို့၏သခင်ယေရှုကို ယုံကြည်စေရန် ဂျူးလူမျိုးများနှင့် ဂရိလူမျိုးများကို လေးနက်စွာ ဟောပြောခဲ့၏။
ထို့နောက် သူတို့သည် ပေါလုနှင့်တွေ့ဆုံရန် ရက်ချိန်းရွေးကြ၏။ ချိန်းသည့်နေ့ရောက်သော် သူတို့သည် လူပေါင်းများစွာနှင့်တကွ ပေါလုတည်းခိုရာနေရာသို့ရောက်လာကြ၏။ ပေါလုသည် နံနက်အချိန်မှ ညအချိန်တိုင်အောင် ထိုသူတို့အား ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုရှင်းပြလျက် သက်သေခံလေ၏။ မောရှေ၏ပညတ်တရားနှင့် ပရောဖက်ကျမ်းများကိုလည်း ကိုးကား၍ ယေရှုအကြောင်းကို လက်ခံယုံကြည်လာရန် ကြိုးစားဟောပြောလေ၏။
ထို့ကြောင့် ဘုရားသခင်ပေးတော်မူသော ဤကယ်တင်ခြင်းတရားကို လူမျိုးခြားတို့ထံသို့ ပို့တော်မူပြီဖြစ်၍ သူတို့သည် ထိုတရားကို လက်ခံယုံကြည်မည်ဖြစ်ကြောင်း သင်တို့သိမှတ်ကြလော့” ဟု ဆို၏။
ပေါလုသည် ဘုရားသခင်၏နိုင်ငံတော်အကြောင်းနှင့် သခင်ယေရှုခရစ်တော်အကြောင်းကို အတားအဆီးမရှိဘဲ ရဲရင့်စွာဟောပြောသွန်သင်လျက် နေလေ၏။ ရှင်လုကာရေးသားထားသော တမန်တော်ဝတ္ထု ပြီးပါပြီ။
ဖိလိပ္ပုမှာမူ အာဇုတ်မြို့၌ ရောက်ရှိနေပြီး ထိုမြို့မှ ဆီဇာရီးယားမြို့တိုင်အောင် မြို့အသီးသီးသို့ ဝင်ထွက်၍ သတင်းကောင်းကို ဟောပြောလေ၏။
သစ္စာရှိသောညီအစ်ကိုဟု ကျွန်ုပ်မှတ်ယူသော သိလွာနု၏အကူအညီဖြင့် သင်တို့ထံ စာကို အကျဉ်းချုံး၍ ရေးလိုက်၏။ အကြောင်းအရာမှာ သင်တို့အား တိုက်တွန်းနှိုးဆော်ရန်နှင့် ကျွန်ုပ်ရေးလိုက်သောအရာတို့သည် ဘုရားသခင်၏ စစ်မှန်သောကျေးဇူးတော်ဖြစ်ကြောင်း သက်သေခံရန်ဖြစ်၏။ ထိုကျေးဇူးတော်တွင် ခိုင်မြဲစွာ ရပ်တည်ကြလော့။